Wednesday, August 11, 2021

တပ်ချုပ်ကြီးနှင့် ရွှေဘိုခရိုင်


ဝက်လက် - ရံဖန်ရံခါ သတ်ဖြတ်မှု ရှိ။
ခင်ဦး        - ပိုးစိုး ပက်စက် သတ်ဖြတ်မှုရှိ။
ရေဦး        - ဆိုးရွားစွာ သတ်ဖြတ်မှု ရှိ။
တန့်ဆည်  - မကြာ မကြာ သတ်ဖြတ်မှု ရှိ။
ဒီပဲယင်း    - ရက်ရက်စက်စက် သတ်ဖြတ်မှုရှ်ိ။
ရွှေဘို        - ဗုံးကွဲ၊ ကွက်ကြားသတ်ဖြတ်မှုရှိ

      ရွှေဘိုခရိုင်အတွင်း သတ်ဖြတ်ခံရသူများ မနည်းတော့ပေ။ သေဆုံးကြရတယ်၊ မိသားစုဘ၀တွေ ပျက်စီးဆုံးရှုံးကြရသည်။ သတ်ဖြတ်မှုတွေ အများ
ဆုံးဖစ်လာပြီ။ ကာကွယ်ထိန်းချုပ်နိုင်ဖို့ နေနေသာ
လျော့နည်းမသွားသည့်အပြင် ဩဂုတ်လ ၈ရက်နေ့က ရွှေဘိုခရိုင်မြို့ပြပြောက်ကျား များစုပေါင်းပြီး 
#မိုးကြိုးမုန်တိုင်း ဟုသောအကြမ်းဖက်အဖွဲ့ကြီအား
ထပ်မံ ဖွဲ့စည်းလိုက်ပြန်တာကို facebookစာမျက်နှာ
များတွင် တွေ့ရပါသည်။ဘယ်သူတွေ သေပေးရ အုံး
မလဲ။ ဘယ်မိသားစုဘ၀တွေ စတေးခံပေးရအုံးမလဲ
ရွှေဘိုတင်မဟုတ်ပါဘူး တစ်နိုင်ငံလုံးအတိုင်းအတာ
နဲ့ သတ်ဖြတ်ခံနေရတာပါကွာ လို့ ပြောနိုင်ပေမယ့်
ယင်းနေရာဒေသများတွင် လက်နက်မိ၊ လူမိသည့်
သတင်းများ တွေ့ရှိရပေသည်၊ ရွှေဘိုခရိုင်အတွင်းမ‌
တော့  လက်နက်အနည်းငယ်နှင့်အသေမိပြီး ဖော်
ထုတ်ဖမ်းဆီးရမိသည့့် သတင်းများ မတွေ့ရှိရပါ။
စစ်ကိုင်းတိုင်းမှူး ပြောင်းသွားသော်လည်းရွှေဘိုခရိုင်ကြီး မပြောင်းလဲ သေးတာတော့  စဉ်းစားစရာ
တောင် လိုမည် မထင်တော့ပါ၊ မည်သူ့တွင် တာဝန်
ရှိနေပါသနည်း ။

၂၀၂၀ခုနှစ် ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးကာ
လများတွင် တပ်ချုပ်ကြီးမှ ရွှေဘိုမြို့အောင်မြေဘု
ရားသို့ အောင်မြေနင်းရန် ရောက်ရှိစဉ်က  မြို့မဈေး
မြောက်ဘက်ရှိလမ်းပေါ်တွင် ဒေသခံအချို့သည်
"အလိုမရှိ"စာတန်းများ ကိုင်ဆောင်ကာ မောင်းထုတ်
ခဲ့ကြပါသည်။ ယင်းမြင်ကွင်းအား ယနေ့တိုင် ပြန်
လည် အမှတ်ရပြီး အော့နှလုံး နာစရာကောင်းလှပါ
သည်။မည်သို့ပင်ဆိုစေ ဘာသာရေးလာရောက်ဆောင်ရွက်သူတစ်ဦးအား ဒေါက်ဖိနပ်သီချင်းဖြင့်
မောင်းထုတ်ခြင်းသည် ဗုဒ္ဓလမ်းစဉ်အရ ယုတ်ယွင်း
ကြမ်းတမ်း လှပါသည်။

          ရွှေဘိုသို့ Daw ASSKလာရောက်စဉ်က ဒေသ
ခံ ပိန်းဥများမှ ရိုသေလေးစားမှု မရှိဘဲ ဆူပူအော်ဟ
စ် ကာ အရိုင်းဆန်နေသောကြောင့် သူမ၏ နှုတ်မှ
#ရွှေဘိုသားတွေ အင်မတန် စကားများတယ်၊ အခု
ချက်ချင်း အသံတိတ်ပေးပါ၊ အဲ့လိုမှ မဟုတ်လို့ရှင်
ရင် အခုပဲ ပြန်တော့မယ် လို့ မြို့တော်ခန်းမအတွင်း
ပြောခဲ့ဖူးပါသည်။ဒေသခံ ပိန်းဥများ နှုတ်ကြမ်း/
ကိုယ်ရိုင်းသည့်လက္ခဏာအား သိသာစေရန်ဖော်ပြ
ရခြင်း ဖြစ်ပါသည်။

အထက်ပါဖြစ်စဉ်နှစ်ခုတွင် - လွယ်လင့်တကူဒေါသ
ထွက်ပြသူနှင့် သည်းခံပြီး မတုံ့ပြန်တက်သူ နှစ်ဦးအား ခြားနားစွာ တွေ့ရပေလိမ့်မည်။

တပ်ချုပ်ကြီး၏ ပင်ကိုစိတ်ရင်းအရ  ပိန်းဥများရိုင်း
ပြစော်ကားမှုအားမည်သို့မျှမတုံ့ပြန်သော်ငြားလည်း
ယခု အခြေအနေများတွင် နိုင်ငံ့ဝန်ထမ်းများအပါအ
ဝင် အပြစ်မဲ့ပြည်သူများစွာပင် ခုတ်ထစ်သတ်ဖြတ်
နေမှုကြီးအား အမြန် ချုပ်ငြိမ်းပပျောက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးပါရန် တင်ပြလိုက်ရပါသည်။

ရွှေဘိုအား အောင်မြေတဖန် ပြန်လည် နင်းရန် အခါ
သင့်ကြောင်း ပြန်လည် အမှတ်ရစေလိုပါသည်။

                         နစ်နာခဲ့ရသူ မိသားစုများ(ကိုယ်စား)
🇲🇲Martin🇲🇲