Monday, August 9, 2021

ဖောရှော နိုင်ငံတော်


          ကျနော်တို့ နိုင်ငံတော်ဟာ ယောင်တောင်တောင် နဲ့ ဘာလုပ်ရမှန်း မသိတဲ့ စီမံအုပ်ချုပ်မှုအောက် ရောက်နေပါတယ် ။ 

      တပ်ချုပ်ကြီးကလည်း ဘာလုပ်ပါ ညာလုပ်ပါ ညွှန်ကြားချက်ထုတ်နေတာနဲ့ ပြီးနေတာပါပဲ ။ 

      အောက်ခြေမှာ ထိရောက်တဲ့ ပြောင်းလဲမှု ဘာတခုမှ ဖြစ်မလာသေးတာဟာ သက်ဆိုင်ရာ ဝန်ကြီးတွေ အလွန်ညံ့ဖျင်းလို့ဆိုတာ ပေါ်လွင်နေပါတယ် ။ 

        စီမံဘဏ္ဍာ ဝန်ကြီးဆိုရင် ယခုထိ လက်စွမ်းမပြနိုင်သေးပါဘူး ။ 

      ဗဟိုဘဏ်ကတော့ ရုပ်ပျက်ဆင်းပျက် ပြည်သူတွေကို ဒုက္ခအပေးဆုံး ဖြစ်နေပါပြီ ။ ဘယ်လောက်ပြောပြော ဘာအကျိုး အကြောင်းမှ ဖြေရှင်းနိုင်ခြင်း မရှိပဲ ပြည်သူကို စော်ကား မောက်မာနေတဲ့ လူယုတ်မာ အစစ်ပါပဲ ။ အဲလို ငွေကြေးကိစ္စကြောင့် ၈၈ အရေးအခင်း ဖြစ်လာရတာ တပ်ချုပ်ကြီး မေ့သွားပြီလား မေးချင်ပါတယ် ။ 

      ပြည်သူ့ချွေးနဲစာကို ယာယီဓားပြတိုက်နေတာ ဗဟိုဘဏ်ပါပဲ ။ ဗဟ်ုဘဏ် ဥက္ကဋ္ဌ နဲ့ တာဝန်ရှိသူများ စောက်ရှက်ရှိသေးရင် နှုတ်ထွက် လူစားလဲကြပါတော့ ။ ခင်ဗျားတို့ ပေါ်လစီ မူဝါဒကို ပြည်သူတွေ ချီးထက်ရွံနေပါပြီ ။ 

      အခွန် ဘဏ္ဍာ ဆိုရင်လည်း ထီကိစ္စကို လာဘ်လာဘ မျှော်ကိုးပြီး သတ်မှတ်တန်ဖိုးထက် ပိုးရောင်းစားနိုင်အောင် အကြံအဖန်လုပိနေကြတာပါ ။ တသက်လုံးက ခိုးလာကြတဲ့ အောင်ဘာလေ ဌာန တာဝန်ရှိသူတွေကို စီစစ်အရေးသင့်ပါပြီ ။ လူကြားမကောင်း ထီစျေးတက်ပြီး ဆုကြေးကြမှ လျှော့ချသတဲ့ အလကား တမင်ယုတ်မာနေတဲ့ အောင်ဘာလေ ဌာန အစိုးရကို သက်သက် နာမည်ဖျက်နေတာပါ ။ အဲဒီ ညွှန်ချုပ် ၊ ညွှန်မှူးတွေ သူခိုးတွေ ချည်းပဲ သူတို့ လိမ်သမျှ အထက်က ဝန်ကြီးကလည်း အူကြောင်ကြောင် လိုက်လုပ်ပေးနေတာ တက်ညီလက်ညီ ကျက်သရေ အဖြာဖြာ တုံးနေတာပါပဲ ။ 

          စိုက်ပျိုးမွေးမြူရေး နဲ့ ဆည်မြောင်း ဝန်ကြီးဌာန က လယ်ယာမြေစိုက်ပျိုးရေး ဦးစီးဌာနက လုပ်ပေါက် ကြည့်ပါအုံး ၊ သူ့ဆီကို ဝန်ကြီးဌာနက စာပို့ထားတာ တလ ကြာမှ အောက်က ခရိုင် ၊ မြို့နယ်တွေဆီကို အဲဒီ ညွှန်ကြားချက် ပြန်ဖြန့်ပို့တယ် ၊ ပို့တော့ စာရင်းကောက်ယူဖို့ အချိန် တစ်ရက်ပဲ ပေးတယ် ဗျာ ။ 

        မအေလိုးတွေ သူတို့လက်ထဲ တလ သိမ်းထားပြီး အထက်က တောင်းမှ အောက်ခြေဝန်ထမ်းတွေကို တရက်ထဲနဲ့ ပြီးအောင်လုပ်ကြဆိုပြီး ညွှန်းကြားတဲ့ အမိန့်က လူမဆန်တဲ့ အမိန့်ဗျ ။ ဒါမျိုးတွေ ဝန်ကြီး မသိဖူး ၊ တပ်ချုပ်ကြီးဆို ပိုဆိုးမယ် ။

      မဖြစ်နိုင်တဲ့ စေခိုင်းချက်ကို ဝေဖန်တဲ့ ဝန်ထမ်းတွေကို နယ်စွန်နယ်ဖျား ပို့တဲ့ အထိ ယုတ်မာခဲ့ကြတာ သည်းမခံနိုင်စရာပဲ ဗျ ။ ကာယကံရှင် နစ်နာမှာစိုးလို့ မတရားလုပ်တဲ့ အရာရှိနာမည် ထည့်မရေးသေးဖူး စိတ်ပါတဲ့နေ့ ဒဲ့ ရေးပြီး တပ်ချုပ်ကြီးဆီ ရောက်တဲ့လမ်းကြောင်းနဲ့  တက်တိုင်မယ် ။ 

      ကျန်တဲ့ဌာနတွေလည်း အတူတူပါပဲ ။ သစ္စာဖောက် ညွှန်မှူး ညွှန်ချုပ်တွေ လိမ်သမျှကို ငတုံး ဝန်ကြီးတွေက ယုံကြည်နေလေသလား ပေါင်းစားသလား မသိဖူး တပ်ချုပ်ကြီးဆီ တင်ပြတာနဲ့ မြေပြင်အနေအထားက တခြားစီပါပဲ ။ 

        အားလုံး ဖောရှောတွေချည်းပါပဲ ။ ဒီလိုနဲ့ တိုင်းပြည်က ဖြစ်ချင်တိုင်း ဖြစ်နေကြတာပဲ ။ အားလုံးအတွက် အကျိုးရှိဖို့ အမှန်တရား ဖြစ်တဲ့ မြေပြင်သတင်းတွေကို အပေါ်ဆုံးက သိဖို့ လိုနေပါပြီ ။ 

      ဝန်ကြီး အဆင့်အထိ လူညစ်ပတ် စားနေကြ ကြောင်ဖား ညွှန်မှူး ညွှန်ချုပ်တွေက ကောင်းစွာ လာဘ်ထိုးခြင်း သို့မဟုတ် ကောင်းစွာ လိမ်ညာခြင်းများ ပြုလုပ်နိုင်ကြပါတယ် ။ 

       ဌာနတခုရဲ့ အပေါ်စီက ကြည့်ခွင့်ရထားတဲ့ ဝန်ကြီးတွေဟာ မြင်အောင်မကြည့်ကြပဲ ငါဝန်ကြီး ပဲ ဆိုကာ ဇိမ်နဲ့ နှပ်နေလို့သာ မသိကြခြင်း ဖြစ်ပါတယ် ။ 

     တပ်ချုပ်ကြီးအနေနဲ့ တကယ်လုပ်မယ့်သူတွေကိုသာ ရွေးချယ်သင့်ပါတယ် ။ 

     ဗဟိုဘဏ်ဥက္ကဋ္ဌ ၊ အခွန်ဦးစီးဌာန တာဝန်ရှိသူများ ၊ မီးရထား ၊ စီးပွားကူးသန်း ၊ ပြည်ထဲရေး အစရှိတဲ့ ဌာနများကို တင်းကြပ်စွာ စောင့်ကြည့် ဖော်ထုတ် စစ်ဆေးသင့်ပါပြီ ။  

       ကိုရွှေမျိုးဝင်း