Saturday, August 7, 2021

😁 ဂျင်းကိုမှကြိုက်နေတဲ့ ကျွန်တော်တို့နိုင်ငံ


ပြောရရင်
တကမ္ဘာလုံး "ဂျင်း" တွေချည့်ပဲ
အနည်အများလောက်ပဲကွာမယ်
အသိမြင့်တဲ့နိုင်ငံမှာ ဂျင်းနည်းပြီး
အသိနည်းရင်တွေ ဂျင်းများများ
အကျွေးခံကြရလေ့ရှိတယ်၊
................

Covid-19 ဝူဟန်ကစဖြစ်တယ်
နောက်ပိုင်းတကမ္ဘာလုံးပြန့်သွားတယ်
အခု.... မျိုးစိတ်အသစ်တွေထပ်ထွက်လာတယ်
ထူးခြားတာတခုက
ကိုဗစ်မဖြစ်ခင် တနှစ်ကျော် နှစ်နှစ်စောပြီး
ဘာကြောင့်မို့လို ကမ္ဘာကြီးဟာ Virus နဲ့
ရင်ဆိုင်ရလိမ့်မယ်လို့ Bill Gates က
ပြောနိုင်ရခဲ့တာလဲ ?
Obama လက်ထက်မှာ Dr. ဖေါင်ချီကတဆင့်
virus သုတေသနလုပ်ဖို့ တရုတ်ကို ဘာလို့
ဘတ်ဂျက်တွေချပေးခဲ့ရတာလဲ ?
................

အရှေ့အလယ်ပိုင်းမှာ IS တွေ
အလွန်အားကောင်းခဲ့တယ်
အမေရိကန်ကလဲ IS တွေကိုတိုက်ပြနေတယ်
IS ကို ဘယ်သူတွေထောက်ပံ့ပေးနေတာပါလို့
ရုရှားဖက်က ဓါတ်ပုံအထောက်အထားတွေနဲ့
အမြည်းအစမ်းလေး ထုတ်ပြလိုက်ရော
အိုဘားမား၊ ဟီလာရီနဲ့ IS တွေငြိမ်သွားရော၊
.................

ဘိုင်ဒင်ကြီး သမ္မတဖြစ်လာတယ်
အာဖဂန်က အမေရိကန်တပ်တွေကို
အကြောင်းပြပြီး ရုတ်သိမ်းလိုက်တယ်
တာလီဘန်တွေက မြို့တွေတခုချင်း
ပြန်သိမ်းသွားတယ်၊ ပြီးတော့...
ဝမ်ယိနဲ့ တာလီဘန်တွေတွေ့ကြပါလေရော
BRI ကနောက်ကလိုက်လာတယ်။
................

မနေ့က
ဆင်ဖြူ (၂) စီး ထူးထူးခြားခြား
ဓါတ်ပုံတွေတက်လာတယ်
ဘယ်အရင်းအမြစ်ကတင်လိုက်သလဲတော့မသိ
" တခါမှ ဒီလောက်ဖြူတာမျိုးမတွေ့ဖူးဘူး" လို့
အရိပ်အမြွက် ပါးပါးလေးရေးလိုက်ပါသေးတယ်။
ဆွတ် ဆွတ်ဖြူတော့မှာပေါ့...
ပြာဖြူနဲ့ကော်စပ်ပြီး သုတ်ထားတာကိုး။

နောက်ဆင်ဖြူတစီးက အစွယ်ပါတယ်
တိုက်တိုက်ဆိုင်ဆိုင် " ဂျင်း" နှစ်စီး
တနေ့ထဲတက်လာတယ်၊ ဒါကျတော့
နိမိတ်သဘောဖြစ်လေမလားမသိဘူး
ကိုယ်တတ်တဲ့ပညာလဲမဟုတ်လေတော့
ဘာမှမရေးလိုပါဘူး။
................

နောက် "ဂျင်း" သေးသေးတခုက
မိုင် (၁၀၀) ကျော်ကနေ "တူမီး" သေနတ်နဲ့
လှမ်းပစ်တာ ဗကတယောက်နဖူးကိုမှန်သွားသတဲ့
အောက်က ကွန်မင့်မှာ အားပေးလိုက်ကြတာ 
အများကြီး။
မြန်မာတွေ "ဂျင်း" ကိုအတော်ကြိုက်သွားကြပြီ။
.................

ပြောရရင်တော့
မြန်မာတွေဟာ အနောက်ဖက်သွင်းကုန်ဖြစ်တဲ့
imported ဂျင်းနဲ့အထဲ့ခံခဲ့ရတာ 
နှစ် (၃၀) ကျော်ခဲ့ပါပြီ
ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဘာတို့ ညာတို့ပေါ့

ဂျင်းကြိုက်မောင်တွေဆိုတော့လဲ
ဂျင်းကြီးကိုပဲ အစိုးရ (၅) နှစ်ပျော်ပျော်ကြီး
ပေးလုပ်လိုက်သေးတယ်၊ 
ဒီမိုအမည်ခံ အာဏာရှင်ကြီး
အစွယ်ဖွေးဖွေးနဲ့မြင်နေရတာတောင် "ဂျင်း" ရှိန်
မပြယ်ချင်ကြသေးဘူး၊
ဒီနေ့ထိ ဂျင်းမှ ဂျင်းဆိုတဲ့သူတွေ ရှိနေကြသေးတယ်။

ဘမောင်တို့ကလဲ ဂျင်းမှကြိုက်မိကြသကိုး
ဒီတော့လဲ ဂျင်းထဲ့သူကလဲ 
မမောတမ်းတက်ထဲ့ကြဦးပေါ့။

# Ba Maung (7-8-2021)


Related Posts: