Friday, August 20, 2021

အုပ်ချုပ်မှု နည်းဗျူဟာ


      နဝတ ခေတ်ဦးမှာ နွားခိုးတွေ အလွန်သောင်းကျန်းတယ် ။ တောင်သူတွေက ရဲတွေ တရားရုံးတွေကို အားမကိုးရမှန်း သိလို့ ဗိုလ်ချုပ်ကြီးတွေဆီ တိုက်ရိုက် တင်ပြလိုက်ကြပါတယ် ။ 

       နယ်မြေအသီးသီးဆီ လုံခြုံရေး တပ်တွေ ရောက်လာတယ် ။ နွားခိုးမှုနဲ့ ပြစ်ဒဏ်ကျခံဖူးတွေ အားလုံးကို ခေါ်ယူစစ်ဆေးပါတယ် ။ 

     မပြေးနိုင် မလွှားနိုင်အောင် အသက်အလွန်ကြီးနေတဲ့ နွားခိုးကြီးတွေကို ပြန်လွှတ်ပေးလိုက်ပါတယ် ။ အရွယ်ကောင်း နွားခိုးတွေကို ထပ်မံစီစစ်ပြီး လက်ရှိ ရိုးသားတဲ့ အလုပ် လုပ်ကိုင်နေကြောင်း သက်သေမပြနိုင်ပဲ သူဌေးလို သုံးဖြုန်းနေတဲ့ နွားခိုးဟောင်း အရွယ်ကောင်းတွေကို ပြည်သူလူထု ရှေ့မှာပဲ ပစ်သတ်ပြလိုက်ပါတယ် ။

      ဘယ်တရားရုံး ၊ ဘယ်ရဲစခန်းမှာမှ သက်သေတွေ ၊ အမှုတွေ ပုဒ်မတွေ တပ်ပြီး အလုပ်ရှုပ်မခံခဲ့ပါဘူး ။

     သူတို့ နယ်မြေစိုးမိုးမှု ဆောင်ရွက်နေစဥ် နွားခိုးခံရရင် ခြေရာခံ လိုက်ပါတယ် ။ ခြေရာဆုံးတဲ့ ရွာမှာ တရားခံရှာပါတယ် ။ တရားခံ မပေါ်ရင် အဲဒီ တရွာလုံးကို မောင်းထုတ်ပြီး ရွာပါ ဖျက်ဆီးပစ်လိုက်ပါတယ် ။ 

      အများကြီး လုပ်မပြရပါဖူး သုံး လေး ရွာ လုပ်ပြလိုက်တာ ၁၉၉၀ ကနေ ဒီနေ့ထိ နွားခိုးမျိုးဆက် ပြတ်ကုန်ရတာပါ ပဲ ။

      ယခုဆိုရင် တနိုင်ငံလုံး အနှံ့ အရပ်သားပြည်သူတွေ အဆက်မပြတ် အသတ်ခံနေရပါတယ် ။ နစက အနေနဲ့ တရားဥပဒေ တွင်တွင်ပြောပြီး တာဝန်မဲ့ ဆောင်ရွက်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ အများအပြား သေဆုံးနေကြရပါတယ် ။ 

        အောက်ခြေက လုံခြုံရေးတာဝန်ယာထားတဲ့ ရဲ ၊ စရဖ ၊ SB နဲ့ တပ်မတော် တပ်ရင်း တပ်ဖွဲ့များဟာ ဟိုလက်ညှိုးထိုး ၊ ဒီလက်ညှိုးထိုး ဆင်ခြေ အမျိုးမျိုး ပေးပြီး လူသတ်သမား အားပေးတွေ ဖြစ်နေတာ လက်ရှိမြေပြင် အနေအထားပါပဲ ။ 

       ကျနော် ပုံပြင် တပုဒ်နဲ့ ဥပမာပေး ပြောချင်ပါတယ် ။ 

     တခါတုန်းက လယ်သမားတဦးမှာ နွားတကောင် မြင်းတကောင် နဲ့  ခွေးတွေ မွေးထားပါတယ် ။ နွားက တကောင်တည်း ဆိုတော့ ဆီဆုံ ကြိတ်တဲ့ အချိန်မှာပဲ သုံးလေ့ရှိပါတယ် ။ 

       တနေ့ မြင်းက ခြောက်မိုင်လောက် ဝေးတဲ့ နေရာကို ကုန်သွားပို့ပါတယ် ။ အဲဒီတော့ နွားက ဆီဆုံမှာ ဆီကြိတ်စရာ မြေပဲ မပါ နှမ်းမပါ နဲ့ ဘာမှ မရှိပဲ ဝင်ပြီးကြိတ်လှည့်နေပါတယ် ။ 

     ဘေးနားက ခွေးတွေက ဘာမှ မပါပဲ ဘာဖြစ်လို့ ဆီဆုံ ကြိတ်နေတာလည်း ဆိုတော့ မြင်းက ခရီးထွက်သွားတော့ အလုပ်လုပ်မှန်း သိသာတယ် ငါလည်း အလုပ် လုပ်ပါတယ် ဆိုတာကို သခင် လယ်သမားကြီး သိမှ သားသတ်ရုံကို မပို့မှာတဲ့ ။ 

       နွားက သူ့အကြံနဲ့သူ ဆီဆုံကြိတ်နေပြီး မြင်းပြန်လာတော့ မေးသတဲ့ မင်း ဘယ်နှစ်မိုင် ခရီးပေါက်သလဲ ပေါ့ ။ မြင်းက အသွားအပြန် ၁၂ မိုင်လောက် ရှိမယ်ဗျို့ ပင်ပန်းသဗျာ လို့ ဖြေပါရော ။ 

      ဆီဆုံက နွားကြီးက မြင်းကို ပြုံးပြုံးကြီး ကြည့်ပြီး ပြောလိုက်တယ် အေး ငါ ပတ်သွားနေတဲ့ ခရီးက ဆန့်လိုက်ရင် ၁၅ မိုင်လောက် ရှိတယ် ကွ မင်းထက်ငါက ပင်ပန်းတယ် တဲ့ ။

     အဲဒီ ပုံပြင်ထဲကလို ဖြစ်နေတဲ့ မြေပြင် အနေအထားကို ခေါင်းကြီးပိုင်းတွေ မသိမမြင်ချင်ယောင် ဟန်ဆောင်မနေသင့်တော့ပါဖူး ။ 

     အလုပ်မပါတဲ့ ဆီဆုံကြိတ်ပြနေသော နွားတွေကို ဖယ်ရှားပြီး အစားထိုးရပါမယ် ။ မိမိအပိုင်နယ်အတွင်း PDF အပြတ်မရှင်းနိုင်ရင် ရာထူးက ထုတ်ပယ်စေတဲ့ ပြစ်ဒဏ် ပေးရပါမယ် ။ 

      နွားခိုး ပပျောက်ရေး စီမံကိန်းလို လုပ်ပိုင်ခွင့်အပြည့်အား အာဏာခွဲဝေပေးပါ ။ တာဝန်မကျေသော မြို့နယ်အဆင့်များ အပေါ် ခရိုင် နဲ့ တိုင်းအထိ ပြစ်ဒဏ် ပေးရပါမယ် ။ 

      ချဲ  ဖဲ အရက်ပုန်း အတွက် ခွဲတမ်းယူလေ့ ရှိပြီး ဒီလို ကိစ္စကျမှ အောက်ခြေဆင်းမဖမ်းတဲ့ အဲဒီအဆင့်တွေကို ပူးတွဲ အရေးယူပေးရပါ့မယ် ၊ လိုင်းကြေးမရရင် ဆင်းဖမ်းပြီး PDF ကျမှ မသိချင်ယောင် ဆောင်နေတဲ့ အဆင့်တွေပါ ။ 

         တောရွာတွေမှာ အကြောက်တရား နဲ့ စည်းရုံးခံနေရပြီး အင်အားစုနေကြပါပြီ ။ အာဖဂန်နစ္စတန် လို ဖြစ်မှ ထလုပ်ဖို့ တွေးနေချိန် မရှိတော့ပါဘူး ။ PDF အမြစ်ဖြတ်ဖို့ ဧည့်စာရင်း စစစ်ပြီး မြေလှန်ကြပါစို့ ။ 

      ကိုရွှေမျိုးဝင်း