မြန်မာနိုင်ငံသို့ ရောက်လာတဲ့ အင်္ဂလိပ် ပါမောက္ခ ၂-ယောက်နဲ့ အမေရိကန် ပါမောက္ခ ၂-ယောက်တို့ ရွှေတိဂုံစေတီတော်ကို ဖူးမြော်ကြတဲ့ အခါမှာ ..
" အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ စေတီကို လူတို့က ပန်း ပူဇော်တာ၊ မီး ပူဇော်တာနဲ့ ရှိခိုးတာ တွေဟာ ဘာအကျိုးကျေးဇူး ရရှိပါသလဲ " လို့ အင်္ဂလိပ်လို မေးကြတယ်။
✷ Why do you worship this Pagoda ?
ဒီ စေတီကို သင်တို့ ဘာကြောင့် ကိုးကွယ် ကြပါသလဲ။
✷ This Pagoda is made of bricks.
ဒီ စေတီဟာ အုတ်နဲ့ တည်ဆောက်ထားတယ်။
✷ Your houses are made of bricks.
သင်တို့ရဲ့အိမ်များကိုလည်း အုတ်နဲ့ပဲ ပြုလုပ် ထားကြတယ်။
✷ And your offices are made of bricks.
ပြီးတော့ သင်တို့ရဲ့ ရုံးများကိုလဲ အုတ်နဲ့ပဲ ပြုလုပ် ထားကြတယ်။
✷ What is the difference ?
ဘာ ခြားနားမှု ရှိပါသလဲ တဲ့။
အဲဒီအခါ ဘုရားဂေါပကနဲ့ မြန်မာ၊ အင်္ဂလိပ် ပြောတတ်တဲ့ မစ္စတာဘဲလူးတို့က ပါမောက္ခကို ပြန်မေးပါတယ်။
★ Do you have a wife mister ?
ဆရာ၊ သင့်မှာ ဇနီး ရှိပါသလား။
✷ Oh ! yes.
အို ! ရှိတာပေါ့။
★ Do you have mother ?
သင့်မှာ အမေ ရှိရဲ့လား။
✷ Oh ! yes, I have.
ဟ ! ရှိတာပေါ့ ကွာ။
★ Do you have sister ?
သင့်မှာ ညီအစ်မကော ရှိပါသလား။
✷ Oh ! yes.
အို ! ရှိပါတယ်။
★ Now at night with whom do you sleep ?
ညမိုးချုပ်တဲ့အခါ သင် ဘယ်သူနဲ့ အိပ်ပါသလဲ။
✷ Of course, I sleep with my wife.
ဟာကွာ၊ ငါ့ဇနီးနဲ့အတူ ငါ အိပ်တာပေါ့။
★ Why don't you sleep with your mother ?
သင့်အမေနဲ့ ဘာကြောင့် အတူ မအိပ်သလဲ။
★ Why don't you sleep with your sister ?
သင့်နှမနဲ့ ဘာကြောင့် အတူ မအိပ်သလဲ။
★ Your mother is woman.
သင်ရဲ့အမေဟာ မိန်းမပဲ။
★ Your sister is also woman.
သင့်နှမကလဲ မိန်းမပဲ။
★ And your wife is woman.
ပြီးတော့ သင့်ဇနီးကလဲ မိန်းမ ပါပဲ။
★ What is the difference ?
ဘာခြားနားမှု ရှိပါသလဲ။
အဲဒီအခါမှာ ပါမောက္ခက မျက်လုံးမျက်ဆံပြူးပြီး ပြောလိုက်တယ်။
✷ Oh boy, I get your point.
ဟုတ်ပြီကွာ၊ မင်းဆိုလိုတာကို ငါ နားလည်ပါပြီ။
မစ္စတာဘဲလူး ပြန်ဖြေပေးလိုက်တော့ အင်္ဂလိပ်နဲ့ အမေရိကန် ပါမောက္ခတွေ မေးခွန်း ထပ်မမေးကြတော့ဘဲ ခေါင်းတညိတ်ညိတ်နဲ့ နားလည် လက်ခံ သွားကြတော့တယ်။
အခြားဘာသာ အယူရှိကြတဲ့ နိုင်ငံခြားသားတို့ဟာ စေတီကို အုတ်ပုံလို့ မြင်နေကြတယ်။
#စေတီဆိုတာ_ဗုဒ္ဓရဲ့_သစ္စာလေးပါးကို_မြင်သိတဲ့_ဗုဒ္ဓဉာဏ်တော်နဲ့_သဗ္ဗညုတဉာဏ်တော် #တို့ကို_ကိုယ်စားပြုတဲ့_အထိမ်းအမှတ်_ဖြစ်တာကို_သူတို့တွေ_မမြင်နိုင်ကြဘူး။
#ဒီ_ဉာဏ်တော်တို့ဟာ_ထိပ်တန်း_အကျဆုံးနဲ့_အမြတ်ဆုံး_ဉာဏ်တော်များ_ဖြစ်ကြလို့ #ဒီ_ဉာဏ်တော်များဆီသို့_စိတ်အာရုံ_ညွှတ်သွားပြီး_ကြည်ညိုစိတ်_ဖြစ်သွားတယ် #ဆိုရင်_ကြီးကျယ်တဲ့_ကုသိုလ်ကံ_စေတနာတွေ_ကုဋေချီပြီး_ဖြစ်ပေါ်လာကြတာကို_သူတို့တွေ_မသိကြပါဘူး။
Credit, ဒေါက်တာ မင်းတင်မွန်( မြတ်ဗုဒ္ဓ စာအုပ်မှ )