Profile ပုံ ပြောင်းပြီး အလှူခံ စားနေကြတာ
အချိန်ပိုင်းစီးပွါးရေး တစ်ခု လိုပါပဲ။
အတော် အောင်မြင်နေကြတယ်။
အရီးဒေါ်ဘုံ လာရမည် လာရမည်😂😂
ကျွန်တော်ရေးဖူးပါတယ် မတူတာတွေ
အများကြီးရှိတယ်လို့။
ကျွန်တော်တို့ဘက်ကာlobby ဆိုတဲ့ ငနဲ
တွေဟာ အခြားအထောက်အပံ့ ရဖို့ မပြောနဲ့
ပုံမှန်သုံးနေတဲ့ ဖုံးဘေလ်တောင် ကို့အိပ်ထဲက
စိုက်ထုတ်ပြီး ကို့ငွေနဲ့ ကိုသုံးရတာပါ။
တစ်ဖက်မှာက အထုပ်နဲ့အထည်နဲ့ အိမ်တိုင်
ယာရောက် လိုက်လံ ထောက်ပံ့တာပါ။
ပေးဖို့ လည်း ဝန်မလေးသလို ကာပေးဖို့လည်း
ဝန်မလေးပါဘူး။
ဒါကြောင့် တစ်ဖက်လော်ဘီ တွေဟာ
ကာလတို အတွင်း ကြီးပွါးလာကြပြီး
ဒီဘက်က လော်ဘီ တွေကတော့ာကာလရှည်ကို
ရပ်တည်ဖို့ ခက်ခဲ ကြပ်တည်း လာကြတာပါ။
သွသူ တပ်က ထိန်းလို့ ပြေးရတာက တစ်ပိုင်းပေါ့။
ဟိုဘက်က ပေးလည်းပေးတယ် စားလည်း
စားတယ်။ ကို့လူကို လည်း အကာအကွယ်ပေးတယ်။
ဒါ့ကြောင့် လူ အများ ရဲရဲ တောက် ဖြစ်ကုန်
တာလည်း အပြစ်ပြောလို့မရဘူးဗျ။
Nldရပ်ကျေး စည်း/မှူးလောက်က သိန်းရာနဲ့ချီ
ကိုင်ထားတာပါ။
အခုလည်း ကြည့် ဟုတ်လားမဟုတ်လား
ရောက်လား မရောက်လား မသိဘူး ထည့်ဆိုထည့်
ကြတာပဲ ဗျ။
အကယ်၍ တပ်ကသာ နိုင်ငံတော်ကို မထိန်းရင်
တစ်နိုင်ငံလုံးအနီ တစ်ပါတီ စနစ် ကြိမ်းသေဖြစ်
လာမှာ အသေအခြာပဲ။
ခင်ဗျား ကြည့်လိုက်လေ တိုင်းရင်းသားနယ်မြေတွေ
မှာတောင် တိုင်းရင်းသားတွေ Nldကို မနိုင်ဘူးဗျ။
ဘာကြောင့်လည်း မဲမသမာမှု ကြောင့်ပေါ့ဗျာ။
ဒါတွေကိုသာ တပ်မတော်က မဖော်ထုတ်ပဲ
မှိန်းနေကြည့် ကြိမ်းသေတယ်။ တပ်မတော် ကိုလည်း
အပြင်ကန်ထုတ်မှာ ဖြစ်သလို အပြိုင်ပါတီ အားလုံး
ကလည်း အကုန်အဖြုတ်ခံရမှာပဲ။
တပ်မတော်ကိုထုတ်တဲ့နေရာမှာ အဓိက အားဖြင့်
တပ်မတော်ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို
အနောက်အုပ်စုနဲ့ ပေါင်းပြီး အရင်ဆုံးရိုက်ချိုးမှာ
ပေါ့ဗျာ။
ကျုပ်ဆိုလည်း ဒီလိုပဲ လုပ်မှာပါ။
အတိုက်အခံ ပါတီ တွေ ကို တော့ သူတို့ အောက်က
UEC နဲ့ လှုပ်မရအောင် လုပ်ထားလိုက်တာပေါ့ဗျာ။
အရင်ကလည်း သူတို့ အခြားပါတီ တွေ အပေါ်
လေးစားမှု ရှိတာ မှ မဟုတ်တာ။
ပြောလိုက်ရင် ခေတ်အမြင် ခေတ် အတွေး နဲ့
စာအုပ်ထဲက အတိုင်းအကြီးကြီးတွေ ပြောတတ်တဲ့
ကျုပ်တို့ အဘ တွေက တကယ်တမ်း နိုင်ငံရေးမှာ
အလုပ်မဖြစ်ဘူး ဆိုတာ ခုထိ မသိသေးဘူးဗျ။
ကျုပ်တို့ လည်း ရချင်လို့ လိုချင်လို့ ပြောတာမဟုတ်
ပါဘူး။ ၁၀ နှစ်ရှိပါပြီ ကို့ ငွေ နဲ့ ကို့ အခြေအနေနဲ့
ရပ်တည်ခဲ့တာပါ။
ကျုပ်ကို ဘာမှ မပေးလည်း ဘာမှ မဖြစ်ဘူး
ကျုပ်အပြင်စီးပွါးရေ ကျုပ်အနေအထားနဲ့ အစဉ်ပြေ
တာထက် တောင် လွန်ပါသေးတယ်။
ဒါပေမဲ့ ဗျာ ကျုပ်ထက်အခြေအနေဆိုးတဲ့ ရပ်တည်
ဖို့တောင် ခက်ခဲ နေ ပြီး အမျိုးသားရေးအတွက်
Public မှာ ပြေးနေသူတွေ အများကြီး ရှိတယ်။
ခင်ဗျားတို့ ကြည့်ရှူ့ပေးသင့်တယ်။ ဒဲ့ရေးတာတောင်
သဘောပေါက်ပါ့မလား မသိဘူးနော်။
Public မှာ မပြေးနိုင်ပဲ သာမန် လမ်းလျှောက်နေသူ
တွေကို ဝါဒရေးရာသင်တန်းတွေ ပေးသင့်တယ်။
မဟုတ်လို့ကတော့ မီဒီယာ လို့ ဆိုသော်လည်း
အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
အားလုံးကို free ရတယ်လို့ထင်နေတဲ့ နောက်ကျနေတဲ့
အမြင်တွေ ပြင်သင့်တယ်။
ယနေ့ fb မှာတစ်ဖက်စောင်းနင်းတွေ ဖြစ်တယ်။
ဘာကြောင့်ဖြစ်သလဲ သမ္မတကြီးဦးသိန်းစိန်အစိုးရ
ကာလ လောက်အထိကာ မီဒီယာမှာ
လက်ဝဲ/လက်ယာ အပြိုင် လောက်ပဲ ရှိတယ်။
Nldအစိုးရ တက်လာတော့ မီဒီယာ ထိန်းချုပ်မယ်
ဘာညာ နဲ့ လက်ညာယိမ်း အမျိုးသားရေAccတွေ
တပ်မတော် page တွေ တပ်မတော်သား ကျုပ်တို့လို
Accတွေကို ဖြုတ်ချ ပါတော့တယ်။
ပြန်ဖွင့် ပြန်ကျ ဆိုတော့ ဘယ်လိုမှာ အမျိုးသားရေး
အားပြန်မကောင်းတော့ဘူး။
အဲ့မှာ ဇောက်ထိုးတွေ ဖြစ် Nldကလည်း သူတို့ကိုပဲ
လူထုက ထောက်ခံတယ်လို့ထင်ပြီး သောက်တလွဲ
တွေ အကုန်လုပ်တော့တာ။
သူတို့ဘာလုပ်လုပ် လူတွေ အကုန်ထောက်ခံတယ်
ထင်တော့တာပါ။
ဆိုလိုတာက အခု အချိန်မှာ အိမ်စောင့်အစိုးရ က
တပ် ဖြစ်တဲ့ အတွက် fb ကို ဝင်ရခက်ပါတယ်။
VPN လောက်နဲ့ အလုပ်မဖြစ်ဘူး ဆိုတာကိုလည်း
နားလည်ပုံ မပေါ်ဘူး။ ဘယ်သူက ဒီ VPN စနစ်ကို
မြှောက်ပေးလိုက်လည်း ကျွန်တော်လည်း မသိဘူး။
အဲ့တော့ နည်းပညာ နဲ့ မထိန်းနိုင်ဘူးဆိုတာ
သေချာနေပြီ။
ဥပဒေ ကြောင်းအရ ထိန်းမယ်ဆိုရင်လည်း
အခု အကြမ်းဖက်ဥပဒေ ပြင်ထားတာ ထောင် ၇ နှစ်
လိုင်းပေါ်မှာကြည့်လိုက် အစိုးရက အကြမ်းဖက်
အဖွဲ့အစည်း ကြော်ငြာထားတဲ့ အဖွဲ့ တွေ အတွက်
ပေါ်ပေါ်ထင်ထင် အလှူခံ ပေးနေကြတာ သောက်သောက်လဲ
ပြစ်မှု မမြောက်ဖူးလို့ တောင် ထင်နေကြပုံပါ။
ဘယ်မှာလည်း ထိရောက်သော ဥပဒေနဲ့
ထိန်းကြောင်းမှု။
နည်းပညာနဲ့ မရဘူး ဥပဒေနဲ့ မရဘူး။
နောက်ဆုံးအဆင့် ဆက်ဆံရေးနဲ့ သွားဖို့ပဲ ရှိတယ်။
အိမ်စောင့်အစိုးရက တပ်ဖြစ်နေလို့ fbက ဆက်ဆံရေး
လုပ်ဖို့ ခက်ခဲတယ် ဆိုရင် မြန်မာပြည်မှာ ပါတီပေါင်း
၉၃ပါတီ ရှိတယ်။
အရပ်ဘက် အဖွဲ့အစည်းတွေ ရှိတယ် ဝင် ကြည့်ပေါ့ဗျာ။
ငုတ်တုတ်ကြီး ထိုင်နေပြီး ငါ blue mark မရ
သေးဘူးလားဆိုတဲ့ လူတွေလည်း အများကြီး ကြုံဖူးပါတယ်။
Nldမှာက လမ်းဘေးက ကောင်တောင် blue markရနေတာလေ။
မယုံရင် fb မှာကြည့်လိုက် အခု လမ်းဘေး
ရောက်နေတာတောင် blue mark တွေနဲ့ဗျ။
ဘာကြောင့်သူတို့ရသလဲ ဝင်ရဲတယ် ပေးရဲတယ်။
ကိုယ်အိပ်ထဲ က ပေးရတာမဟုတ်ဘူး ပေးတယ် ဆိုတဲ့
အချက်ကြောင့်ပဲ ဖြစ်တယ်။
ကျွန်တော်နည်း ကျွန်တော်ဟန်နဲ့ လမ်းကြောင်းတွေ
ခင်းပေးခဲ့တာ အများကြီးပဲ ကျွန်တော်ကိုယ်တိုင်
၁၀ နှစ်နီးပါးလောက် public မှာ ပြေးနေသူ တစ်ယောက်
ဖြစ်တယ်။
ကျွန်တော် သိသမျှ နီးစပ်ရာတာဝန်ရှိသူ အချို့ကို
လမ်းကြောင်း တွေ ပြောပြတယ်။
သို့သော် နောက်ဆုံး VPNအဆင့် လောက်နဲ့ အဆုံးသတ်
သွားတာ ဝမ်းနဲ စရာပါပဲ။
အခုတော့ ဒီ fb ကနေပဲ အလှူခံ ဒီ fbကနေပဲ နိုင်ငံရေး
မတည်ငြိမ်အောင်လုပ် ဒီfbကနေပဲ အကြမ်းဖက်အဖွဲ့
တွေစီကို ငွေကြေးတွေ စီးဆင် နေတော့တာပါ။
ထောင် ၇ နှစ်လို့ ထုတ်ပြန်လည်း အလုပ်မဖြစ် ပါဘူးအဘ ရာ
လို့ တင်ပြလိုက်ပါတယ်။
ဒီခေတ်မှာ ဘာမှ အလကားမရပါဘူး။ Kyaw Swar
အလကား လူမုန်းခံပြီးရေးပေးနေတယ် ဆိုတာ
စစ်သား ဖြစ်နေလို့ပါ။
မဟုတ်ရင် ကျုပ်လည်း အလကားရေးပေးနိုင်မှာ
မဟုတ်ပါဘူး။
Kyaw Swar
နိုင်ငံနှင့်တပ်မတော်အပေါ်ထားသောစေတနာဖြင့်