Friday, August 20, 2021

#ငါသည်တစ်နေ့တောထွက်ပြီးနိက္ခမပါရမီဖြည့်မည် "


‘တောထွက်ကျင့်ခြင်း’ နှင့် စပ်လျဉ်းသော မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ညွှန်ပြချက်များကား အလေးအနက် နှလုံးသွင်း ဆင်ခြင်ဖွယ်တွေချည်းပါ။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက ရှေးဦးစွာ ဒီလိုသတိ ပေးထား
ပါတယ်။

☆ တောသို့ ဝင်သည့် တောရရှင်၏ ရင်ဆိုင် ကြုံတွေ့ရမည့် အရာများကား…

(က) မိမိ မှီခိုရာ တောတောင်၏ တောစိုး တောင်စိုးကြီးများ

(ခ) မိမိ မှီခိုသည့် သစ်ပင်၌ ပိုင်ဆိုင်သော ရုက္ခစိုးများ

(ဂ) မိမိ ထွက်ခဲ့သည့် သိုက်နန်းမှ သိုက်ဆက်တို့၏ နှောင့်ယှက်မှု

ဃ) မိမိနှင့် တစ်ချိန်က ကမ္ဘာကြေသော်မှ ဥဒါန်းမကြေကြွေးကြော်ခဲ့သူများ

ဒီလေးမျိုးဟာ ရန်သူ ပမာ တစ်ခု မဟုတ် တစ်ခု တွေ့ရမှာပါပဲတဲ့။

အဲဒီမှာ တောစိုးတောင်စိုးနဲ့ ရုက္ခစိုးတွေဟာ မိမိရဲ့ သီလ အပေါ် မူတည်
ပြီး ရှောင်ကွင်းသွားနိုင်ပါတယ်တဲ့။ မိမိဘက်က သီလအား သိပ်ကောင်းနေ
ရင်လည်း သီလအရှိန်ကို မခံနိုင်လို့ ရှောင်သွားနိုင်တယ်။

သီလ ချို့ယွင်းနေပြန်ရင်လည်း ‘လူစော် လူနံ့’ မခံနိုင်လို့ ရှောင်သွားတတ်ပါတယ်တဲ့။ ဒါပေမဲ့‘သိုက်ဆက်’ခေါ် မမြင်အပ်ရာတွေနဲ့ စပ်လျဉ်းပြီး သူတို့ဟာ

(က) မိမိက ဒီလို ပါရမီ ဖြည့်ကျင့်ပြီး တကယ်လို့ သိုက်ထဲ ပြန်ရောက်ခဲ့ရင် သူ
တို့ထက် သာလွန်မှာ စိုးရိမ်နေတယ်။

(ခ) ဒီလို ပါရမီ ဖြည့်ကျင့်၊ လေ့ကျင့် အောင်မြင်သွားရင် သူတို့ကို အမိန့်ပေး
ခိုင်းစေမှာ စိုးရိမ်နေတယ်။ ဒီစိုးရိမ်မှုတွေနဲ့ နှောင့်ယှက်လိမ့်မယ် ဆိုပါတယ်။

‘သိုက်ဆက်’ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး ရှင်းပြပုံမှာ
‘ပါရမီ ဖြည့်ကျင့်လေသူမှန်သမျှသည် သိုက်ဆက်နှင့် မကင်းတတ်ချေ။ အပြီး
ထွက်ခွင့် ရခဲ့သူနှင့် သစ္စာ ကတိဖြင့် ထွက်ခဲ့ရသူမျှသာ ကွာခြား၏။

ကြားဖူးသည်မှာ ကျေးဇူးရှင် ဝေဘူ ဆရာတော်ဘုရားကြီးသည် ဝေဘူ
သိုက်မှ အပြီးအပိုင် ထွက်ခဲ့သော သိုက်ထွက် ဟူ၍ပင် ဖြစ်၏။ အတိတ်ဘဝ…
ဘဝ ဥစ္စာထုပ် မြှုပ်နှံရာ၌ အစွဲ မကင်းသူမှန်က သိုက်ဆက်မှ မလွတ်နိုင်ရာပြီ။

သစ္စာ ကတိ ခံယူ၍ (ပြန်မလာပါက ဘယ်သို့ ဘယ်လို ဟူ၍) ကျိန်ဆို ထွက်
ခဲ့ရသော သိုက်ဆက်၌ကား ပြန်လာသော် ၎င်းတို့ထက် အဆင့် မြင့်ပြီး ဗိုလ်ကျ
မည်ကိုလည်း စိုး၏။

ဝိပဿ နာဉာဏ် အမြင် သန်သွားလျှင်ကား သေခါနီး ၎င်းတို့ လိုရာ အာရုံ နိမိတ် ပြကာ ဆွဲခေါ်၍ မရမည်ကိုလည်း စိုး၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်အောင်ပြီ အော်သံကို နားမခံသာရကား ထိုပုဂ္ဂိုလ်ကိုခြေရာ ခံလျက်
က လိုက်လံ ဖျက်ဆီးလေ့ ရှိတတ်၏။

ဒုတိယ အကြောင်းကတော့ ဒီလို ပါရမီ ဖြည့်ကျင့်၊ လေ့ကျင့်လို့ မလှုပ်မ
ယှက် စိတ် မကလက်တော့တဲ့ အပ္ပနာသမာဓိ အဆင့်လောက် အထိ ခရီး
ရောက်ရင် အကျင့်ရှင်ရဲ့ သမာဓိ စွမ်းအားနဲ့ သူတို့ကို (သိုက်ဆက်တွေကို)ခေါ်ခိုင်းမှာ စိုးရိမ်နေကြလို့ပါပဲတဲ့။ ဒါ့ကြောင့် ဒီလို ကျင့်နေသူ သမာဓိ စွမ်းအားတွေ မရသေးခင်မှာဘဲ ခြေရာခံလိုက်လံ ဖျက်ဆီးကြတယ် ဆိုပါတယ်။

သူတို့ရဲ့ စိုးရိမ်မှုကို အကြောင်းရှာရင် သူတို့ အလွန်ခင်မင် စွဲလမ်းလို့ စောင့်နေရတဲ့ ရွှေငွေ ရတနာတွေကို ထုခွဲပြီး ခိုင်းတာ လုပ်ပေးရမှာကို စိုးရိမ်တာ၊

ပြီးတော့ သူတို့ ကိုယ်တိုင်လိုက်လံ စောင့်ရှောက် အကောင်အထည်
ဖော်ပေးရတတ်တဲ့အတွက် ပင်ပန်းမှာကိုလည်း စိုးရိမ်တာ…ဒီနှစ်ချက်ကြောင့်
နှောင့်ယှက်တာလို့ ဆိုပါတယ်။

နောက်တစ်မျိုး‘ကမ္ဘာ မကြေ ရန်သူမျိုး’ဆိုတာကတော့ ဘုရားရှင်နှင့် စိဉ္စမာ
နတို့ကို ဥပမာ ပြပါတယ်။(အကျယ်ကို မပြောတော့ပါ) နောက် ဥပမာ တစ်ခု
က‘လင်တူမိန်းမ နှစ်ဦး’ရဲ့ ကမ္ဘာ မကြေ လက်စားချေပုံမျိုး ဖြစ်ပါတယ်။

မယားကြီးက အမြုံမ၊ သားသမီး မရတော့ မယားငယ် ယူ၊ မယားငယ်က
သားသမီး ရတော့ မယားကြီး မနာလိုဖြစ်၊ မယားငယ့် ကလေးတွေ သတ်ပစ်၊

မယားငယ်က နောင်ဘဝ သူ့ သားသမီးတွေ ပြန် သတ်ရ ပါလို၏ ဆုတောင်း
နဲ့ သေ။ မယားကြီးက ကြက်မ ဖြစ်တော့ မယားငယ်က ကြောင်ဖြစ်၊
ကြက်သားလေးတွေ ကြောင်စား၊ ကြက်က မကျေတော့ နောင်ဘဝက စောင့်ပြီးကလဲ့စား ချေ။ ဒီလိုနဲ့ ကျားနဲ့သမင် ဘဝ၊ လူနဲ့ဘီလူး ဘဝတွေဆီ ကမ္ဘာမကြေရန်ငြိုး ဖြစ်ပေါ်လာပုံကို ဆရာတော် ဘုရားကြီး ရည်ညွှန်း လိုရင်း ဖြစ်ပါတယ်။

တောရ အကျင့်ရှင်မှာလည်း သိုက်ဆက် ရန်ငြိုးအပြင် ကမ္ဘာမကြေ ရန်ငြိုး
တွေ ရှိတာ သတိ ပြုပါလေလို့ သတိ ပေးတောမူပါတယ်။

‘ထိုနှစ်မျိုး မည်သည့် အမျိုးအစားပင် ဖြစ်ပါစေ မိမိ ဘဝ မိမိ ကျက်စားရာ
နေရာများတို့၌ ကပ်လျက် လိုက်ပါနေတတ်၏။
လူချင်း မနှောသော်မှ သွေးပြောသဖြင့် ထိုသူ့ အသံ သတင်း စကား ကြားရုံမျှဖြင့်ပင် မုန်းတီး နေတတ်၏။ မြင်အပ်ရာမှ ဖြစ်စေ၊ မမြင်အပ်ရာမှ ဖြစ်စေ၊ မမြင်ရုပ်ဖြင့် ဖြစ်စေ၊ အထင်ရုပ်ဖြင့် ဖြစ်စေ မျက်ခြည်မပြတ် စောင့်ကြည့် နေတတ်၏။

မလှုပ်နှင့်၊ မြှုပ်ဖို့ နှစ်ဖို့ အဆင်သင့်တည်း။

ဒါကြောင့် ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ဒီလို အသိ
ပေး နှိုးဆော်ခဲ့ပါတယ်။

‘သင်၏ တောလည်ခေါင် တစ်ကိုယ်တည်း ကျင့်ရသော နိက္ခမ ဧကစာရီ အကျင့်မျိုးသည် မိမိ သီလ စမ်းသက်ရာ ဌာနလည်း ဖြစ်၏။
ရန်ဘက်များကို အကျင့်နှင့်ပြိုင်ရာ စက်ကွင်းလည်း ဖြစ်၏။ ပွဲတွေ့ ကွင်းဆင်းရာ ဌာနလည်း ဖြစ်၏။

နွား ကောင်း မကောင်း ချောင်းအတက်မှာ သိရ၏ ဆိုသော် သင်ကား…ဇွဲကောင်း မကောင်း တော အထွက်မှာ သိရလိမ့်မည်တည်း။

ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
#Credit