Sunday, August 8, 2021

😎 ကုလကိုယ်စားလှယ် အားပြိုင်လေမလား


လာမဲ့ စင်္ကတင်္ဘာ (၁၄)
အိမ်စောင့်အစိုးရရဲ့ ကစလ
NUG ရဲ့ကစလ
ကစလ (၂) ယောက်အားပြိုင်မှုမှာ
မဲခွဲခဲ့ရင် ဘယ်လိုလုပ်မလဲလို့
ပူပန်သူတဦးက ဖုန်းဆက် မေးလာတယ်၊

ကုလုပ်ထုံးလုပ်နည်းတွေရှိပါတယ်
တသမတ်ထဲလိုက်နာသလားဆိုရင်
လိုက်နာတာရှိသလို...
မလိုက်နာတာလဲရှိတယ်၊
ဒါကြောင့်ကမ္ဘာကြီးကမငြိမ်းချမ်းတာပါ၊

ကုလဟာ ငွေကြေးထောက်ပံ့နိုင်သူရဲ့
ဩဇာအောက်မှာရှင်သန်နေရတဲ့ အဖွဲ့အစည်း
ဖြစ်နေတာကြာလှပါပြီ၊ လောလောဆယ်
OIC အထောက်အပံ့ကောင်းလို့
လူ့အခွင့်အရေးမရှိတဲ့နိုင်ငံက
လူ့အခွင့်ရေးကော်မတီမှာ 
ဥက္ကဌဖြစ်နေတာကိုပဲ ကြည့်တော့
ကုလရဲ့ သဘောသဘာဝ ကို
ပုံကြမ်းလေးလောက်သာပြောတာပါ။

အဲ့ဒီတော့
ကုလဆိုင်ရာမြန်မာသံအမတ်ကြီးကိစ္စမှာ
 - အိမ်စောင့်အစရဖက်ကဖြစ်မလား
 - NUG အဆိုပြုတဲ့ဖက်ကဖြစ်မလား ?
စိန်ခေါ်မှုဖြစ်လာပြီး စိုရိမ်တယ်လို့ 
တာဝန်အကြီးကြီးယူဘူးသူက မေးလာတယ်၊

" ကျွန်တော် အဲ့ဒီကိစ္စတွေကို စိတ် (လုံးဝ) မပူဘူး
   á€€á€ťá€˝á€”်တ္ဏ်ပူတဏက ပြည်တွင်းရေးပဲ " လို့
ပြန်ဖြေလိုက်တယ်၊ 

သူအံ့ဩသွားဟန်ရှိပြီးဆက်မေးတယ်၊
ကုလကိုထိမ်းချုပ်ကိုင်တွယ်သူတွေဟာ
ဘမောင်တို့ထက်ပိုမြင်တတ်ပါတယ်၊
NUG ကိုရွေးပါပြီတဲ့၊ နောက်ဘာဆက်လုပ်
ကြမှာလဲ ? အဆိုးစွန်ဆုံး UNSC ကို
မဖြတ်သန်းကြရတော့ဘူးလား ?
ဒီနေ့ နိုင်ငံရဲ့ အာဏာ (၃) ရပ်လုံးကို
ပိုင်ပိုင်နိုင်နိုင်နိုင်ချုပ်ကိုနေတာဘယ်သူလဲ
အိမ်စောင့်အစိုးရဆိုတာ တကမ္ဘာလုံးသိတယ်၊

NUG ကိုရွေးရင်
အာဏာထိမ်းချုပ်ထားတဲ့ အိမ်စောင့်အစိုးရနဲ့
ညှိနှိုင်းဖို့ခက်မယ်၊ အိမ်စောင့်အစိုးရလူကို
ရွေးရင်သာ... NUG နဲ့ကုလားကာနောက်ကွယ်မှာ
စကားပြောလို့ရသေးတယ်၊ ဒါကခြေခံလေးပါ။
ဒိထက်ပိုတာတွေအများကြီးရှိနေပါတယ်။

ချုပ်ပြောရရင်
ကုလထိမ်းချုပ်ထားသူတွေက
ဒါလုပ်ရင် အနာဂါတ်မှာ ဘာတွေထပ်ဖြစ်လာသလဲ
ဘာတွေတွေ့လာနိုင်သလဲအထိ တွေးထားကြသူတွေပါ
ဒါကြောင့်... မေးလာသူကို
" ခင်ဗျားမပူနဲ့၊ ကျွန်တော်လဲ မပူဘူး " လို့ပဲ
ဖြေလိုက်တယ်။

တကယ်ပူရမှာက
ပြည်တွင်းရေး... 
ဖွဲမီးလိုတငွေ့ငွေ့လောင်နေတာ
အခန့်မသင့်ရင် ခွဲစတ် ဖြတ်တောက်ရတာတွေအထိ
ဖြစ်သွားနိုငိတယ်။

#BaMaung.



Related Posts: