သူပုန်တစ်ဖွဲ့တိုးတာကလွဲရင်
ဘာမှ ဖြစ်မလာတဲ့ ၁၉၆၂ ခုနှစ်
၁၉၈၈ ခုနှစ် ၂၀၂၁ ခုနှစ်
Nldပါတီဟာ ဦးနု သန့်ရှင်းဖဆပလ ပါတီလိုပဲ
သမိုင်းကနေ ပျောက်ကွယ်သွားပါလိမ့်မယ်။
ကျွန်တော့် နိုင်ငံရေးသုံးသပ်ချက်
မှနိမလား။
လောင်းရဲပါတယ်။
ဆင်ဘောခွေးမျှော် emotion တော်လှန်ရေး
ဆိုတာ အကြမ်းဖက်မှုတွေကလွဲရင်
ဘာမှ ဖြစ်မလာ နိုင်တော့ပါဘူး။
ဒီpostကို မှတ်ထားပါ။ နောင်တစ်ချိန်
Kyaw Swar ပြောတာက စံဇာဏီဗိုလ်
ဟောတာထက်မှန်ခဲ့တယ် ဆိုတာသိလာပါလိမ့်မယ်။
လက်ရှိ Nld နဲ့pdf သွားနေတဲ့ နိုင်ငံရေး
လမ်းကြောင်းကို က မပြန်လမ်းဖြစ်နေပြီး
နလန်ထူလာနိုင်စရာ အကြောင်း
မရှိတော့လို့ပါ။
တကယ်တော့ ဥပဒေ အပြင်ကို တပ်က တွန်းမထုတ်ပါ
ဘူး Nldက သူ့အလိုလို လက်နက်ကိုင်လမ်းစဉ်ကို
ရွေးပြီး ပြေးထွက်သွားတာပါ။
လက်နက်ကိုင်လမ်းစဉ်ကို သွားတဲ့အခါ
ပါတီတစ်ခု အနေနဲ့ ကိုယ်ကျွမ်းကျင်သော
လမ်းကြောင်းမဟုတ်ဘူး။
လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ် ဆိုတာက
ပြည်သူတွေ လိုက်ပါဖို့ အရမ်းခက်ခဲပါတယ်။
လိုက်ရင်လည်း တစ်ဖက်မှာ တပ်မတော်
ထောက်ခံသူတွေ သူတို့ အခေါ်ဒလန်တွေ ပေါ့။
သူတို့က အခုလို Nld; pdf က လိုက်လံအကြမ်းဖက်
နေတာတောင် ရဲရဲကြီး တပ်မတော်ကိုထောက်
ခံနေကြတာ fb မှာ မြင်နေရတာပဲလေ။
ဒါတောင် တပ်မတော်က စစ်စည်းရုံးတာတွေ
လက်နက်တတ်ဆင်ပေးတာတွေ ဘာမှမလုပ်
သေးပါဘူး။
အဲ့လိုသာလုပ်လိုက်ရင် Nld pdfဆိုတာ နေစရာတောင်
ရှိမှာမဟုတ်တော့ပါဘူး။
သို့သော်တပ်မတော်သည် သူရဲ့ ထုံးစံ အတိုင်း
ဥပဒေ ဘောင်ထဲကပဲ သွားပါတယ်။
တပ်မတော် အာဏာထိန်းမယ်ဆိုတာ Nldဘက်က
ဘာမှ မသိရပါဘူး။
Nldသုတေသန အဖွဲ့ကဆိုတဲ့ မျိုးရန်နောင်သိမ်း
ဆိုတဲ့ လူတောင် ည ၂နာရီအထိ မသိသေးဘူးဗျာ။
အခုလည်း နစက ကနေ အိမ်စောင့်အစိုးရလို့
ပြောင်းလိုက်တယ်။
ဘယ်သူမှ တပ်မတော်ရဲ့သတင်းကို ကြိုမရပါဘူး။
Nld pdf ဘက်က ပြန်ကြည့်လိုက်ပါ။
ဘာမှ မလုပ်ရသေးဘူး အဲ့သတင်းက fbပေါ်ကို
ရောက်နေပါပြီ။
မနေ့ကလို လ ၅၈ ကို Nld pdfနဲ့ Kia ပေါင်းတိုက်
မယ်ဆိုတဲ့ သတင်း မျိုးပေါ့။
တိုက်တောင်မတိုက်ရသေးဘူး ပြည်သူတွေက
တပ်မတော်ကိုသတင်းပေးကြပြီ
လိုင်းပေါ်မှာ ၂၄နာရီ ကြိုတင်ပြီး အဲ့သတင်းက
ရောက်နေပါပြီ။
မြေပြင်မှာက စနစ် ၊စည်းကမ်း၊စွမ်းရည်
တွေ အရမ်းကွာခြား နေလို့ ဒီလို ကြိုပြီး ပြောနိုင်တာပါ။
ကျွန်တော်ပြောတာကို မှတ်ထားပေးပါ။
သူပုန်တစ်ဖွဲ့တိုးတာကလွဲရင် Nld ပါတီ ဟာ
ဦးနုရဲ့ သန့်ရှင်းဖဆပလ ပါတီလိုပဲ သမိုင်းကနေ
ပျောက်ကွယ်သွားပါလိမ့်မယ်။
အဖြေက ရှင်းပါတယ် Nld က ရွှေ့တဲ့ အကွက်မှန်သမျှ
ဟိုဘက်က ကြိုသိတယ်။
တပ်က ဘာလုပ်နေလဲ အနာဂတ်ရည်မှန်းချက်က
ဘာလည်း စီမံချက်တွေ ဘာလည်းNld သတင်းမီဒီယာ Nld
ထောက်ခံသူတွေ ဘာမှ မသိဘူး။
ဒါအဖြေပါပဲ။ တိုက်ပွဲတစ်ခု စစ်ပွဲတစ်ခု နိုင်ငံရေးစစ်ပွဲ
တစ်ခု မှာ သတင်း လက်ဦးမှုရသူ သတင်းမြုပ်နှံနိုင်သူ
ယောင်ပြသတင်းတွေနဲ့ လှည့်စားတတ်သူ တွေသာ
အောင်ပွဲခံကြလို့ပါ။
Kyaw Swar