(အောက်တိုဘာ ၁၅)
...............................................
...............................................
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံက
အိမ်ရှင်အဖြစ် ကျင်းပသော စတုတ္ထအကြိမ်မြောက်
အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး
(4th ASEAN Ministerial Meeting on Women – 4th
AMMW)ကို ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းတွင်
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်
ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
#Royal_News_Agency