Saturday, August 7, 2021

ပင်ကိုယ်တော်တဲ့ ဆရာ နှင့် အရိပ်အကဲ


မနက်က ကိုစိုးရောက်လာတော့ ခါတိုင်းလို လေကန်ကြပါတယ် ။

"ငမျိုးရေ မင်းကို တခုမေးမလို့ ကွ မင်း ကျောင်းဆရာလုပ်တုန်းက မင်း နဲ့ အတူ ဆရာမဖြစ်ခဲ့တဲ့ အဂ်လိပ်စာ သိပ်တော်တဲ့ တရုတ်မလေးကို မှတ်မိသလား ကွ ''

"သြော် မှတ်မိတာပေါ့ ဗျ ဘာဖြစ်လို့လဲ ''

"အေးကွ အဲဒီ ကလေးမက အထက်မြန်မာပြည်မှာ ဂုဏ်ထူးတန်း ခုံနံပါတ် ၂ အဆင့်ဆိုတော့ အတော်ဆုံးစာရင်းဝင်နော် ''

"ဟုတ်ပါ့ အလွန်တော်တဲ့ ဆရာမပါဗျာ ''

"ဒါပေမယ့် သူသင်တာကို ကလေးတွေက သိပ်နားမလည် သလို မင်းလောက် သိပ်မအောင်မြင်ဖူး လို့ ငါမြင်တယ်ကွ အဲဒါ ဘာကွာတာလည်း ''

"သူက ပင်ကိုယ်အသိစိတ်နဲ့ ကြိုးစားပြီး ထူးချွန်လာလို့ ဗျ ''

"ဟ ဘာဆိုင်သလဲ ကွ ''

"ဒီလို ဗျ အဲဒီဆရာမက သူဆယ်တန်းရောက်တော့ သိသင့် သိထိုက်တဲ့ သင်ခန်းစာတွေ ကျေညက်နေပြီးမှ ရောက်လာတယ် ၊ သူ့အသိနဲ့သူ စာကျက်ရမယ်လို့ သိပြီးဖြစ်နေတယ် ''

"ဒီတော့...... ''

"သူသင်နေရတဲ့ ကလေးတွေကိုလည်း သူ့လို အခြေခံတွေ ပိုင်နိုင်ပြီးသား သူ့လို အိမ်ရောက်တာနဲ့ စာကျက်နေကြမယ့် ကလေးတွေလို့ သူထင်နေရှာတာ ဗျ ''

"အေး အဲလိုထင်တော့... ''

"ဘယ်ဟုတ်မလဲဗျ ဗရုတ်သုတ်ခ ကလေးတွေ အခြေခံမပါတဲ့ ကလေးတွေက 90% ဆိုတော့ သူသင်ပေးတဲ့ အဂ်လိပ်စာကို နားမလည်ကြဖူးပေါ့ ဗျာ ''

"သြော် သူလိုပဲ သိနေ ကြိုးစားနေမယ်လို့ ထင်နေရှာတော့ မကြပ်မတ် မစစ်ဆေးပဲ သင်စရာရှိတာတွေပဲ ကြိုးစားသင်ပေးရင်း ကလေးတွေလည်း လိုက်မမှီဖြစ်ပြီး ဘာမှ မတတ် နဲ့ အချိန်တွေ ကုန်ခဲ့ရတာပေါ့ ''

"အမှန်ပဲ ကျနော်ကတော့ နဂိုကတည်းက ဗရုတ်သုတ်ခသမားဆိုတော့ ဘယ်ကျောင်းသား ဘာကြံနေတယ်ဆိုတာ ကြည့်ရုံနဲ့ သိတယ်ဗျ ဒါကြောင့် ဆော်သင့်တဲ့ကောင် ဆော် ၊ ငေါက်သင့်တဲ့သူ ငေါက် နဲ့ ချော့တခါ ခြောက်တလှည့် သင်ပေးခဲ့လို့ အောင်မြင်ခဲ့တယ် ပြောရမှာပဲ ''

"အေးကွာ ပညာရေးကဏ္ဍ ထားစမ်းပါအုံ အခု နစက အနေနဲ့ အိမ်စောင့်အစိုးရ ဆိုပြီး အမည်ပြောင်းတယ် ၊ မူဝါဒတွေ ပြောင်းမယ်အနေအထားလား ကွ ''

"လူတွေလည်း ချိန်းထားတာ တွေ့ရတယ် ဗျ ပြောင်းလဲရမှာ သူတို့လည်း သိနေပါပြီ ဗျာ ''

"အေးဗျာ ငါက အခုပြောခဲ့တဲ့ စာသိပ်တော်တဲ့ အဂ်လိပ်စာ ဆရာမလို ကိုယ့်လို သိမှာပဲ တော်မှာပဲ ဆိုပြီး နောက်ပြန်မကြည့်ပဲ ရှေ့ဇွတ်တိုးသင်ရင်း အချိန်တန်မှ စာမေးပွဲ ကျကုန်မှာ မြင်ယောင်နေလို့ပါ ဗျာ ''

"အင်း သူတို့လည်း ခြောက်လပတ် စာမေးပွဲ ဖြေပြီးပါပြီ ဗျာ ဘာသာစုံ ကျနေတာမှ မပြင်ရင်လည်း အဲသလောက် တုံးတဲ့ အစိုးရ ဘယ်ရှိပါ့မလဲ ကိုစိုးရ ''

"အေး အေး ဟုတ်ပါပြီ ကွာ ဘာသာစုံ ဂုဏ်ထူး မထွက်ရင် နေပါစေ လောလောဆယ် အကြမ်းဖက် ဘာသာရပ် နဲ့ ဘောဂဗေဒ လောက်တော့ အောင်မှတ်ရစေချင်ပြီဟေ့ ''

"အမှန်ပဲ ကိုစိုးရေ ပြည်သူတွေမှာ ဘဏ်အပ်ငွေတွေ ထုတ်မရတဲ့ ဒုက္ခ အပြင် ငွေလွှဲဖို့တောင် ခက်ခဲနေတာကို ပြေလည်အောင် လုပ်မပေးနိုင်တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ နဲ့ တာဝန်ရှိသူတွေရဲ့ အရည်အသွေးကတော့ စာအုပ်ထဲမှာ တော်ပြီး အပြင်မှာ သုံးစားမရတဲ့ အလကားလူ အဆင့်တွေပဲ ဗျ ''

"သူတို့ကပါ CDM အားပေး လှည့်စားနေလို့နေမှာပေါ့ ကွာ ၊ တပ်ချုပ်ကြီးက မင်းကြုံခဲ့တဲ့ အဂ်လိပ်စာ ဆရာမ လို နေမှာပေါ့ ငါ့တော်သလို သူတို့လည်း တော်မှာပါ သိမှာပါ ထင်နေလို့ ဗဟိုဘဏ်ကို မတို့သေးတာ နေမှာပေါ့ ''

"ဟုတ်မှာပေါ့ ဗျာ ပြည်သူတွေကတော့ ကြာလေ သုံးစားမရတဲ့ ဗဟိုဘဏ်ကို စောက်မြင်ကပ်လေ ၊ အစိုးရကို အကြည်ညိုမဲ့လေပေါ့ ဗျာ အမြန်ဆုံး တိုးတက်လာဖို့ ပြင်ဆင်ဖို့ လိုအပ်နေတာ တပ်ချုပ်ကြီး သိစေချင်ပါတယ် ''

"အေးကွ လက်တွေ့ အကျိုးရှိစေဖို့ ပင်ကိုယ်တော်ပြီး အရိပ်အကဲ မသိတဲ့ လူတော်စာအုပ်ကြီး သမားတွေထက် အခြေအနေ အရိပ်အကဲ ကြည့်ပြီး ပြတ်ပြတ်သားသား လုပ်ပြမယ့် လုပ်ရဲကိုင်ရဲ သမားတွေကို တိုင်းပြည်က လိုအပ်နေပြီ ကွ ''

"မှန်တယ် ဌာနဆိုင်ရာတွေ ရဲ့ အားနည်းချက်တွေကို မရေးချင်သေးလို့ ချန်ထားတာ အခုတော့ ရေးမှ ဖြစ်တော့မယ် ကိုစိုးရေ ''

"OK ဆော်သာဆော် ကွာ ပြည်သူတွေ နစ်နာသမျှ ဖော်ထုတ်ကြစို့ကွာ ''

"အထောက်အထားတွေ စုနေတယ် ညနေကြမှ ဆော်တော့မယ် နားကြအုံးစို့ ကိုစိုးရေ ''

ကိုရွှေမျိုးဝင်း