Thursday, August 19, 2021

မြန်မာနိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့ဖျက်ဆီးခြင်


ကဲ....ဒီနေ့တော့ကျွန်တော်တို့ငြင်းကြအုံးစို့ဗျာ။အခုလိုစာကိုရေးဖို့မရည်ရွယ်ပါဘူး။ဒါပေမဲ့ဒီအချိန်မှာအားလုံးသိသင့်နေပြီထင်လို့ရေးလိုက်ရပါတယ်။အမြင်မတူသူတွေများမယ်လို့လဲမှန်းဆမိပါတယ်။ဒါပေမဲ့ဒီ page က boost လုပ်ပြီးမုန့်ကျွေးပြီး followers ရှာထားတာမဟုတ်ပါဘူး။တမင်ကိုတကယ့်လူသန့်တွေပဲလိုချင်လို့ဒီတိုင်းထားတာမို့။အခုစာကိုဖတ်ပြီးရင်လဲပညာရှိရှိ၊အဆင့်အတန်းရှိရှိဆွေးနွေးမယ်လို့ပဲမှတ်ယူပါ့မယ်။စာ၊စကားတခွန်းထွက်လာရင်အဲ့စကားဟာပြောသူရဲ့အဆင့်အတန်းကိုထင်ဟပ်ပြသနေပါလိမ့်မယ်။

#အပိုင်း(၁)

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်းကျော်ရှိပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူ၍ အဓိကလူမျိုးကြီး ၈ မျိုးရှိသည်။

ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆.၂ ရာခိုင်နှုန်းနှင့် အစ္စလာမ်ဘာသာကိုးကွယ်သူ ၄.၃ ရာခိုင်နှုန်းအပါအ၀င် အခြားဘာသာ၀င်နှင့် ဘာသာမဲ့များရှိနေသော်လည်းခေတ်အဆက်ဆက်ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ခဲ့ကြသည်။အထင်ကရစီးပွားရေးမြို့တော်ရန်ကုန်(ယခင်မြို့တော်)မြို့လယ်တွင်ဆူးလေဘုရား၊ဗလီ၊ချာ့ချ်ကျောင်းတို့ကိုယှဥ်တွဲတွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံတွင်ဘင်ပြဿနာအရင်းအမြစ်မှာ ၁၈၂၄ မှစခဲ့သည်။၁၈၂၄ ခုနှစ်၊ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးအင်္ဂလိပ်ကိုလိုနီနယ်ချဲ့များကယခင်အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ်(ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)မှမြန်မာနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးနှင့်ကားလမ်းဖောက်လုပ်ရန် အလုပ်ကြမ်းကူလီများအနေဖြင့်ခေါ်ဆောင်လာခဲ့သည်။

လူဦးရေပေါက်ဖွားနှုန်းများပြားမှုကပျမ်းမျှတစ်အိမ်ထောင်လျှင် ဇနီးမယား ၄ ဦးထိရယူ၍ မိသားစု ၁ စုလျှင် လူဦးရေ ၂၀ မှ ၆၅ ဦးအထိရှိလာသည်။

ဒေသခံရခိုင်တိုင်းရင်းသားများအပေါ် လူဦးရေတိုးပွားလာသည့်အလျောက်အင်အားဖြင့်နေထိုင်၍မရအောင်ခြိမ်းခြောက်ခဲ့ကြသည်။

ဗြိတိသျှတို့၏အောင်မြင်စွာဆုတ်ခွာရေးဗျုဟာအရ၎င်းတို့သယ်ယူမသွားနိုင်သည့်လက်နက်များကိုရခိုင်မဟုတ်၊ဗမာမဟုတ်သူများထံပေးပြီးနောက်ချန်တပ်များကျန်ခဲ့စေသည်။အင်္ဂလိပ်လို V-Force(Victory Force)ဟုခေါ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းရခိုင်ပြည်နယ်အတွင်းမူဂျာဟစ်ကုလားဆိုးသူပုန်များနှင့် ၁၉၄၂ ခုနှစ် အလယ်သံကျော် အရေးအခင်းများကြောင့် ဒေသခံရခိုင်တိုင်းရင်းသားအများအပြားအသတ်ခံခဲ့ရခြင်းနှင့်နေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်းများဖြစ်ခဲ့သည်။

မောင်တောမြို့နယ်တွင်ဖျက်ဆီးခံရ၍စွန့်ခွာထွက်ပြေး၊ပြိုပျက်သွားပြီးပြန်ထည်ထူထောင််ခြင်းမပြုနိုင်သည့်အိမ်ခြေအရေအတွက်နှင့်တကွစာရင်းကောက်နိုင်ခဲ့သည့်ကျေးရွာပေါင်း(၉၉) ရွာစာရင်းရှိသည်။စာရင်းမပြုစုနိုင်သည့်အခြားရွာအရေအတွက် (၁၁၅)ရွာဖြစ်သည်။

ဘူးသီးတောင်မြို့နယ်တွင်ပြိုပျက်သွားပြီးပြန်မထူထောင်နိုင်သည့်ရခိုင်နှင့်အခြားတိုင်းရင်းသားကျေးရွာအရေအတွက်(၁၁၆)ရွာရှိသည်။ဘင်တွေဝင်ရောက်သိမ်းပိုက်နေထိုင်ခြင်းခံရတဲ့ရွာအရေအတွက်က(၆၆)ရွာရှိသည်။လစ်ဟာသွားသည့်နေရာတွင်ရွာသစ်တည်နေထိုင်တဲ့ရွာများလဲရှိသည်။

၁၉၄၂ ခုနှစ်လူမျိုးတုံးသတ်ဖြတ်မှုအတွင်းရခိုင်နှင့်အခြားတိုင်းရင်းသားအနည်းဆုံးလေးသောင်းခန့်သတ်ဖြတ်ခံခဲ့ရပြီး၊ဖျက်ဆီးသိမ်းပိုက်ဖယ်ရှားခြင်းခံခဲ့ရသည့်ရခိုင်နှင့်တိုင်းရင်းသားကျေးရွာအရေအတွက်သုံးရာနှင့်လေးရာကြားဖြစ်နိုင်တယ်လို့ဦးကျော်ဇော်ဦး(လွှတ်တော်ကိုယ်စားလှယ်)ကဆိုပါတယ်။ (၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၆) ရက်၊Blog)

ဒီနောက်ပိုင်း၌ မူဂျာဟစ်သောင်းကျန်းသူတွေ သောင်းကျန်းပြီးဘူးသီးတောင်နဲ့မောင်တောဒေသတစ်ခွင်မှာတိုင်းရင်းသားကျေးရွာတွေကိုနည်းအမျိုးမျိုးနဲ့မနေနိုင်အောင်လုပ်ခဲ့ကြပါတယ်။အခုဆိုရင်မောင်တောမြို့နယ်မှာတိုင်းရင်းသား(၂)% နဲ့ဘူးသီးတောင်မြို့နယ်မှာ (၇)% ပဲကျန်ပါတယ်။

စစ်တွေမြောက်ခြမ်းဖြစ်သည့်ဘူးသီးတောင်-မောင်တော-ရသေ့တောင်နေထိုင်ကြသည့်ဒေသခံရခိုင်တိုင်းရင်းသားအများအပြားနေရပ်စွန့်ခွာလက်လွှတ်ထွက်ပြေးကာဘင်များအများစုဖြစ်လာသည်။

၎င်းတို့ကနိုင်ငံတကာအဖွဲ့အစည်းအချို့၏ အားပေးအားမြှောက်မှုအကူအညီများရယူပြီး ရိုဟင်ဂျာလူမျိုးတစ်မျိုးအဖြစ်လုပ်ကြံပုံဖော်ကာတိုက်ရိုက်နိုင်ငံသားဖြစ်ခွင့်ရရှိအောင် ဖန်တီးနေသည်။
(၁၉၈၂ နိုင်ငံသားဥပဒေ၊အခန်း(၂) ပုဒ်မ(၃) အရ ၁၈၂၃ မတိုင်မီမြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြသူများအားတိုင်းရင်းသားသတ်မှတ်ပြီးတိုက်ရိုက်နိုင်ငံသားအဖြစ်ရရှိသည်)

ဦးသိန်းစိန်အစိုးရနှင့်တပ်မှရိုဟင်ဂျာမရှိဟုအထောက်အထားခိုင်ခိုင်လုံလုံဖြင့်ငြင်းဆိုခဲ့သည်။လက်ရှိအချိန်တွင်နိုင်ငံသားဥပဒေနှင့်အညီနိုင်ငံသားဖြစ်ခွင့်ရှိသူများကိုစိစစ်လက်ခံရန်ဆောင်ရွက်ရှိသည်။
(ဘင်တို့၏အန္တိမအဟန့်အတားတွင် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအဓိကပါဝင်သည်)

#အပိုင်း(၂)

နဂါးမင်းစစ်ဆင်ရေး

၁၉၇၈ ခုနှစ်နှစ်ဦးတွင်မြန်မာနိုင်ငံ၌ပြုလုပ်ခဲ့သောစီမံချက်တစ်ခုဖြစ်သည်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသားများခိုးဝင်စိမ့်ဝင်နေခြင်း၊ နိုင်ငံတော်၏စီးပွားရေးစနစ်နှင့်လူမှုရေးကိစ္စများတွင်နိုင်ငံခြားသားများဝင်ရောက်နှောက်ယှက်နေခြင်း၊တည်ဆဲဥပဒေများကိုဖောက်ဖျက်နေသောနိုင်ငံခြားသားများရှိနေခြင်း၊နယ်စပ်ဒေသရှိကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းစစ်ဆေးရန်လိုခြင်းတို့ကြောင့်ပင်ဖြစ်သည်။

ချင်းပြည်နယ်၏ထန်တလန်နှင့်တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးနှင့်တမူးမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားနှင့်ဗန်းမော်မြို့နယ်၊မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နဂါးမင်းစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

နဂါးမင်းစစ်ဆင်ရေးပထမအဆင့်နှင့်ဒုတိယအဆင့်ကြားရက်သတ္တပတ်သုံးပတ်ကွာဟချိန်တွင်လူမျိုးရေးအသွင်ဆောင်သောဖမ်းဆီးမှုများလုပ်နေပြီဟူသည့်ကောလာဟလကြောင့်ဘင်များဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးကြသည်။

မေလ (၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်း လူဦးရေပေါင်း (၁၀၈၄၃၁) ဦးကို စစ်ဆေးနိုင်ခဲ့သည်။ အမျိုးသား (၃၆၇) ဦး၊ အမျိုးသမီး (၂၇၆) ဦးကိုသာ တရားစွဲဆိုခဲ့သည်။ ထွက်ပြေးတိမ်းရှောင်သူ (၃၅၅၉၆) ဦး ရှိခဲ့လေသည်။

ဇွန်လ (၅) ရက်နေ့တွင် မောင်တောမြို့နယ်၌ လူဦးရေပေါင်း (၁၂၅၈၉၃) ဦးကို စစ်ဆေးပြီးစီးခဲ့ပြီး လူဦးရေ (၅၈) ယောက်ကိုသာ တရားစွဲဆိုခဲ့သည်။ ထွက်ပြေးတိမ်းရှောင်သူမှာ (၈၅၇၀၅) ဦး ရှိခဲ့လေသည်။

မောင်တောမြို့နယ် မြောက်ပိုင်းမှ ကျေးရွာ (၂၁) ရွာမှတစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

မြို့နယ်အလိုက် တိမ်းရှောင်သူ စာရင်းမှာ မောင်တော (၇၉၈၂၃)၊ ဘူးသီးတောင် (၅၃၂၅၄)၊ ရသေ့တောင် (၁၃၉၇၈)၊ စစ်တွေ (၅၀၅၃)၊ ပေါက်တော (၂၃၂၂)၊ ကျောက်တော် (၁၂၆၁)၊ မြောက်ဦး (၃၄၇)၊ မင်းပြား (၅၉၂)၊ စုစုပေါင်း (၁၅၆၆၃၀)ဦးဖြစ်ပါသည်။

ဟင်္သါစီမံချက်

၁၉၇၈ ခု၊ ဇူလိုင်လ (၉) ရက်နေ့တွင် "တိမ်းရှောင်သူများ ပြန်လည်လက်ခံရေး သဘောတူညီချက်"တရပ်ကိုဒါကာမြို့၌လက် မှတ်ရေးထိုးခဲ့ကြသည်။၁၉၇၈ ခု ဇူလိုင်လ (၃၁) ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 
ဟင်္သာစီမံချက် စတင်သည့် ၁၉၇၈ ခု၊ ဩဂုတ်လ (၃၁) ရက်မှစ၍ ၁၉၈၀ ခု ဇန်နဝါရီလ (၅) ရက်နေ့ လက်ခံရေးစခန်းများ ပိတ်သိမ်းသွားသည်အထိ ပြန်လည် လက်ခံရသူ အရေအတွက်မှာ အိမ်ထောင်စု စုစုပေါင်း (၃၁၅၂၅) စု၊ အမျိုးသား (၉၃၄၂၅) ဦး၊ အမျိုးသမီး (၉၃၅၄၃) ဦး ဖြစ်၍ စုစုပေါင်း (၁၈၆၉၆၈) ဦး ဖြစ်သည်။

နဂါးမင်းစီမံချက်ကြောင့်ထွက်ပြေးတိမ်းရှောင်သွားကာပြန်လည်ဝင်ရောက်လာကြသည့်နှစ်နှစ်တာကာလအတွင်းလက်ခံရာ၌ထွက်ပြေးတိမ်းရှောင်သူများ၏မိသားစုဝင်များကိုပါ လက်ခံရသောကြောင့်အပြေးထက်ပြန်အဝင်တွင်လူဦးရေများပြားမှုဖြစ်ပေါ်ခဲ့သည်။

(source: မောင်တောမြို့နယ် ဖြစ်စဉ်သမိုင်း၊ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ မောင်တောမြို့နယ် ပါတီယူနစ်၊ မောင်တောမြို့။ ၁၉၈၂ ခု Via wikipedia)

နစက

နယ်စပ်​ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန(နစက)ကို နဝတအစိုးရလက်ထက် ၁၉၉၂ မှာဖွဲ့စည်းခဲ့ပါတယ်။

တပ်၊ထောက်လှမ်းရေး၊ရဲ၊အကောက်ခွန်နဲ့လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေပါဝင်စုစည်းခဲ့ပါတယ်။မောင်တောခရိုင်ရှိ ကျီးကန်းပြင်ဒေသမှာစတင်ဖွဲ့စည်းခဲ့ပြီးတပ်မှကွပ်ကဲရေးမှုးရာထူးရယူကာကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှုးရုံးက တိုက်ရိုက်အုပ်ချုပ်ခဲ့ပါတယ်။

နစကတပ်ဖွဲ့တွေဟာအရင်ကမြန်မာ- တရုတ် နယ်စပ်၊မြန်မာ- အိန္ဒိယ နယ်စပ်နဲ့ ထိုင်းနယ်စပ်တွေမှာရှိခဲ့ပေမယ့် ၂ဝဝ၄ ခုနှစ်ထောက်လှမ်းရေးဖျက်ပြီးနောက်ပိုင်းရခိုင်က လွဲပြီးကျန်တဲ့ဒေသတွေကနစကတပ်ဖွဲ့တွေ အကုန်လုံးဖျက်သိမ်းလိုက်ပါတယ်။

နစကလက်ထက်မှာဘင်တွေရဲ့ကိစ္စအဝဝကိုနိုင်နိုင်နင်းနင်းကိုင်တွယ်ခဲ့ပါတယ်။ဦးသိန်းစိန်လက်ထက်ဒီမိုကရေစီခေတ်ရောက်တော့ (နိုင်ငံတကာအမြင်ကောင်းအောင်)၂၀၁၃ ဇူလိုင် ၁၂ မှာနစကဖျက်ပြီးရဲတပ်ရင်းတစ်ရင်းနဲ့အစားထိုးပါတယ်။အဲ့ကတည်းကယခင်လိုနိုင်နိုင်နင်းနင်းကြီးကြပ်မှုတွေပျက်စီးခဲ့ရပါတယ်။

#အပိုင်း(၃)

၂၀၁၁ခုနှစ် မေလကုန်ပိုင်းက OIC ဌာနချုပ်မှာ ကမ္ဘာအရပ်ရပ်ရောက်နေတဲ့ ဘင်တွေကို စုစည်းဖို့ OIC က ဦးစီးပြီး Arakan Rohingya Union (ARU)၊ Euro Burma Office ( EBO) ခေါင်းဆောင် ဦးဟန်ယောင်ဝေ အကူအညီနဲ့ ဆော်ဒီမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

အဲ့အချိန်ကစပြီးဘင်တွေ ARU လက်အောက်မှာစုစည်းမိခဲ့ကြတယ်။ ARU ရဲ့ညွှန်ချုပ်ကအမေရိကန်နိုင်ငံသား၊ဘင်လူမျိုးပညာရှင်ဒေါက်တာဝါကာရူဒင်ပါ။မြန်မာ့ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဆင်းဖြစ်ပါတယ်။UN အထိဝင်ဆံ့ပြီးလော်ဘီလည်းကောင်းပါတယ်။

၂၀၁၂ ခုနှစ်မှာ ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်ကျေးရွာက ရခိုင်တိုင်းရင်းသူ မသီတာထွေး ကိုဘင် ၄ ဦးက အဓမ္မပြုကျင့်ခဲ့ပါတယ်။နောက်တော့စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ မိတ္ထီလာ၊ မန္တလေးနှင့် ပြည်မြို့ များမှာပဋိပက္ခများဆက်တိုက်ဖြစ်ခဲ့ပါတယ်။

၂၀၁၂ ဖြစ်စဥ်ပြီးတဲ့အခါဘင်တွေကကယ်ဆယ်ရေးစခန်းတွေကိုရောက်သွားရသလိုလုံခြုံရေးအခြေအနေကြောင့်အလုပ်လက်မဲ့ဖြစ်လာတဲ့ရခိုင်တွေဟာဖားကန့်ဘက်ကျောက်စိမ်းတူး၊အလုပ်ကြမ်းလုပ်ရင်း KIA က AA အဖြစ်မွေးထုတ်ခြင်းခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းဟာအကြမ်းဖက်အင်အားတည်ဆောက်တဲ့ကာလပါ။ဒီကာလမှာဘင်တွေကိုကမ္ဘာ့မီဒီယာတွေမှာ boat people အဖြစ်ဗန်းပြခဲ့တယ်။ကမ္ဘာ့ဘာသာရေးအခြေခံအကြမ်းဖက်အဖွဲ့တွေကလဲ ARSA ကိုမွေးထုတ်ခဲ့ပါတယ်။

ကမ္ဘာ့မီဒီယာနဲ့လော်ဘီလောကကိုချုပ်ကိုင်ထားတဲ့အမေရိကန်နိုင်ငံသားဟန်ဂေရီသူဌေးကြီး ဂျော့ဆိုးရော့လဲဒီအခန်းမှာပါလာပါတယ်။သူက Amnesty International တို့ International Crisis Group တို့ကိုချုပ်ထားတာပါ။

ဦးသိန်းစိန်လက်ထက်မှာရခိုင်ပြည်နယ်ကိုဆိုးရော့ ၂ ခေါက်လာခဲ့ပါတယ်။နောက်တော့မြန်မာ့အချစ်တော်ကြီးယန်ဟီးလီတို့လဲရောက်လာခဲ့တယ်။ဒါ့အပြင်သူ့သားဖြစ်တဲ့အလက်ဇန်းဒါးဆိုးရော့ရဲ့ Global witness အဖွဲ့ကနေလဲ Jade Myanmar ဆိုပြီးကချင်ပြည်နယ်ကကျောက်စိမ်းအကြောင်းပုံရိပ်ချခဲ့ပါသေးတယ်။

ဆိုးရော့ရဲ့တပည့်ရင်းဦးသောင်းထွန်းကိုအစိုးရအဖွဲ့မှာတနေရာပေးဖို့ဦးသိန်းစိန်ကိုတိုက်တွန်းခဲ့ပေမဲ့မဖြစ်ခဲ့ပေမဲ့၊ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတော့ အမျိုးသားလုံခြုံရေးအကြံပေး၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအ​ပြင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဆိုပြီးဝန်ကြီးဌာနအသစ်ဖွဲ့ပြီးဝန်ကြီးပေးခဲ့ပါတယ်။

ဒီကာလအတွင်းဒေသခံရခိုင်တိုင်းရင်းသားတွေ၊ အစိုးရနဲ့ဆက်သွယ်ဆောင်ရွက်သူတွေ၊ သတင်းမီဒီယာသမားများတွေသတ်ဖြတ်ခြင်း၊ အစွန်းရောက် ဘာသာရေးအယူအဆများ မောင်တော၊ ဘူးသီးတောင်နှင့်ရသေ့တောင်ဒေသရှိဘင်များထံ သွပ်သွင်းခြင်းများပြုလုပ်ပြီးအစွန်းရောက်အကြမ်းဖက်အင်အားတည်ဆောက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာတော့အာဆာအဖွဲ့ဟာရဲကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအ၀င် ရဲကင်းစခန်း ၃၀ ကိုတစ်ချိန်တည်းတစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ရဲ၀န်ထမ်းတွေနဲ့မိသားစု၀င်တွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ (အကြမ်းဖက်ဖို့ကိုဘယ်လောက်ထိစနစ်တကျလေ့ကျင့်ထားလဲဆိုတာမြင်နိုင်ပါတယ်)

ဒါပေမဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ဖြစ်စဥ်ကြားကာလမှာအာဆာကိုအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့အကြိမ်ကြိမ်လွှတ်တော်မှာဆွေးနွေးခဲ့ပေမဲ့မဖြစ်ခဲ့ပါဘူး။စောစောကြေညာခဲ့လို့အင်တာပိုတို့လိုကမ္ဘာ့အဖွဲ့အစည်းတွေနဲ့လုပ်ခဲ့ကိုင်ခဲ့ရရင် ဩဂုတ် ၂၅ ဖြစ်စဥ်ဖြစ်လာမှာမဟုတ်သလိုရခိုင်အရေးဟာကမ္ဘာ့အရေးဖြစ်လာမှာမဟုတ်ပဲပြည်တွင်းမှာပဲပြီးသွားမှာပါ။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာအတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်ကြားချက်နဲ့အာနန်ကော်မရှင်ဖွဲ့ခဲ့ပါတယ်။ကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ဩဂုတ်လ ၂၄ မှာ ရှန်ဂရီလာဟိုတယ်မှာကျင်းပခဲ့ပါတယ်။

အာနန်အပြီးသတ်အစီရင်ခံစာအပြီး၊ညဘက်၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာတော့တပ်မတော်ဌာနချုပ်တစ်ခုအပါအ၀င် ရဲကင်းစခန်းများ၊ဒေသခံတိုင်းရင်းသားကျေးရွာများကို အာဆာအကြမ်းဖက်တွေအင်အားအလုံးအရင်းနဲ့ဖြန့်ခွဲ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

အစီရင်ခံစာထဲမှာဒီအကြမ်းဖက်ဖြစ်စဥ်ကြီးလုံးဝမပါလာအောင်၊အာနန်နဲ့အတူပါလာတဲ့ကမ္ဘာအရပ်ရပ်ကသတင်းမီဒီယာတွေချက်ချင်းသတင်းထွက်နိုင်အောင်အကွက်ကျကျစီမံခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်တိုက်ခိုက်တဲ့ ဩ ၂၅ နေ့လယ်မှာပဲဘင်ရွာတွေကမီးရှို့ခံရတဲ့ပုံရိပ်တွေ satellite image ကမြင်ရကြောင်း Human Right Watch မှာသတင်းတင်ထားပါတယ်။

Satellite Image တွေဟာ update ရဖို့အင်မတန်ကုန်ကျစရိတ်များပါတယ်။ အမြဲတမ်း update မလုပ်ပဲလချီမှတခါလုပ်တာပါ။ ဒီ images တွေကိုချက်ချင်းထုတ်နိုင်တယ်ဆိုကတည်းကကမ္ဘာ့ဂြိုလ်တုနက်ဝပ်ကြီးကိုင်ထားတဲ့သူတွေ၊ငွေကြေးတတ်နိုင်သူတွေ၊Remote Sensing နဲ့ Satellite Image Interpretation ပညာရှင်တွေပူးပေါင်းပါမှရမှာပါ။

တကယ်ကကိုယ့်ဆီကတိုင်းရင်းသားတွေအသတ်ခံရတယ်။ဘင်တွေကသတ်ပြီးရွာတွေမီးရှို့ချက်ချင်းပြေးတယ်။နိုင်ငံတကာမီဒီယာတွေနဲ့ HRW တို့လ်ု၊ ICG တို့လိုအဖွဲ့တွေကချက်ချင်းဝါဒဖြန့်တယ်။မြန်မာတပ်ကလူ့အခွင့်အရေးချိုးဖောက်တယ်လို့မဟာစီမံချက်ကြီးချပြီးပုံဖော်ခဲ့တာပါပဲ။

ဝါရှင်တန်မှာရှိတဲ့ National War College က ပါမောက္ခဇာချရီအဘူဇာတော့ဘင်အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုဟာမြန်မာ့တပ်ရဲ့တုံ့ပြန်လာအောင်လှုံ့ဆော်ဖို့ ရည်ရွယ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ရခိုင်ပြည်နယ်ကနေဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားသူတွေထဲမှာဘင်အစွန်းရောက်အကြမ်းဖက် ARSA ကတပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့ www.benarnews.org ကဖော်ပြထားပါတယ်။ဒီလိုသတင်းတွေကတော့ကမ္ဘာ့မီဒီယာပေါ်တက်မလာခဲ့ပါဘူး။

ဘင်အချင်းချင်းအကြမ်းဖက်မှု၌မပါ၀င်သူနှင့်သဘောမတူသူများကိုလည်လှီးသတ်ဖြတ်ခဲ့ပါတယ်။သြဂုတ် ၂၅ ရက် အလုံးအရင်းနဲ့တိုင်းရင်းသားတွေကို တိုက်ခိုက်လာတာကြောင့်တပ်ကမဖြစ်မနေထိုးစစ်ဆင်ရပါတော့တယ်။သူတို့ဆင်ထားတဲ့အကွက်ထဲကျဆင်းရတော့တာပါပဲ။

#အပိုင်း(၄)

ဩဂုတ် ၂၅ နောက်ပိုင်းမီဒီယာတွေမှာမြန်မာ့တပ်ရဲ့ပုံရိပ်ကိုအလုံးအရင်းနဲ့ဝိုင်းထိုးနှက်ကြပါတယ်။

ဒီလိုဝိုင်းဝန်းပုံဖျက်မှုတွေကြောင့်ပဲ ၂၀၁၇ စက်တင်ဘာလ ၅ ရက်နောက်ပိုင်းတပ်စစ်ကြောင်းများပြန်လည်ဆုတ်ခွာခဲ့ပါတယ်။

အဲ့နောက်မှာတော့ရိုက်တာသတင်းဌာနကအင်းဒင်ကိစ္စထွက်လာပါတယ်။သတင်းထောက်ဝလုံးနဲ့ကျော်စိုးဦးတို့ဆီကပါ။ပုံဖော်တာကပိုကြီးလာပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေဟာမွတ်ဆလင် ၁၀ ဦးကိုကြိုးတုတ်သတ်ဖြတ်တယ်ဆိုပြီး၊ဘာသာရေးကျုံးသွင်းလိုက်ကြပါတယ်။

ဒီဓာတ်ပုံတွေဟာမြန်မာနိုင်ငံကိုဂမ်ဘီယာက ICJ မှာတရားစွဲဆိုတဲ့အခါသက်သေအဖြစ်တင်သွင်းရာမှာပါလာခဲ့ပါတယ်။

ဒါ့အပြင်မီဒီယာကြီးတွေဆီက တပ်အရာရှိတွေရဲ့ facebook post က ကောမန့်တွေထိနှိုက်နှိုက်ချွတ်ချွတ်ဝင်ဖတ်ပြီးအထောက်အထားတွေစုဆောင်းခဲ့ပါတယ်။

ဝလုံးနဲ့ကျော်စိုးဦးတို့ဆီကတွေ့တဲ့စာရွက်စာတမ်းအထောက်အထားတွေအရနိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ထောင် ၇ နှစ်ချခဲ့ပေမဲ့ ၂၀၁၉ မေ ၇ မှာတော့သမ္မတကလွတ်ငြိမ်းချမ်းသာပေးပြီးလွှတ်လိုက်ပါတယ်။

သူတို့ ၂ ယောက်ဟာနိုင်ငံတကာသတင်းရေးသားခြင်း(International Reportin)အရပူလစ်ဇာဆု၊၂၀၁၈ ခုနှစ်အတွက် တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်တဲ့ Person of the Year 2018 (၂၀၁၈ ရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်)ဆု၊ယူနက်စကို (UNESCO) က ပေးအပ်တဲ့ UNESCO/Guillermo Cano Press Freedom Prize 2019 ဆုတို့ကိုတောင်ရသွားခဲ့ပါတယ်။ဒီလိုမျိုးသူ့လူကိုပြန်ဆွဲထုတ်ပြီးအမွှမ်းတင်ပေးလိုက်တာဟာနောက်ထပ်လာမဲ့ဖြစ်စဥ်တွေအတွက်လည်းကြိုတင်အားမွေးပေးလိုက်သလိုဖြစ်လာပါတယ်။

ဒီအချိန်မှာတပ်ခေါင်းပိုင်းတွေဘေးကျပ်နံကြပ်ကာလရောက်လာပြီးဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး ဦးဆောင်၍ စုံစမ်းစစ်ဆေးရေးလုပ်ခဲ့ရကာအရေးယူအပြစ်ပေးခဲ့ရပါတယ်။စစ်တရားရုံး (Court- Martial)ဖွဲ့စည်းစစ်ဆေးစီရင်ခဲ့ရပါတယ်။ တပ်သမိုင်းမှာတစ်ခါမှမရှိခဲ့ဘူးတဲ့လူကြီးပိုင်းတွေပါအနားယူခဲ့ရတဲ့ဖြစ်စဥ်တွေပါ။ ဒီဖြစ်စဥ်ဟာလက်တွေ့မြေပြင်ကစစ်သည်တွေကိုဥပဒေ၊စည်းမျဥ်းစည်းကမ်းပေါင်းများစွာနဲ့မလှုပ်နိုင်အောင်တင်းတင်းကြပ်ကြပ်ချုပ်နှောင်လိုက်တာပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့တပ်ကစုံစမ်းစစ်ဆေးတာကိုလက်မခံကြတဲ့အခါမှာရိုဆာရီယိုမယ်နာလို H.E. Ambassador Mrs. Rosario Manalo ခေါင်းဆောင်တဲ့ Independent Commission of Enquiry(ICOE) အဖွဲ့တွေပါပါဝင်လာတာဖြစ်ပါတယ်။

ARSA အဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာနောက်နှစ်တွေမှာကြိုကြားထိတွေ့မှုအနည်းငယ်ပဲရှိပြီးငြိမ်သက်သွားပါတယ်။

အာဆာငြိမ်ပြီးတဲ့အခါမှာတော့ အနောက်အုပ်စုအကူအညီအထောက်အပံ့နဲ့ KIA မွေးထားတဲ့ AA ရဲ့လှုပ်ရှားမှုတွေစိတ်လာပါတယ်။အေအေဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့အစိုးရရဲ့နယ်ဘက်အုပ်ချုပ်ရေးယန္တရားတွေကိုလုပ်ကြံသတ်ဖြတ်ပြီးသူ့ရဲ့အုပ်ချုပ်မှုရအောင်အစားထိုးပါတယ်။

စစ်မြေပြင်မှာ AA ဟာ ARSA နဲ့တွဲတိုက်ပွဲဝင်တာကိုတပ်ကအထောက်အထားတွေပြနိုင်ခဲ့ပါတယ်။ဒါကြောင့်အေအေကိုအကြမ်းဖက်​ကြေညာဖို့အစိုးရကိုတောင်းဆိုခဲ့တာပါ။

ဒီကြားထဲမှာ AA နဲ့တပ်ကြားထိတွေ့တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်အတွင်းကတိုင်းရင်းသားတွေအပေါ်တပ်မတော်ကလူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီးထပ်မံအသံထွက်လာပါတယ်။

တစ်ဘက်မှာတပ်ဟာ AA နဲ့တိုက်ပွဲတွေပြင်းထန်နေသလိုတဘက်မှာလဲနိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ R2P ၊ Safe Zone၊ Ethnic Cleaning၊ Genocide  တို့လိုအမျိုးမျိုးသွေးတိုးစမ်းမှုတွေဖြစ်လာပါတယ်။

နောက်မှာတော့ ICC ကနေတပ်ထိပ်ပိုင်းခေါင်းဆောင်တွေကိုတရားစွဲဖို့ပြင်ခဲ့ပေမဲ့မြန်မာနိုင်ငံဟာ Rome Statue ကို လက်မှတ်ထိုးမထားတဲ့အတွက်မအောင်မြင်ခဲ့ပါဘူး။ဒါ့ကြောင့်ပဲမဆီမဆိုင်လက်ပံသားကိုဓားနဲ့ချိုင်ပြီးဂမ်ဘီယာနိုင်ငံငယ်လေးကနေ မြန်မာနိုင်ငံကို ICJ တရားရုံးမှာထတရားစွဲလိုက်တော့တာပါပဲ။

#အပိုင်း(၅)

တိုတိုနဲ့လိုရင်းကိုချုပ်ရရင်ဒီနိုင်ငံဟာဒီတပ်ကပါဝါဟန်ချက်ထိန်းထားလို့မပျက်စီးတာဖြစ်ပါတယ်။ဒီတပ်ကို EAOs တွေရင်ပေါင်တန်းနိုင်လာရင်ဘယ်လိုအနေအထားရှိမလဲတွေးကြည့်လို့ရပါတယ်။

လက်နက်ကိုင်ရဲ့သဘောသဘာဝအရအင်အားနည်းနေလို့သာအခုလိုအခြေအနေနဲ့ထိန်းထားနိုင်တာပါ။တပ်ကိုအံတုလို့ရလာခဲ့ရင်သီးခြားကွဲထွက်သွားဖို့ကများပါတယ်။ဂူတဂူထဲမှာခြသေ့ ၂ ကောင်တောင်မအောင်းတာ၊အများကြီးဘယ်အောင်းတော့မလဲ။

အခုသာဖက်ဒရယ်ပါ၊ခွဲမထွက်ပါဘူးလို့တသွင်သွင်ငြင်းနေပေမဲ့လဲရှမ်းပြည်မှာရှမ်းလက်နက်ကိုင် ၂ ဖွဲ့ချနေတာပါဝါဂိမ်းဆိုတာမြင်နိုင်ပါတယ်။

ဖက်ဒရယ်တပ်ဖွဲ့မယ်ဆိုတဲ့အိပ်မက်ဟာလဲလေထဲမှာတိုက်အိမ်ဆောက်တာထက်ကိုပိုပြီးတော့လက်တွေ့မဆန်တဲ့ကလေးအတွေးပါပဲ။ဖက်ဒရယ်တပ်မှာတိုင်းရင်းသားအချိုးကျထည့်ဝင်ကြမှာလား။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလဲအလှည့်ကျခန့်မှာလား။

တိုင်းရင်းသားတွေအနေနဲ့မိမိနယ်ကိုမိမိပိုင်လိုတဲ့စိတ်ရှိတယ်ဆိုတာသဘောအားဖြင့်သဘောတူပါတယ်။လက်ခံပါတယ်။ဒါပေမဲ့အဲ့အတွေးအခေါ်ဟာအခုလက်ရှိခေတ်နဲ့အံမဝင်တော့ဘူးဆိုတာကိုလဲလက်ခံပေးမှရမယ်။

အရင်ကလိုပထမမြန်မာနိုင်ငံ၊ဒုတိယ၊တတိယမြန်မာနိုင်ငံခေတ်ကိုပြန်တမ်းတနေတာလဲမဟုတ်ပါဘူး။မျက်မှောက်ခေတ်မှာဒီတိုင်းနဲ့ပြည်နယ်တွေစည်းစည်းလုံးလုံးနဲ့ရှိနေဖို့ကအသက်တမျှအရေးကြီးပါတယ်။

ဆိုကြပါစို့ကိုယ့်ပြည်ကိုယ်အုပ်ချုပ်ကြမယ်ဆိုတဲ့ရှစ်ပြည်နယ်မူ(တောင်ကြီးညီလာခံကဆင်းသက်လာ)အရခွဲကြပါပြီတဲ့။အားလုံးကွဲထွက်သွားရင်လက်နက်ကိုင်တွေကပြည်နယ်အလိုက်တပ်တွေဖွဲ့နေကြမယ်။ပြီးရင်ပြည်နယ်အချင်းချင်းကူးလူးကြရင်တောင်အခက်အခဲတွေ၊ဥပဒေမတူညီမှုတွေနဲ့နပန်းလုံးကြရမှာလား။

နောက်တချက်က USSR ပြိုကွဲချိန်ကလိုပါ။USSR ကပြည်ထောင်စုစနစ်တုန်းကစီးပွားရေးကိစ္စတွေမှာသယံဇာတထွက်တဲ့နေရာကနေကုန်ကြမ်းထုတ်၊ကုန်ချောထုတ်လို့ရတဲ့နေရာကကုန်ချောထုတ်ပြီးတပြည်ထောင်လုံးကိုမျှတစွာခွဲဝေသုံးစွဲနိုင်ခဲ့ပါတယ်။

USSR ပြိုကွဲတော့ကုန်ချောထုတ်တဲ့ဒေသတွေကကုန်ကြမ်းမရ၊ကုန်ကြမ်းထုတ်တဲ့ဒေသတွေကကုန်​ကြမ်းမရောင်းရဖြစ်လာတော့စိုက်ပျိုးရေးကောင်းတဲ့ယူကရိန်းတို့ကစားသောက်ရေးအဆင်ပြေပေမဲ့၊စွမ်းအင်မှာကျရုရှားဆီကအလုံးစုံမှီခိုလာရတယ်။ရုရှားကလဲကရိုင်းမီးယားဆိပ်ကမ်း(အသက်တမျှအရေးကြီး)လိုချင်တော့သိမ်းပိုက်လိုက်တယ်။အခုတော့ရုရှားလိုလားတဲ့အစိုးရတက်ချိန်အဆင်ပြေပေမဲ့၊ရုရှားနဲ့မတည့်တဲ့သူသမ္မတဖြစ်ရင်ပဋိပက္ခတွေကြုံရ၊စစ်ဘေးကြုံရနဲ့ခုထိလဲမတည်မငြိမ်ဖြစ်ဆဲပါ။

ဒါကိုသာဓကယူရင်ခွဲထွက်ချိန်မှာရခိုင်ကသဘာဝဓာတ်ငွေ့နဲ့ဆိပ်ကမ်းရှိလို့တိုးတက်လာပြီတဲ့။ချင်းပြည်လိုသွားလာရခက်ခဲ၊သယံဇာတမရှိတဲ့ပြည်နယ်လေးကျတော့အခုရနေတဲ့ဘတ်ဂျက်ထက်လျော့ပြီးဆင်းရဲတွင်းထဲရောက်သွားမယ်။ချင်းတိုင်းရင်းသားမျိုးနွယ်အငယ်လေးတွေက ၅၁ မျိုးရှိတယ်၊လူမျိုးကြီးကအခွင့်အရေးတန်းတူပေးမလား၊မပေးရင်သူတို့ရောလက်နက်ကိုင်ပြီးစစ်ဆက်ဖြစ်ကြမလား၊စသည်ဖြင့်အပျက်တွေကတွေးလို့တောင်မကုန်ပါဘူး။(ဖက်ဒရယ်ဟာခွဲထွက်တာမဟုတ်ဘူးလို့တော့ငြင်းနိုင်ပေမဲ့၊လက်နက်ကိုင်တွေမှိုလိုပေါက်နေတဲ့နိုင်ငံမှာဖက်ဒရယ်စစ်စစ်ပေးကြည့်လိုက်ပါ။ဘာဆက်ဖြစ်လာမလဲ)

ဒါဆိုရင်ဒီအချက်တွေမဖြစ်လာဖို့အဖြေကဘာလဲ။ပြည်ထောင်စုကြီးတည်တန့်ဖို့လိုပါတယ်။ဒါကိုလဲအင်အားကောင်းတဲ့တပ်မတော်ကပဲထိန်းထားနိုင်မှာဖြစ်ပါတယ်။ဒီတော့အသီးသီးလိုအပ်တဲ့အကျိုးစီးပွားတွေအောင်မြင်ဖို့ အန္တိမရည်မှန်းချက်ကတော့တပ်မတော်ပျက်စီးဖို့ကလွဲရင်ဘာများဖြစ်နိုင်တော့မှာလဲ။

#အကျိုးစီးပွားများ

မြန်မာနိုင်ငံမှာအထူးသဖြင့်ရခိုင်ဒေသမှာတော့အကျိုးစီးပွားတွေကများလွန်းပါတယ်။

OIC ဟာကမ္ဘာ့မူဆလင်ကမ္ဘာစုစည်းချင်တာပါ။သူ့ဘာသာဝင်တွေအကျိုးကိုရအောင်လုပ်ပေးမှာကသူ့အကျိုးစီးပွားပါ။ဒါကြောင့်ဂျီဟတ်လုပ်မယ်။ARSA၊အယ်ကိုင်ဒါလိုအကြမ်းဖက်တွေမွေးထုတ်လေ့ကျင့်မယ်။တစ်ဘက်ကလက်နက်ကိုင်တိုက်ပြီးတဘက်ကနိုင်ငံတကာဖိအားသုံးမယ်။ ဘင်တွေသူတို့တောင်းတဲ့အတိုင်းတိုင်းရင်းသားအမည်ပေါက်သွားရင်နိုင်ငံတကာဥပဒေနဲ့အညီကိုဆိုဘိုမှာလိုခွဲထွက်မယ်။ကုလသမဂ္ဂမှာမဲခွဲရင် OIC ၅၇ နိုင်ငံရဲ့မဲအား၊ရေနံဖင်ခုထိုင်ပြီးရံပုံငွေပစ်ကျွေးထားတဲ့အားတွေနဲ့ခွဲထွက်မယ်။ပြီးမှလွတ်မြောက်နယ်မြေလုပ်မလား၊ဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းမလား၊အာရကန်နစ်စတန်နိုင်ငံသစ်ထူမလားလုပ်ချင်တာလုပ်ရုံပါပဲ။

US နဲ့အနောက်အုပ်စုကတော့ထုံးစံအတိုင်းသူတို့ဆွဲကိုင်ထားတဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ၊လူနည်းစုအခွင့်အရေးစတာတွေအတွက်အပြင်၊တရုတ်နဲ့ Hegemony အားပြိုင်မှုတွေကလဲရှိနေပါတယ်။တရုတ်ရဲ့ရေကြောင်းပုလဲသွယ်မှာပါကစ္စတန်၊သီရိလင်္ကါနဲ့၊ရခိုင်ကကျောက်ဖြူဆိပ်ကမ်းတို့ကအခြေခံတထောက်နားရပ်တွေပါ။ဒါ့အပြင်ကျောက်ဖြူရေနံပိုက်လိုင်းကလဲရှိနေတော့ဒီဒေသမတည်ငြိမ်လေတရုတ်အတွက်အဟန့်အတားဖြစ်လေပါပဲ။

INGO၊ NGO တွေကျတော့ကမ္ဘာအရပ်ရပ်မှာဒုက္ခသည်တွေ၊ပဋိပက္ခတွေရှိလေလေ၊လုပ်စားလို့၊အသံကောင်းဟစ်လို့ကောင်းလေလေပဲဖြစ်ပါတယ်။Soros ဆိုလဲသူကိုယ်တိုင် 'ရို' ပါလို့ဖွင့်ပြောထားတဲ့သူဖြစ်ပါတယ်။

EAOs တွေကတော့တပ်မတော်အင်အားချိနဲ့ပြီးသူတို့ရဲ့သက်ဆိုင်ရာနယ်မြေတွေမှာပိုမိုအင်အားကောင်းပြီးလွှမ်းမိုးလာစေဖို့ဖြစ်ပါတယ်။အဆုံးမှာလိုချင်တဲ့ပုံစံအတိုင်းခွဲထုတ်သွားကြပါလိမ့်မယ်။

#လက်တံများ

OIC ကတော့ရေနံသူဌေးတွေမို့ချမ်းသာတာကြောင့်ကုလသမဂ္ဂကိုအလှူငွေပစ်ပေးပြီးချုပ်ထားပါတယ်။

US၊ အနောက်အုပ်စုနဲ့၊ Soros တို့ကတော့ဂြိုလ်တုဓာတ်ပုံလိုနည်းပညာတွေ၊ CNN ၊ရိုက်တာ၊အေပီ၊ HRW ၊AI ၊ ICG တို့လိုမီဒီယာတွေ၊INGO ၊ NGO တွေနဲ့ကစားပါတယ်။

ဒါ့အပြင်အခုလိုမျိုး ICC ၊ ICJ ၊ ICT တို့လိုနိုင်ငံတကာတရားဥပဒေတွေနဲ့ချုပ်နှောင်မှုတွေလုပ်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ကတော့လက်ရှိအတိုင်းသူ့နိုင်ငံမှာဘင်ဒုက္ခသည်တွေရှိနေရင်မျောက်ပြဆန်တောင်းလို့ရမယ်၊ OIC မှာအရေးပါတဲ့နေရာရောက်လာမယ်၊ဘူးသီးတောင်မောင်တောကိုခွဲထုတ်နိုင်ခဲ့မယ်ဆိုရင်လဲရေခံမြေခံကောင်းတဲ့မြန်မာ့မြေကိုရမယ်။တဆက်တည်းရေပိုင်နက်တွေ၊ကမ်းလွန်လုပ်ကွက်တွေအများကြီးပါပဲ။

တစ်ဘက်မှာနိုင်ငံတကာရဲ့ဖိအားကိုခံနေရချိန်မှာတစ်ဘက်မှာတော့မြောက်ပိုင်းအဖွဲ့တွေဟာတပ်ကိုအားမွေးမရအောင်၊ဟိုဘက်ကဆွဲလိုက်ဒီဘက်ကဆွဲလိုက်နဲ့ခွေးအတွေလိုဆွဲနေမှာပါပဲ။

#ပြည်တွင်းအင်အားချိနှဲ့တိုက်ဖြိုခြင်း

တပ်ကို Hard attack နဲ့တိုက်ဖြိုရုံတင်မဟုတ်ပါဘူး။ Soft attack နဲ့ပါတိုက်ဖြိုရအောင်ပြည်သူတွေကြားတပ်ကိုမုန်းလာအောင်နှစ်နဲ့ချီပြီးအနောက်မီဒီယာတွေကနေရိုက်သွင်းခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် နစက ဖျက်ခဲ့တာလိုမျိုးအနှောင့်အယှက်တွေတစ်ရစ်ချင်းဖယ်ပစ်တာရှိလာပါတယ်။ပြည်တွင်းမှာလဲဘင်တွေလွယ်လင့်တကူစိမ့်ဝင်လာအောင်လုံခြုံရေးဥပဒေတွေဖယ်ပစ်နိုင်ခဲ့ပါတယ်။ပြည်တွင်းရောက်လာတဲ့သူတွေကတော့လဝက,က မသမာသူတွေနဲ့ငွေကြေးနဲ့စည်းရုံးပြီးနိုင်ငံသားဖြစ်အောင်လုပ်ကြတာတွေလဲရှိပါတယ်။

EAOs တွေဆိုရင်လဲ AA လိုအသစ်မွေးထုတ်ပေးတယ်။အစိုးရယန္တရားပျက်စီးချိနဲ့အောင်လုပ်တယ်။အခြားလက်နက်ကိုင်တွေ(အဓိက KIA)နဲ့လဲထိတွေ့မှုတွေမပျက်လုပ်ထားပြီးတပ်ကိုအနားမရအောင်လုပ်တယ်။တစ်ဘက်ကလဲတိုင်းရင်းသားဒေသတွေမှာတိုက်ပွဲဖြစ်တိုင်းတပ်ဖက်က war crime ကျူးလွန်တယ်ဆိုပြီးတစ်လေသံထဲထွက်လာတာတွေလုပ်လာပါတယ်။

#ယမ်း၊စနက်

အထက်မှာရေးခဲ့တာတွေကဘုံအကျိုးစီးပွားကိုအကွက်ချစုစည်းပုံဖော်ခဲ့တာတွေပါ။နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိတဲ့။အာနန်ကော်မရှင်အပြီး ARSA ဝင်တိုက်တာ၊အာဆာတိုက်ပြီးပြီးချင်းဓာတ်ပုံအထောက်အထားတွေနဲ့ကမ္ဘာ့မီဒီယာတွေမှာအော်ဟစ်တာတွေဟာကြိုတင်အကွက်ချထားတဲ့အစီအမံတွေပါပဲ။ဒါတွေဟာယမ်းအုံထဲကိုယမ်းတွေထိုးသိပ်နေတာနဲ့အလားတူပါပဲ။ဒါဆိုယမ်းကိုဖောက်ခွဲဖို့စနက်လိုလာပြီပေါ့။

တပ်ကအာဏာထိန်းလိုက်မယ်ဆိုရင်ပြည်သူတွေဟာအခုလိုမျိုးဆူပူဆန္ဒပြမယ်၊အစိုးရကိုလက်နက်ကိုင်ဆန့်ကျင်မယ်၊တပ်အနေနဲ့အစွန်အဖျားဒေသတွေကနေမြို့ပြအထိစစ်ရေးရင်ဆိုင်လာရမယ်ဆိုတာကိုဒီနိုင်ငံအကြောင်းဒီနိုင်ငံသားတွေထက် CIA တို့လိုအဖွဲ့တွေကသိပါတယ်။ဒါဆိုတပ်ကအာဏာမထိန်းထိန်းအောင်လုပ်ခဲ့တာကစနက်လား?။

#စနက်

-တပ်ကိုအာဏာမသိမ်းသိမ်းအောင်လုပ်မယ်
(တပ်ကအကြိမ်ကြိမ်မဲစာရင်းညှိနှိုင်းဖို့လုပ်ခဲ့တယ်၊သက်ဆိုင်သူတွေနဲ့ကြိုတင်ညှိနှိုင်းခဲ့တာတောင်မှအခုလိုလုပ်မယ်ဆိုတာသိသိနဲ့တမင်လုပ်ခဲ့တာဟာတွေးစရာဖြစ်နိုင်ချေအများကြီးပါပဲ)။
-ပြည်သူအုံကြွမယ်။
-ကိုဗစ်ကြောင့်နိုင်ငံဆင်းရဲနေမယ်။
-ဘက်စုံကနေတပ်ကိုချုပ်ထားမယ်။
-PDF တွေကြောင့် EAOs တွေအင်အားကြီးလာမယ်...
ဆိုရင်..ဒါတွေအားလုံးကဘောင်ခတ်ထားတဲ့စီမံချက်ကြီးဆိုရင်နောက်ဆက်တွဲကဘာတွေဆက်ဖြစ်လာတော့မလဲ....။

#အလားအလာ

ဒီတိုက်စစ်တွေကိုတပ်ခေါင်းဆောင်တွေပါးပါးနပ်နပ်နဲ့မကာကွယ်နိုင်ခဲ့ရင်လာမဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမြန်မာနိုင်ငံပျက်စီးသွားဖို့အလားအလာရှိနေပါတယ်။ဒီမှာကလူမျိုးစုံ၊ဘာသာစုံ၊လက်နက်ကိုင်စုံမို့ဆီးရီးယားတို့ထက်ဆိုးမှာပါ။(ဒါကြောင့်ဌေးလွင်ဦးတို့ကရဲရဲတင်းတင်းစိန်ခေါ်ပြီးမာနေတာ၊တရေးရေးနဲ့ထင်ထင်ရှားရှားဖြစ်လာပါတယ်)

လက်ရှိမှာကိုပဲကြိုကြားကြိုကြားတိုက်ပွဲတွေဆက်ဖြစ်နေသလိုမီဒီယာစစ်ပွဲ၊သံတမန်စစ်ပွဲတွေနဲ့တရစပ်ထိုးနှက်နေတာကမ္ဘာ့သတင်းတွေမပြတ်ဖတ်ရှုရင်တွေ့နိုင်ပါတယ်။

#ဘယ်လိုတန်ပြန်မလဲ

ဘက်စုံကရေဘဝဲလက်တံတွေလိုချုပ်ထားတာတော်တော်ပိရိ​သေသပ်ပါတယ်။အချုပ်အခြာအာဏာပိုင်နိုင်ငံတခုအနေနဲ့တင်းခံဖို့ကလွဲပြီးတခြားနည်းမမြင်ပါဘူး။ခံသာမှာကတော့ UN ဗီတိုပိုင် တရုတ်၊ရုရှားကိုမိတ်ဖက်ထားနိုင်တာပါပဲ။

ဗီတိုတနိုင်ငံတည်းမိတ်ဖက်ရှိနေတာအရမ်းအန္တရာယ်များပါတယ်၊အကျိုးစီးပွားပြောင်းရွေ့မှု Interest shift တခုဖြစ်တာနဲ့အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်မှာပါ။ဒါကြောင့်မြန်မာ့တပ်ခေါင်းဆောင်တွေတရုတ်အပြင်၊ရုရှားကိုပါမိတ်ဖက်ဆုပ်ကိုင်ထားတာပါ။

တရုတ်ကမြန်မာနဲ့နယ်ထိစပ်နေတဲ့အိမ်နီးချင်းဖြစ်ခြင်း၊အင်အားကြီးနေရာပြိုင်ဆိုင်နေခြင်းတို့ကမြန်မာပြည်ရဲ့ကံကြမ္မာမှာ တရုတ်ရဲ့အခန်းကဏ္ဍကတော်တော်အရေးပါလာပါတယ်လို့ရင်နာနာနဲ့ထုတ်ပြောရမှာပါ။

နိုင်ငံတိုင်းက interest နဲ့ပဲအလုပ်လုပ်တာမို့တရုတ်နဲ့ရုရှားကို Incentives ပေးဖို့လိုလာပါတယ်။ရုရှားကိုသဘေင်္ာကပ်ဖို့သဘောတူတယ်ဆိုတာကလဲဒီအခက်အခဲတွေအတွက်ကြိုတင်ပြင်ဆင်တဲ့သဘောလို့ယူဆရပါတယ်။နောက်တခုကတော့တရုတ်ပါ။လွယ်လွယ်ပြောရရင်မြန်မာပြိုကွဲရင်တရုတ်ကသူ့နယ်စပ်ကကိုးကန့်နဲ့ဝကိုကောက်စားလိုက်ရုံပါပဲ။ဒီတော့မြန်မာနိုင်ငံမပြိုကွဲမှတရုတ်အတွက်ကောင်းမယ်၊ကိုးကန့်နဲ့ဝနယ်ကိုရတာထက်ကျောက်ဖြူဘက်ဆိပ်ကမ်းနဲ့ပိုက်လိုင်းကိုအခုလိုသုံးနေရတာပိုကောင်းတယ်ဆိုတဲ့ရေရာတဲ့ incentives မျိုးလိုအပ်ပါတယ်။

ကျန်တာပြောရရင်ကမ္ဘာ့မီဒီယာမှာမြန်မာဝင်တိုးဖို့မလွယ်ပါဘူး။လုပ်လို့ရတာကပြည်တွင်းမှာပြည်သူတွေအသိအမြင်ပွင့်လန်းလာအောင်လုပ်လို့ရပါတယ်။သံတမန်နည်းနဲ့တခြားနိုင်ငံတွေကိုလဲမိတ်ဖက်စည်းရုံးထားဖို့လိုပါတယ်။ ICC ၊ ICJ ၊ICT တို့လိုနိုင်ငံတကာတရားရုံးတွေမှာအမြင်ကျယ်ဖို့ International Law နဲ့ပတ်သတ်တဲ့ပညာရှင်တွေမွေးထုတ်ပေးဖို့လိုပါတယ်။အဓိက,ကတော့ပြည့်အင်အားကပြည်တွင်းမှာပဲရှိတာမို့ ပြည်တွင်းရဲ့အားအမာတွေဖြစ်တဲ့စီးပွားရေး၊စစ်ရေး၊သံတမန်ရေးတွေ၊ soft power တွေဖြစ်တဲ့ပြည်တွင်းသွေးစည်းမာကျောရေး၊အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ်အမြင်မှန်ရေး၊အစဥ်အလာကောင်းတွေဖြစ်တဲ့ယဥ်ကျေးမှုနဲ့လူမှုဓလေ့ထုံးစံတွေအားကောင်းလာစေဖို့ပညာရေးမြှင့်တင်တာတွေ၊အနာဂတ်မှာပြဿနာပေါင်းသောင်းခြောက်ထောင်ကိုဖြေရှင်းနိုင်မဲ့မျိုးဆက်သစ်တွေမွေးထုတ်တာတွေလိုအပ်နေပါတယ်။

(​ဂရုစိုက်အလေးထားရမှာတော့ငြိမ်သက်ပြီးအားမွေးလေ့ကျင့်နေတဲ့မေယုတောင်ကြောပေါ်က ARSA တွေပဲဖြစ်ပါတယ်။အုပ်စုပေါင်းစုံအနေနဲ့နည်းမျိုးစုံသုံးပြီးတပ်အပေါ်အခုလိုဖိလို့ မအောင်မြင်ဘူးဆိုရင်အာဆာအကြမ်းဖက်မှုတွေထပ်မံဖြစ်လာဖို့အလားအလာတွေရှိနေပါတယ်။)

မြသန်းစံရဲ့ 'ချစ်ခြင်းတရားနဲ့ပြည်ထောင်စု' သီချင်းထဲကလို​မကွဲပြားတဲ့နှလုံးသားနဲ့အခြေအနေအရပ်ရပ်ကိုအစဥ်သုံးသပ်ကြပါမှရတက်အေးရပါလိမ့်မယ်။

ဘိုးဘေးတွေလက်ဆင့်ကမ်းထိန်းသိမ်းလာလို့စားသုံးနေခဲ့ရတဲ့ကောင်းမြတ်တဲ့ဘာသာတရားနဲ့ဓလေ့ထုံးတမ်းတွေကိုမြေးမြစ်တွေလက်ထက်မှာလဲစားသုံးနိုင်ကြပါစေ။

စာပြီးရက်
၂၀၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်
#Credit