➳ ရိုးသားတဲ့သူထက်
ခိုးစားတဲ့လူကိုပိုအထင်ကြီးကြတယ်။
➳ ဟန်မဆောင်တတ်တဲ့သူထက်
အရေခြုံ ထားတ ဲ့ကလိမ်ကကျစ်တွေ
ကိုပိုအရေးပေးကြတယ်။
➳ပွင့်ပွင့်လင်းလင်းပြောတတ်နေတတ်တဲ့
သူထက် မြုံစိစိ ညောင်နာနာ
ကုတ်ကမြင်းတွေကိုပိုသဘောကျကြတယ်။
➳စေတနာရှေ့ထားဆုံးမတတ်သူတွေထက်
ကိုယ့်အကြိုက်လိုက်မြှောက်ပင့်ပြောတတ်သူတွေကို ပိုနှစ်သက်ကြတယ်။
➳အမှားကိုအမုန်းခံပြီးထောက်ပြသူထက်
မှားမှားမှန်မှန်လိုက်ထောက်ခံတတ်တဲ့သူ
တွေကိုပိုပြီးခင်မင်တတ်ကြတယ်။
➳ မေတ္တာစစ်နဲ့ခင်မင်တတ်သူတွေထက်
အတုအယောင်တွေနဲ့ကိုယ့်နားလာပြီး
သာပေါင်းညာစားတတ်သူတွေကိုပိုပြီး
မိတ်ဆွေဖွဲ့ကြတယ်။
➳ အပြောဆိုးဆိုးနဲ့ရှေ့တင်အားမနာစတမ်းဝေဖန်
တတ်သူတွေထက်
အပြောချိုချို နဲ့့နောက်ကွယ်ကနေကဲ့ရဲ့အတင်းတုတ်
နောက်ကျောဓားနဲ့ထိုးတဲ့သူတွေကိုပိုပြီးယုံကြည်
အားကိုးတတ်ကြတယ်။
➳ထုတ်ဖော်မပြောတတ်
ရင်ထဲကလေးနက်ထား
မြတ်နိုးတတ်သူထက်
လူမြင်ကောင်းအောင်ပြာယာခတ်
ဂရုစိုက်တတ်သူတွေကို
ပိုတန်ဖိုးထားတယ်။
➳ မျက်နှာမွဲဆင်းရဲသူထက်
ချမ်းသာကြွယ်ဝပြည့်စုံသူကို
ပိုအားကျကြတယ်။
➳ လမ်းဘေးဆင်းလျှောက်နေသူထက်
ကားပေါ်ကသူကိုပိုအထင်ကြီးကြတယ်။
➳ အမှန်တကယ်ဖြူ စင်အပြစ်ကင်းသူထက်
အပေါ်ယံအရေခြုံ အတွင်းစိတ်ပုတ်သိုးနေသူတွေကို
ပိုလေးစားကြတယ်။
➳ ယုတ်မာတယ်!!
➳ ကောက်ကျစ်တယ်!!
➳ စိတ်ထားမကောင်းဘူး!!
ဒါပေမယ့်လေ
သူ့ရဲ့ပြည့်စုံကြွယ်ဝမှု တွေက
အရာအားလုံးကိုဖုံးလွှမ်းပစ်လိုက်တယ်။
➳ ဖြူ စင်ပါတယ်!!
➳ အပြစ်ကင်းပါတယ်!!
➳ ရိုးသားပါတယ်!!
➳ ဟန်မဆောင်တတ်ဘူး!!
➳ ပွင့်လင်းပါတယ်!!
ဒါပေမယ့်
သူ့ရဲ့မပြည့်စုံမှုတွေက
သူ့ရိုးသားမှုကို
ပေါ်လွင်အောင်ဖော်ပြမပေးနိုင်ဘူး။
ဘာကြောင့်လဲ!?
အဖြေကရှင်းပါတယ်
ဆေးဆိုးပန်းရိုက်ကိုမှ
အထင်ကြီးတတ်တဲ့ လူ့စရိုက်ကြောင့်ပဲ
အပေါ်ယံရွှေမှုန်ကြဲ
အောက်ခြေကကျောက်ခဲသလဲ
ဖြစ်နေတာကိုသေချာမဆန်းစစ်တတ်တဲ့လူ့သဘာဝကြောင့်ပဲ
အပုတ်အသိုးကိုမှ
ဟုတ်နိုးနိုးထင်နေတဲ့သူတွေရှိနေသမျှ
မျက်နှာဖုံးအောက်ကလူတွေ
စင်ပေါ်မှာအောင်ပွဲခံနေဦးမှာပဲ
ဘာပဲပြောပြော!!
ဖြတ်လမ်းကနေစင်ပေါ်ရောက်သွားတဲ့
ဆေးဆိုးပန်းရိုက်မျက်နှာတွေထက်
ပုံမှန်လမ်းကနေအေးအေးချမ်းချမ်း
ကိုယ်လိုရာလျှောက်လှမ်းနေတဲ့
ပင်ကိုယ်အလှပိုင်ရှင်ရိုးသား
သူတွေကိုပိုအထင်ကြီးတယ်။ ။
_____________________________
Credit
မေတ္တာဖြင့်