Friday, August 20, 2021

✨ကြယ်🌠🌠🌠🌠🌠


▪️မင်းတို့ကြယ်တွေကဖြူတယ်။
     အရောင်တွေအရမ်းထွက်ချင်ပြီး
     ဂုဏ်ဆာတတ်ကြတယ်။

✨ငါတို့ကြယ်လေးတွေကတော့
     ညိုစိမ့်စိမ့်လေးတွေရယ်။
     သနပ်ခါးဘဲကြားနဲ့ သေနတ်ကိုလွယ်ထားတတ်တယ်။
     သူတို့ကြယ်ရောင်လေးတောက်ပဖို့ထက်
     အမှောင်ထဲကနေပဲ တာဝန်ထမ်းဆောင်တတ်တယ်။

▪️မင်းတို့ကြယ်တွေက ငွေရှိတယ်။
     ဆေးချတယ်၊ ဘီယာသောက်ကာဗုံးခွဲတယ်။
     လူမှုအရှုပ်အရှင်းတွေနဲ့ဇာတ်ရှုပ်တယ်။

✨ငါတို့ကြယ်တွေက မောင့်မျက်နှာတစ်ရွာထင်။
     သားမျက်နှာ တစ်ကမ္ဘာထင် 
     Bar မသိ ကလပ်မသိ
     ဘာမထီတဲ့အာဂကြယ်တွေ။

▪️မင်းတို့ကြယ်တွေက တောခိုတယ်။
     ဖက်ရှင်အမျိုးမျိုးကျွေးလို့ ပုံရိုက်တင်
     ‌ငွေတောင်းတယ်။ ရတဲ့ငွေသုံးဖြုန်းတယ်။ဘုံးတယ်။

✨ငါတို့ကြယ်တွေက လင်လုပ်စာတစ်မျိုးတည်းနဲ့
     တိုင်းပြည်အတွက် ၂ သက်ပေးထားရှာတယ်။

▪️မင်းတို့ကြယ်တွေက မသေခင်လူပါးဝတယ်။
     ဗုံးခွဲတယ်။ ဒလန်ဆိုပြီးသူတစ်ပါးကိုသတ်တယ်။ သေရင်မျက်ရည်ချုတယ်။

✨ငါတို့ကြယ်တွေက မသေခင်တိုက်ပွဲဝင်တယ်။
     ရှိတာနဲ့စား ရတာနဲ့နေပြီး တာဝန်ကိုထမ်းတယ်။
     တိုင်းပြည်အတွက် လိုအပ်ရင်ဝင်ကူညီတယ်။
     ကျဆုံးသွားခဲ့ရင်တောင် မျက်ရည်မချူဘူး။

▪️မင်းတို့ကြယ်တွေက ပြည်ပအားကိုးတယ်။

 ✨ငါတို့ကြယ်တွေက 
      ပြည့်အင်အားအဖြစ်ရပ်တည်တယ်။
 
▪️မင်းတို့ကြယ်တွေက မတိုက်ရသေးဘူး
     မနိုင်လောက်မှန်းသိရင် နိုင်ငံခြားထိပြေးတယ်။

✨ငါတို့ကြယ်တွေက Never Surrender 
     ဘယ်တော့မှ ထွက်မပြေးဘူး။😎

▪️မင်းတို့ကြယ်တွေကတစ်ဖြုတ်ဖြုတ်ကြွေတယ်။ ကြွေပြီးရင်လည်း 
 တစ်ပတ်မကြာဘူးပျောက်သွားတာပဲ။

✨ငါတို့ကြယ်တွေက‌တော့ ဘယ်တော့မှမကြွေဘူး။
     တပ်မတော်ရဲ့ ငြိမ်းချမ်းရေးခရီးစဉ်အောင်မြင်စေဖို့
     စစ်ရေးအသာစီးရတဲ့အထိ အသက်ပေးတိုက်နေရတဲ့
     ကြယ်စုကြယ်ဝေးကြီးဟာ 
     မှတ်တမ်းမှတ်ရာအမည်ရာထူးအပြည့်အစုံနဲ့ကို 
     ငါတို့ရဲ့နှလုံးသားကောင်းကင်ယံမှာ
     ထာဝရတည်တယ်။

✨ငါတို့ကြယ်တွေက မကြွေတတ်တဲ့ကြယ်တွေကွ။✨

crd