Friday, August 20, 2021

#စကြာမင်းသား


တစ်ည၌ ဘိုးတော်ဘုရား ထူးဆန်းသောအိပ်မက်
တစ်ခု မြင်မက်တော်မူလေသည် ။ အိပ်မက်ထဲ၌
ပြည်မြို့နဝင်းရပ်နေ မောင်ရွှေအောင်ရောက်ရှိ
လာပြီး လက်ထဲမှဆေးရုပ်ရှင်ကိုပြကာ မင်းတရား
ကြီး၏ သားတော်ကြီး မဟာဥပရာဇာနှင့် သား
တော် ပြည်မင်းတို့ကိုဆက်သရန် ဤ ဝိဇ္ဇာမယိဒ္ဓိ
ဆေးရုပ်ရှင်တို့ကို မြင်ဗာဟုစေတီတော်ရင်ပြင်၌
စီရင်ပြီးစီးဖြစ်၍   ရှုစားတော်မူလော့ဟုဆိုကာ
အနားမှထွက်သွားသည်တွင် ပကတိမြင်နေရ
သည့်အတိုင်း မောင်ရွှေအောင်သည် သားတော်
ကြီးမဟာဥပရာဇာကို ဆေးရုပ်ရှင်တစ်ခု ပြည်မင်း
သားကို ဆေးရုပ်ရှင်တစ်ခု  ဆက်သသည်တွင်
သားတော်များက ရွှေလက်တော်နှင့်လှမ်းလင့်
ခံယူသည်ကို မြင်တော်မူလေသည် ။

သားတော်ကြီးမဟာဥပရာဇာက ငါ၏သားတော်
စစ်ကိုင်းမင်းထံသို့လည်းကောင်း   ပြည်မင်းက
လည်း သမီးတော်ဆင်ဖြူမယ်ထံသို့လည်းကောင်း
ပို့ကြရမည်ဟု မိန့်တော်မူသော် ဆေးရုပ်ရှင်တို့ကို
စစ်ကိုင်းမင်းနှင့် ဆင်ဖြူမယ်ထံပို့ရန်အတွက် တပ်
ဝင်းခင်းကျင်း၍လာရာ လမ်းခရီးဆုံခိုက် တပ်ဦး
တွင် မောင်ရွှေအောင် မတ်မတ်ရပ်သည်ကိုမြင်
လေ၏ ။

တစ်ခုသောဆေးရုပ်ရှင်ကို မောင်ရွှေအောင်က
ချီပိုက်လိုက်သည်တွင် ဦးသစ်ရွှေလောင်းသကဲ့
သို့ နုနယ်ပျို့ထွား သတို့သားဖြစ်သွားပြီး တစ်ခု
သောဆေးရုပ်ရှင်ကား ရဇိတအခေါင် ငွေတောင်
အဆင်း နတ်မြင်းဖြစ်သွားလေသည် ။ထို့နောက်
မောင်ရွှေအောင်လည်းပျောက် အနောက်ဆောင်
လည်း မီးစွဲလောင်ကျွမ်းလေသည် ။

အိပ်မက်မြင်မက်တော်မူပီး မကြာခင်ကာလ
ဆင်ဖြူမယ်၌ ပဋိသန္ဓေတည်နေသည်ကိုကြား
သိတော်မူသောခါ ဥပုသ်တော် သီလရှိသူတို့
အစောင့်အနေပြုစေ၏ ။ ဖွားတော်မူသည့်တိုင်
နန္ဒဝန်ဥယျာဉ်ရှိ သစ်ပင်အကိုင်းအရွက်တို့မှ
ရေထွက်ခြင်း သီလာစန္ဒနပင်က ထူးခြားစွာ
ရေထွက်ခြင်းစသည့် နမိတ်တို့ဖြစ်ပေါ်လေ၏ ။

ဆင်ဖြူမယ် ကမ္မဇလေလှုပ်ရှား၍ မီးဖွားမည်ပြု
ရာ နှစ်ရက်တိုင် မီးမဖွားနိုင်သဖြင့် မင်းတရားကြီး
က ရွှေထီးတော်ရှစ်လက် ထီးဖြူနှစ်စင်းလက်ဖွဲ့
တော်မူလေသည် ။ ထီးဖြူ နှင့် ရွှေထီးတို့ကို ဖွား
တော်မူရာအဆောင်ထက်၌ ဖြန့်မိုးသော်လည်း
မီးမဖွားနိုင်ဖြစ်နေသဖြင့် ပုဏ္ဏားဖြူ   ပုဏ္ဏားညို
တို့၏ လျောက်ထားချက်အရ ထီးဖြူတော်လေးစင်း
နဝရတ်ကိုးပါး မုနောလင်ပန်းတစ်ချပ်ကို ထပ်မံ
လက်ဖွဲ့တော်မူပီး ထီးဖြူတော်လေးချက် ရွှေထီး
ရှစ်လက်တို့ကို ဖြန့်မိုးစေလျက် မုနောလင်ပန်းကို
မီးရှုးခံ သဉ္ဇာလီအောက်၌ ခံမိကာမှ စကြာမင်းကို
ဖွားမြင်တော်မူလေသည် ။

အချင်းစလွယ် နှစ်ဘက်သိုင်းပြီး  လက်ယာလက်
ဖဝါး၌ လက်ယာရစ်ခရုပတ်ဗွေသည် လက်ဝါးပြည့်
ခုနစ်ပတ်တည်လျက် အလယ်လက်သို့အဖျားတိုင်
တက်၏ ။  လက်ဝဲဘက် လက်ဖဝါး၌ စိမ်းပြာရောင်
ရတီချိန်၃၂ ရတီခန့်ရှိ မြခဲတစ်မျှ မှဲ့ရှင်တော်ပါ၏
ဖွားတော်မူစဉ် ဗဟိုရ်စည်ကြီးနှင့် နာရီတော်ခေါင်း
လောင်းတို့ အလိုလိုမြည်လေသည် ။

နဗဒဏ္ဌမနောဟရထီးဖြူတော်လည်း လန့်၍ပွင့်၏
ဆင်ဖြူတော်ရတနာသည် အရှေ့အရပ်သို့လှည့်၍
နှာမောင်းကို ဦးကင်းထက်တင်ကာ ကြိုးကြာသံ
ပမာ ကျည်ကျည်မြည်လေသည် ။   ရွှေလရောင်
အမည်ရှိ မြင်းတော်သည်လည်း ဖြူဝင်းဆွဆွ အဿ
ကြန်ညီ နာရီတော်မခြား ရောက်လေ၏ ။

ပင်ကုက္ကိုညောင်တွဲလို့ အောင်ပွဲရတို့သခင်
ဘုန်းတောက်မည့်အင် ။ မြတ်ရာဝင် အံ့ချီးဖွယ်
ကမ္ဘာထင်လိမ့် စာတင်သော် ဘယ်မညှိုးတယ်
ဘိုးတော်ချစ်သွေး ။

ပင်ကုက္ကိုခွကြား ငါမင်းသားထိုင်လို့နေ
ရွတ်လိုက်သည့်  ဂါထာတွေ သုံးကုဋေ ရှစ်သန်း
အင်းလမ်းနှင့်စမစုံသည် ဥုံမ,ပါ ထွက်ရပ်သို့မြန်း
တဘောင်တို့သည်လည်း အူအူကျက်ကျက်
တခဲနက်ထွက်ပေါ်လေ၏ ။

စကြာမင်းသားကို ဖွားမြင်တော်မူပီး ခုနစ်ရက်
ရှိလျင် မယ်တော်ဆင်ဖြူမယ် နတ်ရွာစံလေ၏
ဘိုးတော်မင်းတရားသည် မြေးတော်ကို အလွန်
ချစ်မြတ်နိုးတော်မူသည့်အလျောက်ညောင်ရမ်း
မြို့ကို လက်ဖွဲ့တော်မူလေသည် ။ ထိုမင်းသား
ကို ပြည်သူအများ ညောင်ရမ်းမင်းသားဟူ၍
လည်းကောင်း စကြာမင်းသားဟုလည်းကောင်း
ခေါ်ဝေါ်ကြပီး အလွန်ရိုသေခံ့ငြားကြလေသည်။

©
နေမာဗုဒၶႆ
#မြကြာဖြူ
Crd( မျှဝေသည်)


Related Posts:

  • မြန်မာသို့...ဦးတည်နေ😎US ရဲ့ ဆီးရီးယားကစားကွက်ကတူရကီခေါင်းဆောင်တဲ့ဆွန်နီနိုင်ငံတွေကိုအခြေခံတယ်။ တူရကီက အမေရိကန်ရဲ့သြဇာကို အပြည့်အ၀မနာခံတော့ဘဲ ရုရှားနဲ့ထိပ်တိုက်တွေ့မှုကိုရှောင်ထွက်တော့အာဏာသိမ်းဖို့ CIA ကစီစဉ်ပေးတယ်။ ရုရှားရဲ့ SVR က အာဏာသိမ်းမှုမအေ… Read More
  • ထိုင်းမှာလည်းမြန်မာလို တစ်ပုံစံတည်း Victim Blaming ပုံစံ ဖော်ဆောင်လာတယ်။မြန်မာနိုင်ငံ ဆန္ဒပြမှုဖြစ်စဉ် အစောပိုင်းက ပစ်ခံခံရမှုတွေဟာ ရိုးရှင်းမှု မရှိဘူးဆိုတာ ထောက်ပြခဲ့တယ်။ အများစုကသွေးပူနေတော့ လက်မခံကြ။ နေပြည်တော်က ဝန်ထမ်းတွေ ရုံးတက်မယ့်ကားကို ပိတ်ဆို့လို့ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်၊ မန္တလေးက ကြ… Read More
  • လတ်တလောအာဖကန်နစ္စတန်အရေးမှာ တရုတ်ပြည်ဘက်ကတုန့်ပြန်မှု…..စိတ်ဝင်စားစရာသုံးသပ်ချက်ပါလောလောဆယ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Hua Chunying က အာဖကန်နစ္စတန်နဲ့ "Friendly and Cooperative " မိတ်ဆွေရင်းတွေလိုပူးပေါင်းဆောင်ရွက်ဖို့အသင့်ပဲလို့ ပြောသွားပါတယ်။တာ… Read More
  • စုကြည်အကြမ်းဖက် အုပ်စု နှင် ရိုးမဘဏ် အကြောင်း သတင်းဖတ်မိသောအခါစာဖတ်ပရိတ်သတ်များအတွက် ကျွန်တော်၏ ဆောင်းပါးတွင် ဖော်ပြပေးခဲ့သော “အမှားအယွင်း လုံးဝမရှိစေရေး zero error ၊ ချို့ယွင်းချက် လုံးဝ မရှိစေရေး zero defects ” စနစ်ကျင့်သုံးရာနှင့်ပတ်သက်၍ ဆက်နွယ်သော Fact finding strategy ၊ counter che… Read More
  • " လားရှိုးမြို့ PDF သူခိုး ဖမ်းဆီးရမိခြင်း " - ၁၈ - ၈ - ၂၀၂၁ ရက်နေ့ ၊ နံနက် ၃ နာရီခန့် အချိန်တွင် ပုံပါ NLDပါတီထောက်ခံသူ PDF အဖွဲဝင်တစ်ဦးသည် လားရှိုးမြို့ ရပ်ကွက် (၉) ရှိ နေအိမ်အား ဆိုင်ကယ်ဝင်ရောက် ခိုးယူစဉ် အိမ်ရှင်နှင့်ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးပ… Read More