■ လက်ရှိ အာဖဂန်နိုင်ငံရဲ့ ကဘူးမြို့ကနေ ယန်းကီးတွေ ဆုတ်ခွာနေကြတဲ့သတင်းတွေ ကို ဖတ်ရ တော့ ကဘူးခရိုင် ဂန်ဒါရာထဲက ကမ္ဘာ့ပထမဦးဆုံးသော ဗုဒ္ဓရုပ်ပွားတော်မြတ် အကြောင်းကို ပြန်ပြောင်းသတိရမိတယ်။ အာဖဂန်မှာ အစ္စလမ်မစ်တွေမထွန်းကားခင် ခရစ်တော်မပေါ်မီ ၃၀၅ ခု) ကတည်းက ဗုဒ္ဓဘာသာထွန်းကားခဲ့ပေမယ့် အေဒီ ၇ ရာစုမှာ စတင်မှေးမှိန်လာခဲ့ပြီး ၁၁ ရာစုမှာတော့ လုံးဝကွယ်ပျောက်သွားခဲ့ရတယ်။
■ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ရွှေတိဂုံကို စပြီးတည်ခဲ့တဲ့ မြတ်ဘုရားသာသနာရဲ့ ပထမဆုံးသော ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တဲ့ တဖုဿနဲ့ ဘလ္လက က သူတို့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဘာသ်မြို့မှာ ဘုန်းကြီးကျောင်းဆောင်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့လို့ သမိုင်းမှာတော့ အာဖဂန်မှာ ရှိတဲ့ ပထမဆုံးသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းလည်းဖြစ်တယ်။
■အာဖဂန်မှာ ပိုပြီးဂုဏ်ယူစရာကောင်းတာက ဘာမီယံတောင်တန်းတွေပေါ်မှာ ပေ ၄၂၀ ကျော်မြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ် ရုပ်တုပုံတော်တွင် ရှိနေတာပဲ။ ဒါပေမဲ့ တာလီဘန်တွေ ရဲ့ လက်ချက်ကြောင့် ကိုဖီအာနန်လက်ထက် ၂၀၀၁ခုနှစ် မတ်လ ၁ ရက်နေ့မှာ ဒိုင်းနမိုက် တွေနဲ့ ဖြိုဖျက်ခြင်းခံ့ခဲ့ရတာ ရင်နာစရာကောင်းလှတယ်။
■အေဒီ ၆၀၀ လောက်မှာ အာရပ်မွတ်စလင်တွေက ပါရှားကို အောင်နိုင်ပြီး ဗုဒ္ဓဘာသာ ထွန်းကားရာ ဘာကား ဒေသတွေကို ရောက်လာခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ကဘူးမှာ ရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို ဖျက်စီးခဲ့ကြသလို ဗုဒ္ဓရုပ်ပွားတော်မြတ်ပုံတွေကို လည်း မီးရှို့ဖျက်စီးခဲ့ကြတယ်။ အေဒီ ၈၇၀ ကာလမှာတော့ ရာကွက်ဘင်လာသီဆိုဖာ ဆိုတဲ့ သူက ဒီနေ့ခေတ် အာဖဂန်ဖြစ်ပေါ်လာမဲ့နေရာဒေသတွေမှာ အစ္စလမ်ဝါဒတွေကို စစ်ရေးနည်းနဲ့ နယ်မြေချဲ့ထွင်နိုင်ခဲ့တယ်။ အေဒီ ၈ ရာစုနဲ့ ၉ ရာစုတွေမှာတော့ အာဖဂန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ မြောက်ပိုင်းဒေသတွေက ဆွန်နီအစ္စလမ်ဘာသာကို သွပ်သွင်းခြင်းခံ ခဲ့ရပြီး ၁၁ ရာစုမှာတော့ ဗုဒ္ဓဘာသာက အာဖဂန်နယ်မြေဒေသထဲကနေ အပြီးတိုင်ချုပ် ငြိမ်းသွားခဲ့ရတယ်။
■ ဒီနေ့ဖြစ်နေတဲ့ အာဖဂန် စစ်ပွဲအကြောင်းပြန်ဆက်ရရင် အာဖဂန်မှာ ရှိနေတဲ့ ကွန်မြူနစ် အစိုးရကို ကူညီဖို့ဆိုပြီး ဆိုဗီယက်နိုင်ငံက ၁၉၇၉ မှာ စတင်ဝင်ရောက်လာခဲ့တယ်။ ထုံးစံ အတိုင်း ဆိုဗီယက်ဝင်တာကို မကျေနပ်တဲ့ ယန်ကီး၊ တရုတ်နဲ့ ဆော်ဒီတို့က မာဂျာဟစ်ဒီး လို့ခေါ်တဲ့ အတိုက်အခံ လက်နက်ကိုင်အင်အားစုတစ်ခုပေါ်ပေါက်အောင် မွေးမြူခဲ့ကြ တယ်။ ၈၉ မှာ ဆိုဗီယက်တပ်တော်နီတွေပြန်သွားပေမယ့် တာလီဘန်လို့ခေါ်တဲ့ ကျောင်း သားတပ်ဖွဲ့ကတော့ ဆော်ဒီရဲ့ငွေကြေးထောက်ပံ့မှုတွေကနေ အင်အားကြီးမားလာခဲ့ တယ်။ ၂၀၁၂ မှာကမ္ဘာကျော်ခဲ့တဲ့ မာလာလာဖြစ်စဉ်ကလည်း အာဖဂန်မှာဖြစ်ခဲ့တာ ဖြစ်တယ်။
■ အာဖဂန်နဲ့ ယန်ကီးဘယ်လို ပတ်သက်ကြလဲဆိုတော့ ၂၀၀၁မှာ ယန်ကီးတွေရဲ့ Wall Trade Center ကြီးကို အိုစမာဘင်လာဒင်က ဘိုရင်း(၂)စီးငှားပြီး တိုက်ခိုက်ခဲ့ရာကနေ အာဖဂန်စစ်ပွဲထဲကို ပါဝင်ပတ်သက်ခဲ့ရတယ်။ အိုစမာဘင်လာဒင်ကိုလွှဲပေးဖို့ ငြင်းဆန်ခဲ့တဲ့ အာဖဂန်ကို NATO အုပ်စုနဲ့ ပေါင်းပြီး ယန်ကီးတို့ ဝင်လာခဲ့သလို ၁၀ နှစ်ကြာ တိုက်ခိုက်ပြီး ခဲ့ချိန်မှာတော့ ၂၀၁၁ လောက်မှာ ဘင်လာဒင်ကိုရရှိခဲ့တယ်။ ငြိမ်းချမ်းရေးအကြောင်းပြ ချက်နဲ့ အာဖဂန်စစ်တပ်ကို ကူညီသယောင်ပါဝင်ပတ်သက်ခဲ့ပေမယ့် ပြည်တွင်း ငြိမ်းချမ်း ရေးကတော့ လက်ရှိအချိန်မှာ သမ္မတကိုယ်တိုင် အာဏာစွန့်ရတဲ့အထိ တာလီဘန်တွေကို အလျော့ပေးခဲ့ရပြီလည်းဖြစ်တယ်။
■ ခုတော့လည်း အာဖဂန်ရဲ့ အရေးကိစ္စဟာ အာဖဂန်ပြည်သူတွေကသာဆုံးဖြတ်ရမှာ ဖြစ်တယ် ဆိုပြီး ယန်ကီးတွေက အာဖဂန်ကနေ တိတ်တဆိတ် ဆုတ်ခွာနေကြလေရဲ့။ အာဖဂန်စစ်ပွဲအတွင်းမှာ အရပ်သားပေါင်း ၅သောင်းနီးပါးသေဆုံးခဲ့ကြသလို အာဖဂန် စစ်တပ်က စစ်သည်ပေါင်း ၇ သောင်းကျော်သေဆုံးခဲ့ကြရတယ်။ ယန်ကီး တပ်ဖွဲ့ဝင်ပေါင်း ၂ သောင်းခွဲကျော် သေခဲ့ကြသလို NATO တပ်ဖွဲ့ဝင်တွေထဲကလည်း ၁သောင်းခွဲလောက် အာဖဂန်စစ်ပွဲမှာ ပေးဆပ်ခဲ့ကြရပြီး စစ်အသုံးစရိတ်နဲ့တွက်မယ်ဆိုရင်လည်း ၂.၂၆ ထရီလီလျံထိသုံးခဲ့လို့ ယန်ကီးတို့အတွက် မအောင်မြင်တဲ့စစ်မျက်နှာပြင်မှာ အချိန်ကုန်၊ လူပမ်းဖြစ်ခဲ့ကြရှာပြီး အရှက်တကွဲနဲ့ အဆုံးသတ်ခဲ့ရတဲ့ သမိုင်းစာမျက်နှာအဖြစ်လည်း သမိုင်းဝင်ခဲ့ရပြန်တယ်။
■ပိုဆိုးတာက တာလီဘန်တွေရဲ့ နိုင်ငံရေးမျက်ခြေမပျက်မှုနှင့် မိတ်ဖက်ဆောင်ရွက်နိုင်မှု တွေဘဲ။ ရုရှားပူတင်ကိုလည်း ရက်ပိုင်းအတွင်းမှာ နယ်မြေတည်ငြိမ်ရေးကို အာမခံပါ တယ်ဆို ပြီးသွားတွေ့ခဲ့သလို တရုတ်ဆီကိုလည်း သံတမန်တွေ စေလွှတ်နိုင်ခဲ့တယ်။ တကယ်တော့ အာဖဂန်ဆိုတာ လူအများမြင်လို့ကောင်းအောင် ချကျွေးခဲ့တဲ့ ဇာတ်ရုပ်ပွန်း လေးတစ်ခုပါပဲ။ နောက်ကွယ်မှာ ကစားနေတဲ့နိုင်ငံတွေကတော့ မြွေမြွေခြင်းခြေမြင်ကြ တာပေါ့။ ခုပဲ ယန်းကီးတို့ အခြေမဟန်လို့ ဆုတ်သွားတာက မျက်မြင်သက်သေပဲမဟုတ် လား။
■နေရာတကာမှာ ငပွကြီးလုပ်ချင်နေတဲ့ ယန်ကီးတွေအတွက်တော့ လက်ရှိ အာဖဂန်ဖြစ် စဉ်က နောင်ကျဉ်စရာဖြစ်နေဦးမှာပါ။ ဘာလို့လဲဆိုတော့ ၁၉၇၅ ခုနှစ် ဗီယမ်နမ်စစ်ပွဲမှာ လည်း အရှုံးနဲ့ ဆုတ်ခွာရသလို ၂၀၂၁ ခုနှစ်မှာလည်း ကဘူးမြို့ကနေ ဆုတ်ခွာထွက်ပြေး ရနေခြင်းက သက်သေပဲမဟုတ်လား။ ပိုဆိုးတာကတော့ ကမ္ဘာဇာတ်ခုံပေါ်မှာ ဘာတွေ ဖြစ်နေမှန်းမသိဘဲ တခါလာလည်း ယန်ကီးတွေ အိန္ဒိယသမုဒ္ဒရာထဲရောက်နေပြီတို့၊ UN တွေ လာနေပြီတို့၊ US NAVY တွေ မကြာခင်ရောက်လာတော့မယ်တို့နဲ့ မျှော်လင့်ချက်တွေ တသီကြီးရှိနေတတ်တဲ့ မြန်မာပြည်က နီပိန်းတွေရဲ့ စိတ်ကူးယဉ်မှုတွေပဲ။ ဗိုလ်ကျစိုးမိုး ချင်တဲ့ ယန်ကီးတွေရဲ့ ခေတ်ဆိုတာ ကုန်သွားခဲ့ပါပြီလေ။
#ဖိုးစီ