Wednesday, August 11, 2021

ဗိုလ်ချုပ်အောင်ဆန်းထက်ကျေးဇူးကြီးသူ


မြန်မာပြည်လွတ်လပ်ရေးက
ဗိုလ်ချုပ်အောင်ဆန်းမပါလဲ ရမှာသေခြာတယ်
ရဲဘော်သုံးကျိပ်နဲ့
ကျန်တဲ့သခင်အဖွဲ့တွေအားလုံးကျိုးစားခဲ့ကြလို့

၈၈ ကာလမှာ
အခုလက်ရှိမြန်မာကိုသိမ်းပိုက်နှိုင်ရေး
နောက်ကနေတွန်းအားပေးနေတဲ့
အမေရိကန်ဟာ
မြန်မာ့ပင်လယ်ပြင်မှာစစ်သင်္ဘော ၂စီး
ရောက်လာနေပါပြီ

အတွင်းမှာလဲမြေပေါ်မြေအောက်
အဖျက်သမားတွေအပြည့်ရောက်နေပြီ
EAOsတွေအားလုံးကလဲ
နယ်မြေတွေသိမ်းပိုက်နေကြပြီ

သံလွင်မြစ်အရှေ့ဘက်ခြမ်းကို
တရုတ်ကသူ့မြေပုံထဲထည့်ထားလိုက်ပြီ

ဘင်္ဂလီတွေထဲက မြအေးတို့အပါဝင်
ရိုနေဆန်းလွင်တို့ထွန်းခင်တို့လိုလူတွေကလဲ
တောမီးလောင်
တောကြောင်လက်ခမောင်းခတ်နေကြပြီ

တပ်ကအကြီးကဲတချို့
ဒေါ်စုကြည်နဲ့အနောက်အုပ်စုရဲ့စည်းရုံးမှု
နောက်ပါနေကြပြီ

ကျနော်တို့လိုငပိန်းပြည်သူအားလုံးနီးပါး
ဒေါ်စုကြည်ကိုယုံနေကြပြီ

တပ်မတော်ဟာ
တစ်ကောင်ကြွက်ဘဝကိုရောက်နေပါပြီ

ဘင်္ဂလားဒေ့ခ်ျကအလုံးအရင်းဝင်နေကြပြီ

ကမ္ဘာကြီးကလဲ
တပ်မတော်ကိုအာဏာရှင်သတ်မှတ်ပြီး
ဝင်တိုက်ဖို့အသင့်ဖြစ်နေပြီ

အဲဒီအချိန်ကခေတ်ပြိုင်နိုင်ငံတွေဖြစ်တဲ့
အီရတ်နဲ့လစ်ဗျားတို့ကို
အာဏာရှင်အမည်တတ်ပြီးသိမ်းလိုက်ကြပြီ

ဘရွှေအေးဆေး ပဲကြီးလှော်အဝါးမပျက်ဘူး

ဘင်္ဂလားကိုစည်းရိုးကာလိုက်တယ်
ရီးတီးယားတားထလုပ်တော့
စစ်ပြင်ဆင်လိုက်တာ
ကုလသမဂ္ဂကဖြန်ဖြေလာကြတယ်

အမေရိကန်စစ်သင်္ဘောကိုမောင်းထုပ်တယ်
တရုတ္ကိုဂရုမစိုက္ဘဲ
EAOsတွေကိုစစ်ရေးအပြတ်ဆင်နွှဲလိုက်တယ်
တရုတ်အလိုလိုဆုတ်ပြီးသားဖြစ်သွားရော

ပြည်တွင်းကိုမာရှယ်လောပေးထားပြီး
ဧည့်စာရင်းနဲ့အမှိုက်ရှင်းလိုက်တယ်

တပ်တွင်းအမှိုက်တွေကိုပါရှင်းလိုက်တယ်

အထက်ပိုင်းအကြီးအကဲတွေထဲက
ကျော်ဘ၊ထွန်းကြည် အစရှိတဲ့သူတွေများစွာကို
တပြိုင်ထဲထုပ်ပြစ်ရဲတာ ဘရွှေ

နိုင်ငံ့ရန်တွေကိုသုတ်သင်ရင်းနဲ့
သာသနာလဲအပြုမပျက်ဘူး
မြို့တည်၊ရွာတည်၊လမ်းဖောက်၊တံတားဆောက်
ဆည်တွေတည်ဆောက်တယ်

နေပြည်တော်မြို့တော်ကြီးဟာ
တရုတ်တွေတောင်အံ့သြခဲ့ကြတယ်

မြန်မာပြည်ကိုတည်ဆောက်ရာမှာ
အားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုတော့မှ
ဒီမိုကရေစီကိုပျိုးထောင်ပေးလိုက်တယ်
သမ္မတဦးသိန်းစိန်အစိုးရဟာသက်သေဘဲ
ကမ္ဘာ့ဖွံ့ဖြိုးမှုမှာအံ့သြသွားကြရတာ

အဲ့ဒါတွေအားလုံးကို
ဒေါ်စုကြည်နဲ့သူ့အပေါင်းပါတွေကဖျက်လိုက်
ကြတာ
အခုအထိမဝ ကြသေးဘူး

လွတ်လပ်ရေးရခဲ့တဲ့မြန်မာပြည်ဟာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ပင်လုံစာချုပ်နဲ့
ပြန်ပျက်သွားခဲ့တာကြာပြီ

အခုတည်ဆောက်ထားတဲ့မြန်မာပြည်က
ဘရွှေရဲ့တိုင်းပြည်
ဘရွှေတည်ဆောက်ပေးထားတဲ့နိုင်ငံတော်

စစ်အာဏာရှင်တွေတည်ဆောက်ခဲ့ကြတဲ့
နိုင်ငံတွေဟာ
နိုင်ငံရေးသမားတွေကြောင့်ပျက်စီးရတယ်
ဆိုတဲ့စကားက
သွေးထွက်အောင်မှန်ကြောင်းပါဗျာ

#Minn Lwin