စိတ်ဝင်စားစရာသုံးသပ်ချက်ပါ
လောလောဆယ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Hua Chunying က အာဖကန်နစ္စတန်နဲ့ "Friendly and Cooperative " မိတ်ဆွေရင်းတွေလိုပူးပေါင်းဆောင်ရွက်ဖို့အသင့်ပဲလို့ ပြောသွားပါတယ်။
တာလီဘန်တွေကိုအသိအမှတ်ပြုတာလားဆိုတာကို သေချာမရှင်းပြသွားပါ။
ကဘူးရှိတရုတ်သံရုံးက ဝန်ထမ်းတွေအပြည့်ရှိနေပြီး အလုပ်မပျက်လုပ်နေတယ်လို့ဆိုပါတယ်။တာလီဘန်တွေဟာ အမေရိကန်တွေနဲ့အရင်ဆုံးညှိတာပါ။ ပြီးမှရုရှား၊ တရုတ်တို့နဲ့ညှိတာပါ။ သူတို့လုပ်ပုံအကွက်မှန်ပါတယ်။
ကျနော့်အမြင်ကတော့ တရုတ်ပြည်ဟာ သူ့ရှေ့က ရုရှားနဲ့အမေရိကန်တွေပြခဲ့တဲ့ သင်ခန်းစာကိုယူပြီး အာဖကန်နယ်ထဲကိုတပ်တွေမပို့ပဲ တာလီဘန်တွေကို ပါဝါအားနဲ့ထိန်းမယ်လို့ ယူဆပါတယ်။
အာဖကန်ဟာ Central Asia မှာရှိပြီး တရုတ်ပြည်ရဲ့ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းမှာ အရေးပါတဲ့နေရာမှာရှိပါတယ်။ တိုက်ရိုက်မဟုတ်တောင် ခါးလယ်နေရာမှာရှိနေပါတယ်။
ဒါထက်ပိုအရေးကြီးနေတာက နောက်ကျောလုံဖို့ပါ။ ရှင်ကျန်းပြည်နယ်တရုတ်မူစလင် ဝီဂါတွေအရေးမှာ အာဖကန်ကိုပိုင်စိုးထားသူနဲ့ တည့်ဖို့လိုပါတယ်။အာဖကန်မှာ ဝီဂါတွေကိုလေ့ကျင့်ပေးပြီးတရုတ်ပြည်ထဲမှာ terrorists ပြဿနာတွေဖြစ်မှာကိုစိုးရိမ်ပါတယ်။တကယ်တော့ အာဖကန်နဲ့ ရှင်ကျန်းပြည်နယ်နဲ့က လမ်းကြားမျှင်မျှင်လေးနဲ့ပဲထိစပ်နေတာပါ။
တာလီဘန်တို့က ဝီဂါတွေကိုခိုလှုံခွင့်မပေးဘူးလို့ တလောကကြေညာခဲ့လို့ အားလုံးအံ့အားသင့်ခဲ့ကြပါတယ်။ အမှန်ကတရုတ်ပြည်ကို မျက်စပစ်ပြလိုက်တာပါ။
တရုတ်ဟာအမေရိကန်နောက်ဖေးပေါက်ရောက်နေလို့ သတိထားနေတာကြာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်အခုအမေရိကန်ထွက်သွားရင်သူ့အတွက်နောက်ဖေးပေါက်မှာတစ်ရန်အေးပါမယ်။
အမေရိကန်ထွက်သွားရင် တာလီဘန်တွေနိုင်ငံဆက်တည်ဖို့ တရုတ်ပြည်ကပဲပစ္စည်းဝယ်ရမှာပါ။ဟိုးအရင် နှစ်နှစ်ကတည်းက တရုတ်ပြည်ကတာလီဘန်တွေနဲ့ သူတော်ချင်းချင်းသတင်းလွေ့လွေ့စလုပ်ပြီး Brother တွေ၊ဘာတွေခေါ်နေတာပါ။ ပြီးခဲ့တဲ့ဇူလိုင်လကုန်မှာတော့ ဝမ်ရီ ကလူသိရှင်ကြားဖိတ်ကြားပြီးတွေ့ဆုံပါတော့တယ်။ အချိန်နီးလာပြီဆိုတာကို သိတယ်လေ။
နောက်အရေးကြီးတာတစ်ခုက အာဖကန်တွေရဲ့ ဘိန်းထုတ်လုပ်အား။ အခုအာဖကန်ရွှေလခြမ်း Gokden Crescent ကထုတ်နေတဲ့ ဘိန်းတွေဟာ တရုတ်ပြည်ရှင်ကျန်းပြည်နယ်ထဲကို အတော့်ကိုဝင်နေပါတယ်။တာလီဘန်တွေ့ရဲ့အဓိကဝင်ငွေတစ်စိတ်တစ်ပိုင်းဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးကနေ ပါတယ်။တာလီဘန်တွေနဲ့ညှိနှိုင်းပြီး တရုတ်ပြည်ထဲဘိန်းမပို့ပဲ အနောက်ဖက်ကိုသာပို့ဖို့ divert လုပ်နိုင်ပါတယ်။
အဲ့ဒါကြောင့် တာလီဘန်တွေကို ပထမဆုံးအသိအမှတ်ပြုမယ့်နိုင်ငံအဖြစ်တရုတ်ပြည်က ပါးစပ်တပြင်ပြင်ဖြစ်နေတာပါ။
ကျနော့်အမြင်အရ တရုတ်ပြည်ဟာကျွံမသွားအောင်သူထိန်းကစားနိုင်လိမ့်မယ်လို့ယူဆပါတယ်။ ကျွံမိသွားရင်ပြန်နှုတ်ရခက်ပါတယ်။အကယ်လို့အာဖကန်ထဲကို သူ့လူတွေလွှတ်တာ စစ်တပ်သွားချတာလုပ်ခဲ့ရင်ကျိန်းသေမီးစမွှေးပြီးသားဖြစ်သွားမှာပါ။
တရုတ်စစ်တပ်အာဖကန်ရောက်ရင် အမေရိကန်လောက်မခံမှာ မြေကြီးလက်ခတ်မလွဲပါ။ ရောက်တဲ့နေရာမှာ တည့်လေ့ရှိတဲ့လူတွေမလား၊အမေရိကန်ဟာ တရုတ်ဝင်မလားလို့ တမင်ဟပေးခဲ့တယ်လို့ ယူဆပါတယ်။ တရုတ်ပြည်ကလည်းပြောမရပါ။ ငါလုပ်ရင်ဖြစ်တယ်ချည်းထင်နေတာပါ။
အာဖကန်ကို အလက်ဇန်းဒါသည်ဂရိတ်ကစလို့ အင်္ဂလိပ်နဲ့စစ်သုံးကြိမ်၊ ရုရှားက (၁၀) နှစ်၊ အမေရိကန်က အနှစ် (၂၀) ဝင်ခဲ့ကြပြီးပါပြီ။ အရှုံးနဲ့ကျောကော့ပြီးပြန်ကြရတာချည်းပါပဲ။
အခုလောလောဆယ် တို့ကတော့ယပ်ခတ်မပျက်ဘူးလို့ ကဘူးမှာအေးဆေးပုံစံမပျက်နေပြနေပြီး တာလီဘန်ကလည်းထိရဲမယ့်ပုံမရပါ။တရုတ်နဲ့တာလီဘန်တို့ရဲ့ အကိုကြီးညီလေး ပျားရည်ဆမ်းခရီးကာလပေါ့။
လတ်တလောအာဖကန်နစ္စတန်အရေးမှာ
ရုရှားဘက်ကတုန့်ပြန်မှု…..
ရုရှားသံအမတ်က တာလီဘန်တွေနဲ့နက်ဖြန်အင်္ဂါနေ့မှာတွေ့ပါမယ်။ တချို့သံဝန်ထမ်းတွေက ကဘူးမြို့တော်ကနေထွက်ခွာထားပါတယ်။ထွက်ပြေးတာမဟုတ်ပါတဲ့။ နွေရာသီမို့ Summer Vacation လေးယူနေတာလို့ဆိုပါတယ်။
ရုရှားကလည်းတရုတ်ပြည်လိုပဲ တာလီဘန်တွေကို ပထမဆုံးအသိအမှတ်ပြုမယ့်နိုင်လို့ အားလုံးကတွက်ထားပါတယ်။ရုရှားအနေနဲ့ အာဖကန်အရေးမှာသတိကြီးစွာနဲ့ကိုင်တွယ်ပါတယ်။
ယနေ့တနင်္လာနေ့မှာ ရုရှားရဲ့ အာဖကန်အတွက် Presidential Envoy ဖြစ်သူ Zamir Kabulov က ရုရှားဟာ တာလီဘန်ကိုအသိအမှတ်ပြုဖို့ မလောပဲ Group‘s Decision အုပ်စုဆုံးဖြတ်ချက်နဲ့ အခြေခံဆုံးဖြတ်မယ်လို့ဆိုပါတယ်။
ရုရှားဟာ Central Asia မှာ တာဂျစ်ကစ္စတန်တို့၊ တက္ကမန်နစ္စတန်တို့၊ အူစဘက်ကစ္စတန်တို့စတဲ့ သူ့အရင်မဟာမိတ်တွေနဲ့ တိုင်ပင်မယ့်ပုံရှိပါတယ်။
လောလောဆယ်ပူတင်က တာဂျစ်ကစ္စတန်ထဲမှာ လုံခြုံရေးပြင်ဆင်ထားပြီးပါပြီ။အာဖကန်အရေးကို လုံးဝမပေါ့ဆပါ။ရုရှားဟာ အာဖကန်အကြောင်းကောင်းကောင်းသိသူမို့ အခြေအနေကိုအသေအချာကိုင်တွယ်နေတာပါ။
မတ်လက တာလီဘန်တွေ မော်စကိုကိုလာတယ်၊ဇူလိုင်လထဲမှာလည်း တရုတ်ပြည်ကိုမသွားခင်ရုရှားဆီအရင်သွားတွေ့ခဲ့တာပါ။ရုရှားဟာ အာဖကန်မှာအမေရိကန်မရှိတော့တာကို ပျော်ရမှာဖြစ်ပေမယ့် သူ့ပြည်တွင်းမှာလည်း ချေချင်ညာအရေးက ရှိနေပါတယ်။ တာလီဘန်တွေဟာ ချေချင်ညာတွေကို ထောက်ခံသူအစွန်းရောက်တွေဖြစ်ပါတယ်။
နောက်တစ်ခုက ရုရှားလိုလားတဲ့ Northern Alliance မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုတာ ၂၀၀၀ ခုနှစ်လောက်က နာမည်ကြီးပါတယ်။တာလီဘန်တွေဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုမလုပ်ခင် စက်တင်ဘာ ၉ ရက်နေ့မှာ အဲ့ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့တပ်မှူး အာမက်ရှားမာဆွတ်ကို ဘယ်ဂျီယန်သတင်းဌာနကနေ အင်တာဗျူးဟန်ဆောင်ပြီးလုပ်ကြံသတ်ဖြတ်ဖူးပါတယ်။
အဲ့ဒီအဖြစ်အပျက်ကို ကျနော်အခုထိမှတ်မိနေတုန်းပါ။ အာမက်ရှားမာဆွတ်မသေဆုံးခင် သူနယ်ကျသွားပြီး အာဖကန်ရဲ့ ပြန်မရနိုင်တဲ့ အမွေအနှစ်တွေဖြစ်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးတွေဖျက်ဆီးခံခဲ့ရပါတယ်။
တာလီဘန်ကလည်း ရုရှားကိုအခုအချိန်မှာချွေးသိပ်ထားပြီး သူအင်အားတောင့်လာအောင်ပြင်ဆင်ဖို့လိုနေပါတယ်။ရုရှားဟာအာဖကန်တွေရဲ့ဘယ်တော့မှမမေ့နိုင်တဲ့ မဟာရန်ကြွေးတွေရှိနေသူပါ။
ဒါပေမယ့်သိထားဖို့က ရုရှားဟာတာလီဘန်တွေကို တိတ်တဆိတ်လက်နက်ထောက်ပံ့တယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်ကချပေးနေပုံတွေတင်သူတွေရှိပါတယ်။ အတိအကျမသိရသေးပါ။တာလီဘန်တွေလက်နက်တွေဘယ်ကရသလဲကလည်း မေးစရာပါ။
နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိပါ။
တလောကတော့ ပူတင်က ဘိုင်ဒန်ကို တနေ့ ထောက်လှမ်းရေးသတင်းတွေလိုရင် သူ့စခန်းတွေကိုသုံးလို့ရတယ်လို့ Offer ပေးခဲ့ပါသေးတယ်။ပူတင်က ဘိုင်ဒင်ကို Central Asia ရဲ့ Intelligence
information မျှဝေမယ်ဆိုတော့ကာ ပြုံးချင်စရာဖြစ်ပါတယ်။
သိထားဖို့က တာလီဘန် - ရုရှား - တရုတ်ပြည်တို့ဟာ တယောက်ကိုတယောက်တကယ်ယုံယုံကြည်ကြည်ပေါင်းကြပါ့မလား တွေးကြည့်ကြဖို့ဖြစ်ပါတယ်။
အခုတည့်ပေမယ့် နောက်တည့်မလား
တာလီဘန်အင်အားကြီးလာရင်ဘာတွေဖြစ်လာမလဲ
နောက်တစ်ခုက အမေရိကန်ဟာ Central Asia မှာ တမင်🔥 မီးမွှေးခဲ့တာလားဆိုတာတွေလည်းထည့်တွေးဖို့လိုပါတယ်။
တစ်ခုတော့ရှိပါတယ်။ အမေရိကန်အခုလို တက်သုတ်ရိုက်အမြန်ထွက်သွားခြင်းဟာ အမေရိကန်ရဲ့ပြိုင်ဘက်တွေကိုတောင် အံ့အားသင့်သွားစေခဲ့ပါတယ်။
@Richard Myo Thant