Thursday, August 19, 2021

အတိုက်အခံလုပ် အပြစ်​မြင်တဲ့ နေရာမှာတော့ ဘာမှကိုမချန်တာ

ကိုယ့်ကိုးကွယ်ရာ 
ဘုန်းကြီးလည်း နားမလည်ဘူး
သူငယ်ချင်းလည်းနားမလည်ဘူး
မိတ်ဆွေလည်း နားမလည်ဘူး
အသက်ကြီးတဲ့သူ 
ပညာကြီးတဲ့သူလည်းနားမလည်ဘူး
ဆွေမျိုးလည်း နားမလည်ဘူး
ဆရာသမားလည်း နားမလည်ဘူး
သူတို့ပဲသိ သူတို့ပဲမှန်
မှန်တာတောင် ကိုယ့်ဘာသာအေးဆေးမမှန်ဘူး
ရွဲ့စောင်းပြီးကို မှန်ပြချင်ကြတာကလား။
အကောင်းအဆိုး အကျိုးအပြစ်တွေလာမပြောနဲ့
ဖြူကိုဖြူမှ ရမယ်ဆိုတာမျိုး။

ကိုယ့်ဘာသာ သာသနာ
ကိုယ့်ကိုးကွယ်ရာ
ကိုယ့်ဆွေကိုယ်မျိုး
ကိုယ့်မိတ်ဆွေသူငယ်ချင်း
စသည်ဖြင့်
ဒါတွေကိုမှ တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူတွေက စကားလုံးအကြီးကြီးတွေပြောရင် သိပ်ရယ်ချင်တာ။

မတူတဲ့သူတွေအပေါ်ကို ရွဲ့စောင်းချင်တော့
အမေကျော် ဒွေးတော်လွမ်း
အမျိုးထက် သူစိမ်းက ပိုကောင်း
ကိုယ့်ဘာသာထက် သူများကိုပိုအမွှန်းတင်
အထင်တွေကြီးပြလိုက်ရမှ ဒီလိုမျိုး
သတိမရှိ အတ္တအဆိပ်တွေတက်နေပြီဆိုရင် ဘယ်သူတွေလည်း ကြည့်လိုက်။

သူတို့ကိုယ်သူတို့တော့ ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက် အမှန်တရားဘက်တော်သားတွေတဲ့။
ကိုယ့်မျက်လုံးထဲမှာတော့????? သူတွေလိုပဲ။မတူကဲွဲပြားမှုကို တန်ဘိုးထားတဲ့ ဒီမိုကရေစီကို ငါနဲ့မတူ ငါ့ရန်သူလုပ်ပြီး အပိုင်စီးထားကြသေးတယ်။
ဟန်ဆောင်ပန်ဆောင် သဘောထားလေးတောင် မကြီးနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် အပြိုင်အဆိုင် မတူရင်ရန်သူလုပ် ရွဲ့စောင်းကြပြန်သေးတယ် 
ပညာရှိသတိဖြစ်ခဲဆိုသလို တန်ဖိုးထားရမှာတွေကို 
သတိပြန်လည်ဖြစ်စေ့ချင်မိတယ်
စသည်ဖြင့်

ဒီလိုတွေရေးချင်ပါသော်လည်း
အို ဒါကိုက ဒီမိုကရေစီပဲလေ
လွတ်လပ်စွာကွဲလွဲနိုင်ကြတာပဲလို့ ပြန်တွေးပြီးသကာလ ဘာမှမရေးတော့ဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဘာမှမရေးတဲ့အကြောင်းကို ရေးမိရေးရာ။

#ကိုဘသာ

Related Posts:

  • " ရွှေမိ "မိငယ်ခေါ် ဗေဒါပျံပြေရွာညံ မြှောက်စား…။အမွှေစိန် အဖြေသိမှ'ရွှေမိ'တဲ့လား…။နန်းနတ်နေနွယ်နိုင်… Read More
  • ဟယ်ရီတန် - အရေးအခင်း (အပြည့်အစုံ)★★★★★★★★★★★★★★★★.ဟယ်ရီတန်အရေးအခင်း ဆိုသည်မှာ သတ္တမတန်း ကျောင်းသား ဟယ်ရီတန်၏သေဆုံးမှုမှစ၍ တစ်နိုင်ငံလုံး ပြန့်နှံ့သွားခဲ့သော အရေးအခင်းဖြစ်သည်။..ဖြစ်ပွားပုံ★★★★★★★★★၁၉၅၆ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်းမှ ခုနစ်တန်းကျောင်းသား ဟယ… Read More
  • ▪️Facebook ရဲ့သဘောတရားက တူရာစုပေးတယ်။ ကိုယ်မြင်ချင်တာကိုပဲ ကိုယ့်ကိုပြတယ်။ အဲ့ဒါတွေကြောင့်လည်း ဇူဇူ့ခမျာ အခု အမှုရင်ဆိုင်နေရတယ်လေ။▪️နားလည်လွယ်အောင်ရှင်းပြရမယ်ဆိုရင်     ငါတို့ဈေးရောင်းတဲ့အခါ Boost တင်တယ်‌ပေါ့။     အဲ့ဒီအခါမှာ အချက်အလက်တွေဖြည့်ရတယ်။     ဖိနပ်ရောင်းရင် ဖိနပ်စိတ်ဝင်စားတဲ့သူကိုပဲ      ငါ့ထုတ်ကုန်ကို ပြမယ်ဘာညာပေါ့လေ။     အဲ့ဒါတွေဟာ user တစ်ဦ… Read More
  • အနီ နဲ့ အစိမ်း အရောင်လေးကွဲသွားတာနဲ့စိတ်ဓာတ်လေးပါ ကွာခြားသွားတယ်အစိမ်းက အေးမြမှုကိုသာ ပေးပီးအနီကပူလောင်မှုကိုသာ ပေးတယ်မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုသွားရောက် ဖူးမြှော်သူတွေကို ဗုံးခွဲတိုက်ခိုက် ခိုင်းနေကတည်းကနီပိတ်ယုံတင်မဟုတ်တော့ပဲနီယုတ်တွေဖြစ်နေပြီ.....ဒါကိုပြည်… Read More
  • မယုံရခက် ယုံရခက်        လောကကြီးမှာ ရတနာ နဲ့ ပတ်သက်ပြီး ထူးဆန်းတာ ကြုံဖူးတယ် ။ နောက်လက်ဆုပ်လက်ကိုင် ပြဖို့ တနည်း သိပ္ပံနည်းကျ ပြောပြနိုင်ဖို့ ခက်ခဲတဲ့ ဘုန်းကံ ဆိုတဲ့ အရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ အင်မတန် ဆန်းကျယ်လှပါတယ် ။          ဆရာတင်မောင်လ… Read More