Wednesday, August 18, 2021

မြန်မာတွေ ဘွန်ဆိုင်းဖြစ်နေပြီ


CDMကို ကျန်းမာရေးဝန်ကြီးဌာန
ဒေါက်တာဇော်ဝေစိုးတို့က ဦးဆောင်လုပ်သည်။
အတော်များများ  ပညာတတ်များ လိုက်ပါကြ၏။
အဘယ်ကြောင့် အပြောင်းအလဲဖြစ်ရသည်ဟူသော
"အကြောင်းရင်းခံ"ကိုမေ့ထားကြသည်။
- နိုင်ငံကျွန်ဖြစ်လုနီးပါး၊
- အစိပ်စိပ်အမွှာမွှာ ကွဲကြတော့မည့် အခြေအနေကိုလည်း
  မေ့ထားကြသည်။

CRPH ဖွဲ့စည်းသည်။
ဒေါက်တာဆာဆာက ပြောသောစကားများ 
ဖြစ်နိုင်ချေ ရှိ/မရှိ သာမန်လေ့လာသူတစ်ဦးပင်သိနိုင်ပါ၏။
သို့သော်လည်း ယုံစားကြပြန်သည်။တက္ကစီမရှိသော
နေပြည်တော်တွင် တက္ကစီဒရိုင်ဘာဟန်ဆောင်၍ ထွက်ပြေး
လွတ်မြောက်ခဲ့ရပါသည်ဟူသောစကားမှာ နေပြည်တော်
ရောက်ဖူးသူတိုင်းပင် သိနိုင်သည့်အရာဖြစ်ပါ၏။

ဒေသတွင်းအစည်းအဝေးများကျင်းပရာတွင်
နစက အစိုးရနှင့်သာ ဆက်သွယ်ဆောင်ရွက်ကြသော
ရုပ်သံများထွက်လာခဲ့၏။ သို့တိုင်အောင် နိုင်ငံတကာက
CRPH ကိုသာနိုင်ငံတကာက အသိအမှတ်ပြုသည်ဟု
တစ်စုံတစ်ယောက်က ပြောလျှင်လည်း ယုံစားကြပြန်သည်။

QUAD ကသူဘာသာသူ စစ်ရေးပုံမှန်လေ့ကျင့်သည်။
မနက်ဖြန် သန်ဘက်ခါ မြန်မာနိုင်ငံကို လာရောက်တိုက်ခိုက်
လိမ့်မည်ဟု တစ်ယောက်ယောက်က လှော်လိုက်လျှင်လည်း
ယုံလိုက်ကြပြန်သည်။ ထိုင်းနယ်စပ်တွင် Cobra Gold
စစ်ရေးလေ့ကျင့်မှု ပုံမှန်ပြုလုပ်သည်။
မြန်မာ့တပ်မတော်ကိုပင် လေ့လာသူအဖြစ် ဖိတ်ကြားခံရ၏
ဤသည်ကိုလည်း မြန်မာကိုတိုက်ခိုက်တော့မည်ဟုဆိုလျှင်
အဆင်ခြင်မဲ့ ယုံလိုက်ကြပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလစ်ကပင် ကိုယ်တိုင်က
သမ္မတဂျိုးဘိုင်ဒင်၏မူဝါဒနှင့် သဘောထားအရ
- မြန်မာ့အရေးတွင် ကုန်ကျငွေများသော စစ်ရေးစွက်ဖက်မှု
  မျိုးပြုရန် အမေရိကန်တွင် အစီအစဉ်မရှိပါ။
- သို့သော်လည်း ဒီမိုကရေစီသို့ ပြန်သွားရန် ကြိုးစားပါမည်
ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားသည်ကို မေ့လျော့ကြပြီး
- အမေရိကန်ကပင် လေကြောင်းချီတပ်မကြီးဖြင့်
  နေပြည်တော်ကို တိုက်ခိုက်ထိန်းချုပ်တော့မည်ဟူသော
  ကောလဟာလ ထွက်လာပြန်သည်။

- CDM လဲပြိုနေသည်။
- CDM ခေါင်းဆောင်ပိုင်း ဝရမ်းပြေးဖြစ်ကြ၏။
- ဖမ်းဆီးခံသူများလည်း ဖမ်းဆီးခံနေရသည်။
- အခြားသူများလည်း သူ့အိုးသူ့ဆန်တန်သော အပြစ်ပေးမှု
  ခံနေကြရသည်။
- အမြင်မှန်ရ၍ ရုံးပြန်တက်နေကြသည်ကိုလည်း 
  တွေ့ရသည်။
သို့တိုင်အောင် CDM အောင်မြင်နေပါသည်ဟု ဆိုသူက
ဆိုနေကြသေး၏။

- CRPH ခေါင်းဆောင်ပိုင်းအားလုံး ဝရမ်းပြေးဖြစ်နေကြ
  သည်။
- တည်နေရာ ရုံးမရှိသော၊ရုံးမထိုင်နိုင်သော၊ဖွဲ့စည်းပုံအခြေ
  ခံဥပဒေအသစ်မရှိပဲ အစိုးရဖွဲ့နေကြ၏။
- ကိုယ်တိုင် အဖမ်းမခံရအောင် ပြေးလွှားနေကြသူများက
  မည်သို့ အစိုးရဖွဲ့နိုင်ကြပါမည်နည်း။
သူ့ရှေ့က ဒေါက်တာစိန်ဝင်းတို့ NCGUB ပင်နှစ်ပေါင်း
(၃၀)ကျော် ဘာမှမဖြစ်ခဲ့ကြပါ။

မည်သည့်နိုင်ငံကမှ အသိအမှတ်မပြုသော 
CRPH သည်သာတရားဝင်အစိုးရဖြစ်ပြီး 
နိုင်ငံတကာနှင့်တွေ့ဆုံနေသော နစက အစိုးရအဖွဲ့ကို 
လေလှိုင်းပေါ်ကအစိုးရဟု ပြောချင်သလို ပြောသောစကားများကိုလည်းအဆင်ခြင်မဲ့ ယုံစားကြပြန်သည်။

သာမန်လက်လုပ်လက်စား၊ဝန်ထမ်းငယ်များ၊လူငယ်များကို
အပြစ်မဆိုနိုင်ပါ။ထိုသို့ အလွယ်တကူ ယုံစားကြသူများတွင်
အရွယ်ရင့်၊ဝန်ထမ်းကြီး၊ပညာတတ်များပါဝင်နေသည်မှာ
များစွာ အံ့သြဖွယ်ရာဖြစ်ပါသည်။

ယခု ၂၀၂၁ ပြဿနာကား-
- မြန်မာတို့၏ အတွေးအခေါ်သည်
အမှန်တကယ် အပင်သက်ရင့်သော်လည်း 
အပင်မထွားနိုင်သော 
ဘွန်ဆိုင်းအမှန်တကယ်ဖြစ်ခဲ့လေပြီ။

#နေဇင်လတ်
(တစ်မွန်းတည့်နိုင်ငံရေးနှင့်ဟောလိဝုဒ်နွေဦးတော်လှန်ရေး
ဇာတ်ညွှန်း စာမျက်နှာ ၉၂-၉၃)


Related Posts:

  • #လိုင်ဇာထိုးစစ်အခြေအနေ29-7-2021အထွေထွေထိုးစစ်ဝင်မယ့်အကြောင်း မကြေညာခင် အချိန်ကတည်းက နစကတပ်တွေဟာ လိုင်ဇာရှေ့တည့်တည့် ခယော့ဘွမ်တောင်စခန်းမှာ အခိုင်အမာတပ်ဆွဲပြီး ဖြစ်ပါတယ်။ ဒေါ့ဖုန်းယန်ကနေ ခယော့ဘွမ်အထိ ရိက္ခာထောက်လမ်းကြောင်း ဖွင့်ပြီးနောက်မှာ ယခင် စစ… Read More
  • တရုပ်ရဲ့ နန်ဂျင်းနဲ့ ယူနန်မှာ Delta variant ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာပြီလို့ဆိုတယ်၊ဝူဟန်နောက်ပိုင်း ကိုဗစ်ကိုတရုတ်အနေနဲ့သတိထားရမဲ့အချိန်ဖြစ်ပြီလို့ ပညာရှင်တွေကဆိုကြပြီး၊ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင်ကိုဗစ်ကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်ပါတယ်၊(၇) လတာကာလအတွင်း တရုတ်ဟာ ကိုဗစ်ကိုကောင်းကောင်းထိမ်းချုပ်နိုင်ရာကနေdel… Read More
  • တစ်နိူင်ငံလုံးနီးပါးငလျှင်လှုပ်သွားလို့မင်းပြောင်းမင်းလွှဲဖြစ်မလားဆိုပြီးဖုန်းဆက်မေးလာကြတဲ့မိတ်ဆွေတို့ရေ။29.7.2021.(3း10) pmငလျှင်လူပ်ဇာတာကြည့်ပြီးပါပြီ။ဆရာထမင်းစားဖိတ်ကျွေးခံရမှာကြောက်သဖြင့်ရေးလို့ရသလောက်ပဲရေးပါမည်။စိတ်ချ(..)ဘယ်တော့မှပြန်မလာပါ။တပ်မတော်သည်သာ.ဘုန်း… Read More
  • 🦠 သီပေါမင်းကြီး ကြွေလွှင့်ပြန်ပြီမနေ့ကအလယ်တန်းကျောင်းသားဘဝကဆရာတဦးကို အကူအညီပေးနိုင်ခဲ့လို့ကြည်နူးမိတာလေးက (၂၄) နာရီတောင်မပြည့်သေးဘူး၊ဒီမနက်ဇနီးသည်က ကျောင်းထိုင်ဆရာတော်ကြီးပျံလွန်တော်မူတယ်လို့ သတင်းပို့လာတယ်လင်မယားနှစ်ယောက်အနေနဲ့ ဇနီးသည်ကဘာသာရေးနဲ့ပိုထိတွေ့မှ… Read More
  • မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်က မွေးပြီး ဗိုလ်ချုပ်ရဲ့သွေးမပါတာဒေါ်စုဆိုတဲ့အမျိုးသမီးပဲရှိမယ်ထင်ပါတယ်ဗိုလ်ချုပ်သမီးပါဆိုပြီး ဘယ်တုန်းကမှလည်းကျုပ် သူ့ကို အထင်မကြီးခဲ့ဖူးဘူးသူ့အဆင့်က Entertainerပဲဒီထက်ပိုပြီး ဘာမှစောက်သုံးမကျဘူးဗိုလ်ချုပ်ဆိုတဲ့ ရာထူးကြီးပိုင်းကမွေးလာတဲ့သားသမီးတိုင်းကိုလည်း… Read More