Wednesday, August 18, 2021

#တာလီဘန်တို့ကကမ္ဘာ့အခင်းအကျင်းသစ်ကိုပုံဖော်မှာလား?


ဒီနေ့တော့ page moderator ကအာဖဂန်အကြောင်းရေးပေးထားပါတယ်။မူဆလင်အစွန်းရောက်ဝါဒီဟာသိပ်ကြောက်ဖို့ကောင်းပါတယ်။တာလီဘန်တက်လာတာဟာတရုတ်အတွက်အဆင်ပြေလာဖို့လို့စာရေးသူကသုံးသပ်ထားပါတယ်။တရုတ်အတွက်အဆင်ပြေပေမဲ့မြန်မာအတွက်တော့ရခိုင်ဘက်ကအာဆာတွေရဲ့ကြီးထွားမှုကိုသတိပြုရတော့မှာဖြစ်ပါတယ်။မနေ့ကရေးထားတဲ့အစ္စလာမ်အဂ္ဂမဟာဗျူဟာနဲ့တွဲစပ်ကြည့်ရှုပါဦး။

Admin
+++++++++++++++++++++++++++

အာဖဂန်နစ္စတန်မှာလက်ရှိဖြစ်ပျက်နေတာတွေကိုအားလုံးလဲသတိပြုမိကြမှာပါ။

ဒီအဖြစ်အပျက်ကနိုင်ငံငယ်လေးတွေမှာ သက်ရောက်မှုနည်းပေမယ့် world hegemony(ကမ္ဘာကိုကြီးစိုးသူ) နေရာကိုလုနေတဲ့နိုင်ငံ​ဖြစ်တဲ့တရုတ်အတွက်ကတော့အခွင့်အရေးတွေရသွားမှာအသေအချာပါပဲ။ဒီအခွင့်အရေးတွေနဲ့အတူတစ်ဘက်မှာလဲစိန်ခေါ်မှုအနေနဲ့တာလီဘန်ဆိုတဲ့ဘာသာရေးအစွန်းရောက်တွေကတဆင့်အကြမ်းဖက်မှုတွေတိုးလာနိုင်တယ်ဆိုတာသတိချပ်ကြရမှာဖြစ်တယ်။

မိမိတို့နိုင်ငံမှာလဲဘာသာရေးအစွန်းရောက်တွေ အားကောင်းလာနိုင်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာအနောက်တံခါးပြသာနာတွေနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်တဲ့အတွက်အကြမ်းဖက်မှုကိုအထူးသတိထားရမှာပဲဖြစ်ပါတယ်။

ကနဦးပြောရရင်တော့အာဖဂန်နစ္စတန်မှာဗုဒ္ဓဘာသာထွန်းကားမှုဟာဘီစီ ၃၀၅ ကတည်းကစတင်ပြန့်ပွားလာခဲ့ပါတယ်။အေဒီ ၇ ရာစုတွေမှာအစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့မူစလင်တို့ရဲ့သိမ်းပိုက်ခြင်းတွေကိုခံရတဲ့အချိန်မှာဗုဒ္ဓဘာသာဟာစတင်မှေးမှိန်လာခဲ့ပါတယ်။

အေဒီ ၁၁ ရာစုအရောက်မှာတော့ဗုဒ္ဓဘာသာဟာလုံးဝပျက်သုန်းပျောက်ကွယ်ခဲ့ရတယ်။ ဘာသာတရားပျောက်ကွယ်မှုနဲ့အတူပဲဘာသာ၊သာသနာရဲ့ယဥ်ကျေးမှုအမွေအနှစ်တွေလဲအစွန်းရောက်ဘာသာရေးသမားတွေရဲ့ရက်ရက်စက်စက်ဖျက်ဆီးခြင်းကိုခံခဲ့ကြရပါတယ်။၎င်းဖြစ်စဥ်တွေနဲ့အတူပဲတဖြည်းဖြည်းနဲ့အာဖဂန်ဟာကျိန်စာသင့်အနေအထားလို့ဆိုရလောက်အောင်ပြည်တွင်းစစ် သို့ proxy war တွေဟာခုချိန်ထိဖြစ်ပွားနေကြပါတယ်။

#တာလီဘန်တို့ရဲ့အစ

တာလီဘန်ဟာစစ်အေးခေါတ်ကာလတွေရဲ့အားပြိုင်မှုတွေနဲ့​အတူပေါက်ဖွားလာခဲ့တယ်ဆိုရမှာပါ။စစ်အေးခေါတ်ကာလတွေမှ domino effect အရနိုင်ငံရေးစနစ်တွေကူးစက်မသွားရအောင်ကွန်မြူနစ်နဲ့ဒီမိုကရေစီတို့တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ဘက်ပါလာအောင်ကစားရင်းကနေမြေဇာပင်ဖြစ်သွားတဲ့နိုင်ငံတွေမနည်းမနောရှိခဲ့ပါတယ်။

ဆိုဗီယက်တွေက၎င်းကွန်မြူနစ်အစိုးရတွေကို အားကောင်းအောင်လုပ်နေတဲ့အချိန်တစ်ဘက်မှာရှိတဲ့USတို့ကလဲကွန်မြူနစ်နိုင်ငံဖြစ်မသွားစေရေးဟန့်တားရင်းကနေအာဖဂန်စစ်တလင်းဖြစ်ခဲ့ရပါတယ်။

ဒီနေရာမှာစစ်အေးခေါတ်တွေရဲ့အားပြိုင်မှုထဲကမိမိနိုင်ငံအပါအဝင်တစ်ချို့ကိုဖော်ပြချင်ပါတယ်။ 

တရုတ်မှာကွန်​မြူနစ်ပါတီမော်စီတုံးဦးဆောင်ပြီးအမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ကူမင်တန်ရဲ့ချန်ကေရှိတ်အစိုးရကိုတိုက်ထုတ်တဲ့အချိန်မှာရုရှားခေါင်းဆောင်စတာလင်ကချန်ကေရှိတ်တွေကိုတိုက်ထုတ်တဲ့နေရာမှာ ယန်ဇီမြစ်တစ်ဖက်ကမ်းထိပဲတိုက်ထုတ်ဖို့ တရုတ်ကွန်မြူနစ်တွေကိုပြောခဲ့တယ်။

ဆို​ဗီယက်ရဲ့ရည်ရွယ်ချက်ကတော့မော်စီတုံးဦးဆောင်တဲ့ကွန်မြူနစ်တွေဟာဆိုဗီယက်နဲ့ခေါတ်ပြိုင်ကြီးထွားလာမှာကိုမလိုလားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဒီနေရာမှာရုရှားရဲ့စတာလင်ပြောသလိုတရုတ်ကွန်မြူနစ်တွေကစတာလင်စကားကို နားထောင်ပြီးလုပ်ဆောင်ခဲ့တယ်ဆိုရင်တရုတ်နိုင်ငံဟာယခုလိုအားကောင်းတဲ့နိုင်ငံတစ်ခုဖြစ်မလာနိုင်ဘူး။ချန်ကေရှိတ်အစိုးရကိုပြတ်ပြတ်သားသားတိုက်ထုတ်လိုက်လို့သာခုလိုကြီးမားတဲ့နိုင်ငံကြီးဖြစ်နေရတာပါ။

နောက်မိမိနိုင်ငံနဲ့ပတ်သက်ရင်လဲယခုလိုသောင်းကျန်းသူတွေနဲ့အတူနိုင်ငံဖွံ့ဖြိုးမှုနောက်ကျခဲ့တာဟာပိုလန်နိုင်ငံမှာ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာရုရှားကွန်မြူနစ်ပါရဂူဒင်ဒရီးနဲ့ဇာဒင်နော့တို့ဦးဆောင်ကျင်းပတဲ့ ကွန်မင်ဖောင်ညီလာခံကြောင့်ပဲဖြစ်တယ်။ဒီညီလာခံကနေတစ်ဆင့်လက်ဝဲလမ်းစဥ်တွေကိုကောင်းကောင်းကြီးရိုက်သွင်းခံခဲ့ရတယ်။

ညီလာခံကနေရလာတဲ့လမ်းစဥ်ကလွတ်လပ်ရေးရခါစနိုင်ငံတွေမှာကွန်မြူနစ်တွေဟာအာဏာကိုလက်နက်ကိုင်တော်လှန်ပြီး သိမ်းပိုက်ရေးဆိုတဲ့လမ်းစဥ်ပဲဖြစ်ပါတယ်။ဒီလမ်းစဥ်ကြောင့်ပဲမိမိတို့နိုင်ငံဟာလွတ်လပ်ရေးရပြီးလို့မကြာခင်မှာပဲအကွဲကွဲအပြဲပြဲတွေနဲ့ရင်ဆိုင်ခဲ့ကြရတယ်။

အဲဒီနေရာမှာဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ကွန်မင်ဖောင်ညီလာခံကနေရတဲ့လမ်းစဥ်ကို မလိုက်ဘဲနဲ့ ဦးနုအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်လွတ်လပ်ရေးရပြီးခြင်းပြည်တွင်းစစ်နဲ့မကြုံရဘဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်နေမှာသေချာပါတယ်။

ပြောချင်တာကတရုတ်အပါအဝင်မိမိနိုင်ငံဟာလဲအာဖဂန်ရဲ့အခြေနေလိုပဲအားပြိုင်မှုတွေကြားမှာဖြတ်သန်းခဲ့ရတယ်ဆိုတာပါပဲ။

ပြန်ဆက်ရရင် ၁၉၇၉ ခုလောက်ကဆိုဗီယက်တွေအာဖဂန်ကွန်မြူနစ်ပါတီကိုကူညီဖို့ဝင်လာတဲ့အချိန်မှာအမေရိကန်ကကွန်မြူနစ်တွေကြီးစိုးသောအာဖဂန်နစ္စတန်နိုင်ငံဖြစ်မသွားစေရေးမူဂျာဟစ်ဒင်တွေကို Operation Cyclone ဆိုတဲ့စစ်ဆင်ရေးအမည်ဖြင့်ငွေအား လက်နက်အင်အားအလျှံအပယ်ထောက်ပံ့ပေးပြီးသူတို့ကိုမူဂျာဟစ်ဒင်( ဘာသာရေး)  စစ်သည်လို့အမည်တပ်ကာဆိုဗီယက် ကွန်မြူနစ်တွေကိုတော်လှန်စေခဲ့တယ်။

၁၉၈၉ ခုနှစ်ဂိုဘာဂျော့လက်ထက်မှာဆိုဗီယက်တွေအာဖဂန်ထဲကနေပြန်ထွက်သွား ပြီးနောက် ၁၉၉၂ မှာအာဖဂန်ကွန်မြူနစ်အစိုးရပြုတ်ကျပြီးမူဂျာဟစ်ဒင်တို့အာဏာရလာခဲ့တယ်။မူဂျာဟစ်ဒင်တို့အာဏာရလာပြီးအချင်းချင်းကွဲပြဲကာပြည်တွင်းစစ်ထပ်မံဖြစ်ပွားခဲ့ကြပြန်တယ်။ 

အဲ့နောက် ၁၉၉၄ ခုနှစ်မှာဘာသာရေးကိုဦးစားပေးလွန်းသောမူလတ်မိုဟာမက်အိုမာက ၁၉၉၂ ကွန်မြူနစ်အစိုးရပြုတ်ချခဲ့သောမူဂျာဟစ်ဒင်တစ်ယောက်ဖြစ်ပြီးကွန်မြူနစ်အစိုးရပြုတ်ကျပြီးတဲ့အချိန်မှာ၎င်း၏မွေးရပ်မြေတွင် ကျောင်းဆရာလုပ်နေခဲ့ရာမှမူဂျာဟစ်ဒင်တို့ဖွဲ့စည်းသောကြားဖြတ်အစိုးရ၏ဘာသာရေးဆိုင်ရာအားနည်းချက်တွေကိုမကြိုက်သောကြောင့်၎င်း၏တပည့်ကျောင်းသား ၅၀ ဦးနဲ့ စတင်ကာကျောင်းသားတပ်မတော်(တာလီဘန်)ကို တည်ထောင်ခဲ့သည်။ 

တာလီဘန်တို့ဟာဘာသာရေးအစွန်းရောက်သောအဖွဲ့အစည်းဖြစ်၍အိုစမာဘင်လာဒင်နဲ့ လက်တွဲသောအင်အားများ၊ပါကစ္စတန်နိုင်ငံအတွင်းမှဘာသာရေးအစွန်းရောက်ကျောင်းသားများပါစုပေါင်းလာတာကြောင့် အင်အားကြီးထွားခဲ့ပေသည်။

၁၉၉၆ ခုနှစ်မှာ ကြားဖြတ်အစိုးရမူဂျာဟစ်ဒင်တို့ကိုကဘူးလ်မြို့မှတိုက်ထုတ်ပြီးလက်ရှိ Islamic Emirates of Afghanistan (အစ္စလာမ်မစ် အာဖဂန်နစ္စတန်ပြည်ထောင်စု) ကို တည်ထောင်ကာအာဏာရလာခဲ့ပြီးအိုစမာဘင်လာဒင်ရဲ့အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ကို အခြေချစခန်းဖွင့်ခွင့်ပေးခဲ့သောကြောင့် အာဖဂန်နိုင်ငံသည်အကြမ်းဖက်အခြေပြုနိုင်ငံကြီး ဖြစ်ခဲ့ရလေသည်။ 

#USတို့ရဲ့ကျူးကျော်မှုအစ(၉/၁၁)

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကုန်သွယ်ရေးညီနောင်(world trade center) ကိုလေယာဥ်ပြန်ပေးဆွဲပြီး အတိုက်ခံရတဲ့အချိန်မှာ အမေရိကန်တို့ရဲ့ War on Terror စပါတယ်။ဆိုဗီယက်တွေကိုတိုက်ထုတ်ဖို့ထောက်ပံ့နေတဲ့အချိန်မှာတော့အာဖဂန် မူဂျာဟစ်နှင့်အယ်ကိုင်ဒါတို့ကိုဘာသာရေးစစ်သည်လို့အမည်တပ်မွေးခဲ့ပြီးကိုယ်မွေးတဲ့မျောက်ကကိုယ့်လက်ပြန်ကိုက်တဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့ဆိုပြီးမြေလှန်ရှာဖွေတော့တာပါပဲ။တာလီဘန်တို့လက်ခံထားတဲ့အိုစမာဘင်လာဒင်ဦးဆောင်တဲ့အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ကိုတာလီဘန်တို့လွှဲပြောင်းပေးဖို့သမ္မတဘွတ်ကတောင်းဆိုခဲ့ရာဆောင်ရွက်နိုင်မှုမရှိခဲ့ပေ။

အကြမ်းဖက်မှုကိုလုပ်ဆောင်တဲ့အဖွဲ့ဟာနိုင်ငံတိုင်းမှာပြန့်ကျဲနေတဲ့အတွက်သာမန်စစ်ဖြစ်သကဲ့သို့ Inter State War လို နိုင်ငံတစ်ခုနဲ့တစ်ခုအပြန်အလှန်တိုက်ရတာမဟုတ်ပဲ War on Terror ဆိုသလို အကြမ်းဖက်ကို တိုက်ခိုက်ရတဲ့စစ်ပွဲဖြစ်လို့
အကြမ်းဖက်သမားတွေဟာဘယ်မှာလဲ?
ပြန့်ကျဲ့နေတဲ့ အကြမ်းဖက်တဲ့အဖွဲ့တွေကိုဘယ်လိုတိုက်မလဲ? ဆိုတာခက်ခဲလာပါတယ်။

နိုင်ငံအနှံပြန့်ကျဲနေတဲ့အကြမ်းဖက်တွေကို တိုက်ခိုက်ဖို့ဆိုတာမလွယ်ကူတဲ့အတွက်ကြောင့်အကြမ်းဖက်တွေကိုအထောက်အပံ့ပေးနေတဲ့ fanancial resources ရေသောက်မြစ်ကို  ဖြတ်တောက်ရမှာဖြစ်တယ်။ 

သာဓကအနေဖြင့်ကြည့်မယ်ဆိုရင်တိန့်ရှောင်ဖိန်ဟာတံခါးဖွင့်စီးပွားရေးစနစ်ကိုကျင့်သုံးမယ်ဆိုပြီးစျေးကွက်တံခါးဖွင့်တဲ့အချိန်စင်ကာပူဝန်​ကြီးချုပ်လီကွမ်ယုနဲ့တွေ့ပြီးတံခါးဖွင့်စီးပွားရေးလုပ်မယ့်အကြောင်းဆွေးနွေးတဲ့အချိန်မှာလီကွမ်ယုကတံခါးဖွင့်စီးပွားရေးလုပ်မယ်ဆိုရင်တော့ကမ္ဘာအရပ်ရပ်မှာရှိတဲ့အစိုးရကိုဆန့်ကျင်နေတဲ့ကွန်မြူနစ်တွေကိုထောက်ပံံ့ပေးတာတွေရပ်တန့်ဖို့လိုမယ်လို့ပြောခဲ့တယ်။

အဲနောက်မှာဗကပတွေကိုထောက်ပံ့တာတွေရပ်တန့်ခဲ့တာတွေရယ်၊ဗကပအထဲမှာလဲသူတလူငါတစ်မင်းဖြစ်နေတာတွေကြောင့်ဗကပ ချုပ်ငြိမ်းသွားခဲ့တယ်။ဒါဟာရေသောက်မြစ် ပြတ်တောက်သွားခြင်းကြောင့်ဖြစ်တယ်။

၉/၁၁ ဖြစ်စဥ်မှာရေသောက်မြစ်ဖြစ်တဲ့ ​
အထောက်အပံ့ပေးလက်ခံထားသောအာဖဂန်ကိုကျူးကျော်သိမ်းပိုက်ပြီးတာလီဘန်အစိုးရ ကိုတိုက်ထုတ်ကာအာဖဂန်ညွှန့်ပေါင်းအစိုးရကို တင်ပေးပြီးဒီမိုကရေစီစနစ်အသက်သွင်းခဲ့တယ်။ယခုအနှစ် ၂၀ ကြာတဲ့အချိန်မှာဂျိုးဘိုင်ဒင်အစိုးရကအာဖဂန်မှာရှိတဲ့သူတို့ရဲ့တပ်တွေကိုသြဂုတ်လ ၃၁ရက်နေ့နောက်ဆုံးထားပြီး ပြန်ရုတ်သိမ်းဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာတာလီဘန်တို့ဟာထိုးစစ်တွေနဲ့တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်လာခဲ့ကြတယ်။ 

ကဘူးလ်ကိုတိုက်ခိုက်သိမ်းပိုက်ရန် ၃ လခန့်ကြာလိမ့်မည်ဟုမှန်းထားသော်လည်းတကယ့်တကယ်ကျတာလီဘန်တို့ရဲ့ထိုးစစ်ကရက်ပိုင်းအတွင်းသာကြာလိုက်ပါတယ်။အမေရိကန်တို့လေ့ကျင့်​ပေးပြီးခေါတ်မီလက်နက်တွေတပ်ဆင်ဖွဲ့စည်းပေးထားတဲ့အင်းအား ၃ သိန်း လောက်ရှိတဲ့အာဖဂန်တပ်မတော်ဟာအင်အား ၈သောင်းလောက်သာရှိသောတာလီဘန်တို့ရဲ့ မြန်ဆန်တဲ့ထိုးစစ်ကိုမထိန်းနိုင်ပဲမြို့တော်ကဘူးလ်ကိုလက်လွှတ်လိုက်ရတယ်။

အာဖဂန်တပ်မတော်ဟာအမေရိကန်တို့ရှိစဥ်က အားကိုးရှိခဲ့ပြီးပြန်ထွက်သွားပြီးအားကိုးမဲ့သွားတဲ့အချိန်မှာ Hard Power သာတည်ဆောက်ပေးခဲ့ပြီး Soft Power အားနည်းမှုတွေကြောင့်ဖြစ်နိုင်သလို တိုင်းပြည်နစ်နာမှာကြောင့် တာလီလန်တို့ရဲ့ထိုးစစ်ကိုမဟန့်တားခဲ့တာလဲ ဖြစ်နိုင်ပါတယ်။အဲဒီမှာသင်ခန်းစာယူရမှာက နိုင်ငံတစ်ခု သို့ တပ်မတော်တစ်ခုမှာ Nation Building (soft power) နဲ့ State Building (hard power) ကို balance ဖြစ်အောင် တည်ဆောက်ရမယ်ဆိုတာပါပဲ။

အာဖဂန်သမ္မတဂါနီဟာလဲဥဇဘက်ကစ္စတန်နိုင်ငံသို့ထွက်ပြေးခဲ့ရပြီး US တို့ တင်ထားတဲ့ အစိုးရလဲနိဂုံးချုပ်ခဲ့ရတယ်။US တို့ထရီလီယံချီအကုန်ကျခံထားခဲ့မှုတွေဟာသဲထဲရေသွန်ဖြစ်ခဲ့ရလေပြီ။

#ကမ္ဘာ့အခင်းအကျင်းသစ်ကိုပုံဖော်မှာလား?

တရုတ်နဲ့ရုရှားထောက်ခံသော တာလီဘန်တို့ အာဖဂန်ကိုထိန်းချုပ်လိုက်တဲ့အပေါ်မှာအမြတ်ထုတ်သွားတာကတော့တရုတ်ပဲဖြစ်တယ်။ 

တရုတ်ဟာသူ့ရဲ့ခေါတ်သစ်ပိုးလမ်းမစီမံကိန်း 
(BRI)ကနေတစ်ဆင့်ကမ္ဘာ့ကျွန်းကြီးလို့အမည်ရတဲ့ဥရောပ၊အာရှ၊အာဖရိကကိုသူ့ရဲ့စီးပွားရေး၊စစ်ရေး၊ယဥ်ကျေးမှုအရလွှမ်းမိုးနိုင်ဖို့အနောက်ကမ္ဘာနဲ့ဖြတ်တောက်​ပြီး world hegemony ကိုရယူဖို့ US ကိုခြိမ်းခြောက်လျက်ရှိတယ်။

အာဖဂန်ဟာလဲတရုတ်ရဲ့ပိုးလမ်းမစီမံကိန်းမှာပါဝင်တဲ့စီမံကိန်းခါးရိုးနိုင်ငံတစ်ခုဖြစ်ပါတယ်။အာဖဂန်နိုင်ငံဟာရပ်ဝန်းနဲ့လမ်းစီမံကိန်းမှာ တရုတ်-ဗဟိုအာရှ- အနောက်အာရှ စီးပွားရေးစကြင်္န် အတွက်အဓိကအရေးပါတဲ့အခန်းကဏ္ဍအဖြစ်နဲ့တည်ရှိနေတယ်။

တရုတ်-ဗဟိုအာရှ- အနောက်အာရှစီးပွားရေးစကြင်္န်ဟာတရုတ်အရှေ့ဘက်ကမ်းရိုးတန်းတွေကအစပြုလာပြီးတရုတ်နဲ့ကာဇက်စ္စတန်နိုင်ငံအစပ်မှာယူရေးရှားသစ်ကုန်းမြေတံတားစကြင်္န်ကနေပြီးခွဲထွက်လာတဲ့မဟာဗျူဟာမြောက်စီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်တယ်။

ဒီလမ်းကြောင်းဟာဗဟိုအာရှ-အနောက်အာရှ-တူရကီ(အင်စတန်ဘူ)-ဘောကန်နိုင်ငံများ မှတစ်ဆင့်ဥရောပအတွင်းပိုင်းကိုဝင်ရောက်တဲ့ လမ်းကြောင်းဖြစ်တယ်။လမ်းကြောင်းမှာဗဟိုအာရှနိုင်ငံများဖြစ်သောတာဂျစ်ကစ္စန်၊တာ့မင်နစ္စတန်နိုင်ငံများမှအီရန်ကိုဆက်သွယ်ထားသော်လည်းယခုအခြေနေတိုင်းဆိုလျှင်အာဖဂန်မြောက်ပိုင်းမှအီရန်သို့သွားခြင်းဖြင့်အစ္စလာမ်မစ်စစ်သွေးကြွတို့ရဲ့နှောက်ယှက်မှုကိုဟန့်တားနိုင်ပေလိမ့်မည်။

အာဖဂန်ကို US တပ်တွေမရုတ်သိမ်းသေးပဲရှိနေသေးတယ်ဆိုလျှင်၎င်းရဲ့စီမံကိန်းလမ်းကြောင်းတစ်လျောက်လုံခြုံရေးအရအနှောက်အယှက်တွေများစွာနဲ့ကျော်လွှားရမယ့်ရန်ကအတိုင်းအတာတစ်ခုထိငြိမ်းအေးသွားတယ်လို့ဆိုရမှာပဲ။ဒါကြောင့်တရုတ်ဟာ US တပ်တွေရုတ်သိမ်းသွားတဲ့ချိန်မှာတာလီလန် ၉ ဦးပါတဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ July 28 မှာ တွေ့ဆုံပြီးအာဖဂန်ပြည်လည်တည်ဆောက်ရေးမှာအဓိကကျတဲ့နေရာကနေပါဝင်လာစေဖို့ မျှော်လင့်တဲ့အကြောင်း၊ဝီဂါမူစလင်တွေနေထိုင်သောတရုတ်နိုင်ငံအနောက်ပိုင်းကရှင်ကျန်းပြည်နယ်အပါအဝင်အရှေ့တာကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှုတွေကိုဖြိုခွဲပစ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်းပြောကြားခဲ့ပြီးတာလီလန်တို့ကလဲအာဖဂန်မြေကိုအသုံးချပြီး တရုတ်ကိုဆန့်ကျင်မှုပြုလုပ်သူမည်သူမဆိုခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကို အာမခံပေးခဲ့တယ်။

ဒီလိုအာမခံလေးပေးထားတော့တာလီဘန်တွေအာဏာရတဲ့အာဖဂန်မှာနိုင်ငံအနောက်ပိုင်းက ဝီဂါမွတ်စဆင်တွေကိုအကြမ်းဖက်မှုတွေလေ့ကျင့်ပေးနိုင်တဲ့ရန်တရန်ငြိမ်းအေးပြီးနောက်ကျောလုံလုံနေရမယ်ဆိုတာပါပဲ။ တရုတ်ဟာစီမံကိန်းမှာအဟန့်အတားဖြစ်စေမယ့်အရာမှန်သမျှကိုဖယ်ရှားနေခဲ့တာပါပဲ။

တရုတ်ကိုကျေးဇူးဆပ်တဲ့အနေနဲ့လမ်းကြောင်းဖွင့်ပေးလိုက်သလိုထင်ရပေတယ်။ဒါမှမဟုတ်ရင်လဲစစ်ရေးအရတရုတ်ဝင်ရောက်လာနိုင်အောင်ဟပေးလိုက်တဲ့သဘောများဖြစ်မလားဆိုတာကတော့ကာယကံရှင်တွေပဲအတိအကျသိပေလိမ့်မယ်။

တရုတ်နဲ့ကုန်သွယ်ရေးစစ်ဆင်နွှဲခဲ့သောထရမ့်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဟောင်းမိုက်ပွန်ပီယိုကတော့ဂျိုးဘိုင်ဒင်ကိုအာဖဂန်က US တပ်တွေကိုရုတ်သိမ်းရခြင်းနဲ့ပတ်သက်ပြီးဝေဖန်ပြစ်တင်နေပါတယ်။

နောက်တစ်ပိုင်းကတော့​​အာဖဂန်မြောက်ပိုင်းမှ တဆင့်အီရန်ကိုချိတ်ဆက်နိုင်ပြီး The enemy of the enemy is my friend ဆိုသလိုပဲ US ရဲ့ရန်သူ၊အီရန်နဲ့ဆက်ဆံရေးအားကောင်းလာပြီးကုန်သွယ်ရေး၊စစ်ရေးဖလှယ်မှုနဲ့အတူနိုင်ငံရဲ့လောင်စာဆီလိုအပ်ချက်အတွက်အဓိကအရေးပါသောပါရှန်ပင်လယ်ကွေ့ကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

US တို့ အရှေ့အလယ်ပိုင်းကိုအာရုံစိုက်မှုလျော့နည်းလာပြီးတောင်တရုတ်ပင်လယ်ဘက်ကိုအာရုံစူးစိုက်နေတဲ့အချိန်မှာယခုဖြစ်စဥ်ကြောင့် US တို့ အရှေ့အလယ်ပိုင်းကို balance ဖြစ်အောင်ပြန်လည်အာရုံစိုက်ရမည်ဖြစ်သောကြောင့်တောင်တရုတ်ပင်လယ်တွင် တရုတ်အတွက်အနည်းငယ်ဖိအားလျော့နည်းသွားနိုင်ပါတယ်။

နောက်တစ်ခုက CPEC တရုတ်-ပါကစ္စတန် စီးပွားရေးစကြင်္န်အနေဖြင့်လဲပါကစ္စတန် ထောက်ခံသောတာလီလန်တို့အာဏာရလာသောကြောင့်ပါကစ္စန်တွင်ရှိသောစီမံကိန်းများဟာ US ကျောထောက်နောက်ခံပြုသောအာဖဂန်ရဲ့ဒီမိုကရေစီအစိုးရပြုတ်သွားခြင်းကြောင့် စိတ်ချလက်ချလုပ်ဆောင်ရလိမ့်မည်ဖြစ်တယ်။ 

တရုတ်ရဲ့ပိုးလမ်းစီမံကိန်းလမ်းကြောင်းကြီး ၆ခုထဲကတစ်ခုအပါဖြစ်တဲ့ CPEC ဟာအိန္ဒိယ နဲ့အငြင်းပွားနေသောကတ်ရှ်မီးယားဒေသမှ လွဲ၍စိတ်ချစွာဆောင်ရွက်နိုင်ပြီးတရုတ်နိုင်ငံ အနောက်ပိုင်းဖွံဖြိုးမှုနည်းသောဒေသများအတွက်အနှောက်အယှက်နည်းနည်းဖြင့်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်တယ်။ 

ဗဟိုအာရှနဲ့ဆက်စပ်နေသောစီးပွားရေးစကြင်္န်များသည်လဲအစ္စလာမ်မစ်စစ်သွေးကြွများကို US တို့ရဲ့နောက်ကွယ်မှထောက်ပံ့မှုမရှိလျှင် အတားအဆီးအနည်းငယ်ဖြင့်၎င်း၏ပိုးလမ်းမစီမံကိန်းကိုဖော်ဆောင်နိုင်လိမ့်မည်ဖြစ်​ပေမည်။ဒါ့အပြင်စစ်ပွဲတွေကြောင့်သုံးစွဲရခြင်းမရှိသေးသောအာဖဂန်မြေအတွင်းမှအဖိုးတန် အရင်းအမြစ်တွေကိုတာလီဘန်တို့နဲ့လက်ဝါးခြင်းရိုက်ပြီးတရုတ်ရဲ့ world hegemony ဖြစ်ဖို့ (ကမ္ဘာ့အဆင့် ၁ ဖြစ်ဖို့)များစွာအထောက်အကူပြုနေပေလိမ့်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ US တို့အတွက် ကုန်သွယ်ရေးစစ်ကြောင့်တေအထိနာမှုတွေ၊ကိုဗစ်ရဲ့ထိုးနှက်ချက်တွေကြောင့်စီးပွားရေးကျဆင်းနေပြီးမှေးမှိန်ကျဆုံးခြင်းရဲ့နိဒါန်းကို ရောက်နေပြီဆိုတာမလွဲဧကန်​ဖြစ်ပါသည်။အာဖဂန်တို့အာဏာရလာခြင်းဟာတရုတ်အတွက်တော့အကျိုးဖြစ်ထွန်းမှုတွေပါပဲ။

သို့ပေမယ့်တာလီဘန်တွေအင်အားပိုကြီးလာရင်တော့အမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာရှိနေမှာမဟုတ်ဘူးဆိုတာတော့အသေအချာပါပဲ။တာလီဘန်တို့အနေနဲ့နိုင်ငံတကာလက်ခံလာအောင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပါ။

မိမိတို့နိုင်ငံအနေဖြင့်ယခုတက်လာသောတာလီဘန်အစိုးရသည်ပြင်းထန်သောဘာသာရေး အစွန်းရောက်ဥပဒေကိုကျင့်သုံးပြီးအစ္စလာမ်ဝါဒတကမ္ဘာလုံးပြန့်နှံ့ထွန်းကားရေးကိုမလွဲမသွေလုပ်ဆောင်မှာဖြစ်သောကြောင့်မိမိနိုင်ငံရဲ့လူမျိုး၊ဘာသာ၊သာသနာနှင့်အချုပ်အခြာအာဏာကိုခြိမ်းခြောက်လျက်ရှိသော ARSA အစွန်းရောက်အဖွဲ့များအားငွေအား၊လူအင်အား၊လက်နက်အင်အားများစွာတိို့ကိုတူညီ​သောဘာသာရေးဝါဒီတွေဖြစ်တဲ့ပါကစ္စတန်၊ဘင်္ဂလားဒေ့ချ်တို့မှတစ်ဆင့်ဝင်ရောက်လာနိုင်ပြီးအထောက်အပံ့ပေးနိုင်သောကြောင့်မိမိနိုင်ငံ၏အနောက်တံခါးအတွက်ပိုပြီးသတိထားကိုင်တွယ်ရမည်ဖြစ်သည်။

2021 Aug 17
crd.copy-Geopolitics.pageမှ

Related Posts:

  • မမင်းဖြူမှန်မှန်ပြောလိုင်းပေါ်တွင် ပီဒီအက်အဖွဲ့ ခေါင်းဆောင်က သူ့တပ်ဖွဲ့တည်းခိုခဲ့သည့် အိမ်ရှင်ကို ပေးထားခဲ့သည် ဆိုသော စာတစောင် ပြန့်နှံ့လျက်ရှိပြီး ထိုစာအား ကရုဏာချီးကျုးသံများ ဝေဆာလျက်ရှိသည်။ သို့သော် ကျနော် ငယ်ငယ်က မိမိအကိုတော်တို့ ကျေးဇူးဖြင်… Read More
  • ဪ အံ့သွဘ ဒီကျောင်းက ဆရာ ဒီကျောင်းကို ဗုံး လာခွဲသတဲ့ဆရာဆိုတာနဲ့မထိုကိတန်ဘူးခွေးစိတ်ပေါကိနေတာ😡Mask ကြီးတပ် ဦးထုပ်လေး ဆောင်း လွယ်အိတ် အစုတ်လေး တစ်လုံးနဲ့ကျောင်းနားမှာ ရစ်သီ ရစ်သီ လုပ်နေလို့စွဲစိပြီး စစ်ကြည့်လိုက်တော့ လွယ်အိတ်ထဲမှာ ရီမု မိုင်းနဲ့ စခန်းကို ဖမ်းလာပြီး ထပ်ပြီး စစ်… Read More
  • စာတစောင်ရဲ့ ရာဇဝင်        မနေ့က လိုင်းပေါ်မှာ ကလော PDF တွေရဲ့ အိမ်ရှင်အတွက် ရေးပေးခဲ့တဲ့ စာတစောင် နဲ့ ဇောင်းထပြီး အပြန်အလှန် ဟားတိုက်နေကြတာ တွေ့ပါတယ် ။      ဝါဒတိုက်ပွဲပါပဲ ။ တခုရှိတာက အဲသလို ပြည်သူ့အပေါ် ပြုမူရမယ် ဆိုတဲ့ မူကို ပထမဆုံး ဥပဒေကဲ့… Read More
  • ယုတ်မာကုန်ကြပြီမကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းထီးလင်း ဆော ဂန့်ဂေါ ကျောက်ထု ဒေသတွင်း PDF များက နိုင်ငံ့ဝန်ထမ်းများအား နိုဝင်ဘာလ ၅ရက်အတွင်း အလုပ်က နှုတ်ထွက်ခြင်းမပြုပါက အသက်အန္တရာယ် အတွက် အာမ မခံဘူးဟု စာထုတ်ပြန်ကာ လိုက်လံဝေငှနေသည်ဟု သတင်းအတိ… Read More
  • ကဲ ဒီလိုတော့ တွေ့ပြီနော်.....တိုင်းပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာအောင်...... ပညာသင်နေတဲ့ ဆရာ ဆရာမများ နဲ့ ကျောင်းသူကျောင်းသားများကိုပါ ရန်ရှာနေတဲ့ PDF........မွေးကင်းစကလေးကနေ သံဃာတွေအထိ ရက်စက်စွာ သတ်ဖြတ်နေတဲ့ PDF........ရပ်ကျေး အုပ်ချုပ်ရေးမှူးကနေ … Read More