Sunday, August 8, 2021

Copy 🍁


ဘယ်သူမဆိုပေါ့။ မိတ္တူပေးခံရမှာကြောက်ကြတယ်။ သူများဆီမှာဖြစ်နေတဲ့ အရာတစ်ခု ကိုယ့်ဆီမှာ လာဖြစ်မှာစိုးရိမ်သလို ကိုယ်လုပ်သလို သူများက လိုက်လုပ်ပြီး အကျိုးအမြတ်ယူသွားမှာကိုလည်း သေမလောက်ကြောက်ကြပါတယ်။ ဒါကြောင့်ပဲ နီပိန်းတွေရဲ့လမ်းစဉ်ကို လိုက်ကစားကြည့်ဖို့ စမ်းကြည့်တဲ့ ကျွန်တော်တို့ရဲ့ Petition Website ကြီး ဆိုက်ဘာအတိုက်ခံရပြီး ပြုတ်ကျသွားပါတယ်။ ကျွန်တော်တင်ဖူးတဲ့ ဖုန်းနံပါတ်ကလည်း ကျွန်တော့်ဖုန်းနံပါတ်မဟုတ်ပါဘူး။ ယုံကြည်ရတဲ့ မိတ်ဆွေတစ်ဦးပါ။ ဒီတော့ ဖုန်းခေါ်လည်း မထူးပါဘူး။ ထို့အတူ ဘာမှလုပ်မရတော့ပါဘူး။ (USDP ကို ကစားခွင့် မပေးရဲဘူးပေါ့။ Oh... you really shouldn't have done that.) 

ပထမတစ်ချက်ပြောရရင် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း Covid ကာလအတွင်း အစိုးရရဲ့ စီမံခန့်ခွဲမှုကို မကျေနပ်တာနဲ့ အလုပ်လက်မဲ့ တိုးလာမှုတွေကြောင့် ဝန်ကြီးချုပ် ပရာယုကို ဆန္ဒပြနေကြပါတယ်။ ခပ်ကြမ်းကြမ်း ဖြိုခွဲခံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ .. မြန်မာမှာဖြစ်သွားတာတွေက သင်ခန်းစာယူစရာကိုး။ 

"Thai anti-govt protesters clash with police in Bangkok" ဆိုတဲ့ Reuters ရဲ့ဆောင်းပါးမှာဆိုရင် ယခုတစ်ခေါက် ထိုင်း ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက Ping Pong bombs တွေ၊ ဖန်ဂေါ်လီလုံးတွေ၊ခဲ‌နဲ့ထုတာတွေရှိပြီး ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို မော်တော်ဆိုင်ကယ်တွေ၊ လူနာတင်ယာဉ်တွေနဲ့ သယ်ဆောင်သွားတာ တွေ့ရတယ်လို့ဆိုတယ်။ 

The Guardian မှာဖော်ပြထားတဲ့ "Thai protesters clash with riot police over handling of Covid" ဆိုတဲ့ ဆောင်းပါးမှာကျတော့လည်း ဆန္ဒပြသူတွေ နောက်ဆုတ်သွားဖို့ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ သုံးပြီး ဖြိုခွဲကြောင်းဖော်ပြသလို ရဲတွေရဲ့ စည်းကနေ အသံချဲ့စက်နဲ့ အသိပေးတာတွေကိုပါ ဖော်ပြထားပါတယ်။ မြန်မာ့ဖြစ်စဉ်ကို ရေးကြတာနဲ့ တခြားစီပါ။ မြန်မာမှာဆို လုပ်သေနတ်နဲ့ပစ်နေလည်း Peaceful Protest ပဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းပဲ။ ယှဉ်ပြတာပါ။ 

France 24 မှာ ပြောထားတာကျတော့ ဆန္ဒပြသူ လူ (၅၀၀) ကျော်လောက်ကို ထိန်းသိမ်းဖို့ လုံခြုံရေးအင်အား (၆၀၀၀) လောက် တပ်ဖြန့်ချထားဖို့ စီစဉ်ထားတယ် ဆိုပါတယ်။ "The 500 or so protesters were vastly outnumbered by the police, who said Friday, they planned to deploy nearly 6000 officers to tackle the rally." - တဲ့။ ကြည့်ရတာ ဝန်ကြီးချုပ် ပရာယုအနေနဲ့ မြန်မာမှာလို "အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်" နဲ့ ပြဇာတ်ကဖို့စိတ်ကူး လုံးဝရှိပုံမရပါဘူး။ ခပ်စောစော လက်စသတ်ပါလိမ့်မယ်။ မြန်မာမှာတော့ နိုင်ငံရေးအရ စတန့်ပြလိုက်တာ အခုထိ ဗုံးခွဲလို့ကောင်းတုန်း။ ကာကွယ်ဆေးထိုးစုရပ်သွားဖို့တောင် သရဏဂုံတင်သွားရမယ့်ကိန်း ဆိုက်သွားတယ်။ ပရာယုက မြန်မာကလို မိတ္တူမျိုး လက်ခံယူမှာမဟုတ်ဘူး။ 

ဒုတိယတစ်ချက်က အတော်ရယ်ရတဲ့ ကိစ္စပါ။ နီပိန်းတွေဟာ သူတို့တွေပွဲခံနေတဲ့ Signature Campaign ကို USDP ဝင်လာပြီး Run မှာ သေမလောက်ကြောက်ပါတယ်။ အဲဒီတော့ ဘာမှတောင် မဘာရသေးခင်က ဝက်ဘ်ဆိုက်ကို ဆိုက်ဘာတိုက်ပစ်လိုက်တယ်။ စိတ်ပျက်ပျက်နဲ့ ရယ်ရသေးတော့။ အိပ်ပျော်နေတဲ့ခြင်္သေ့ကြီးကို နာမည်ခေါ်လိုက်ရုံပါ။ ဟိုက ငဲ့ကြည့်ရုံရှိသေး။ ဝက်ဘ်ဆိုက်ကို တိုက်ရတယ်တဲ့လား။ ဟောက်သံတောင်မပေးရသေးဘူး။ USDP လည်း မြင်တတ်ရင် ဂုဏ်ယူသင့်ပါတယ်။ 

ဒေါက်တာ နန္ဒာလှမြင့်နဲ့  USDP ကို ကျွန်တော် အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ လောလောလတ်လတ်ထိ အသတ်ခံနေဆဲဖြစ်တဲ့ စည်းရုံးရေးမှူးတွေအတွက်လည်း ကျွန်တော် များစွာ စာနာရပါကြောင်းပြောလိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ Signature Campaign မှာ USDP ကိုပါ ဆွဲသွင်းရတာက အကြောင်းရှိပါတယ်။ 

- ပထမတစ်ချက် နီပိန်းတွေလုပ်နေတဲ့ Campaign ဆိုတာ စည်းရုံးရေးပါဝါမှာ များစွာအခြေခံတယ်။ အဲဒါကို ကျွန်တော် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ လူကြီးမင်းတို့အတွက်ကျတော့ စည်းရုံးရေးဆိုတာ လူကြီးမင်းတို့ရဲ့ ကျွမ်းကျင်ရာပါ။ 

- ဒုတိယတစ်ချက်က နီပိန်းတွေအနေနဲ့ လက်မှတ် သုံးသိန်း၊ ငါးသိန်း စသည်ဖြင့်ရလို့ ပွဲခံနေတယ်။ ဒါကို USDP ရော လိုက်မလုပ်နိုင်ဘူးလား - လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော် သိသလောက် (၂၀၂၀) ရွေးကောက်ပွဲအလွန် ကာလမှာ ငှက်ပါတီ မဲခိုးတာကို ကန့်ကွက်ဖို့ ပျော်ဘွယ်မဲဆန္ဒနယ်ကနေ အဘ ဦးသောင်းအေး ကောက်ခံလိုက်တဲ့ ကန့်ကွက်ကြောင်း လက်မှတ်ကတင် တစ်သိန်းကျော်တယ်။ ကျွန်တော်တို့ လိုအပ်တာရဲ့ ထက်ဝက်က လူကြီးမင်းတို့အတွက်ဆိုရင် မဲဆန္ဒနယ်တစ်ခုစာပဲ။ ဒီတော့ နီပိန်းတွေ ဂုဏ်ဆာနေတဲ့ လက်မှတ်နှစ်သိန်းဆိုတာ လူကြီးမင်းတို့အတွက် ထမင်းစား ရေသောက် သာ ဖြစ်မယ်လို့ ကျွန်တော် တွက်ဆပါတယ်။ 

- တတိယတစ်ချက်က နီပိန်းတွေဟာ သူတို့ရဲ့ သိန်းဂဏန်းလောက် လက်မှတ်ကလေးကိုပြပြီး သူတို့ရဲ့ နုဂျီကို မြန်မာတစ်ပြည်လုံးက ထောက်ခံတယ်လို့ ပြောနေတယ်။ တစ်ယောက်တည်းပြေးတဲ့ပွဲမှာ ချန်ပီယံအမည်ခံနေတာပဲ။ တကယ်လို့ လူကြီးမင်းတို့သာ နုဂျီနဲ့ သူ့လူတွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း လက်မှတ်လိုက်ကောက်ရင် အဖြေ ဘယ်လိုထွက်မလဲ။ တကယ်လို့ လက်မှတ်က "သန်းဂဏန်း" လောက်ထိ ရလာရင် အဲဒါကို သူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။

- စတုတ္ထတစ်ချက်ကတော့ စစ်ရေးအနည်းငယ် ဆန်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာဆိုရင် လက်တုန့်ပြန်တိုက်ခိုက်မှု - က တအားခေတ်စားတယ်။ အမှန်တကယ် တိုက်တာမျိုးမဟုတ်ရင်တောင် ခေါင်းဆောင်တွေက ကြုံးဝါးပြကြတယ်။ အဲဒါတွေက ကိုယ့်လူတွေရဲ့ စိတ်ဓာတ်ကို တက်ကြွစေပါတယ်။ ငုံ့မခံဘူး ဆိုတဲ့အသိက အင်အားစုကြီးကို ပိုပြီး ကျစ်လျစ်လာစေတယ်။ 

ဒီတော့ USDP ကို စေတနာနဲ့ အကြံပေးတာပါ။ လူကြီးမင်းတို့လည်း Signature Campaign လုပ်သင့်တယ်။ နီပိန်းတွေပြေးတဲ့ ပြေးလမ်းထဲကို ဝင်ပြေးပြီး စိတ်ဓာတ်ကို ဦးချိုးနိုင်သင့်တယ်။ လမ်းပေါ်မတက်ဘဲ အွန်လိုင်းကနေပဲ စီစဉ်ကြည့်ပါ။ အိမ်ထဲမထွက်၊ လူလုံးမပြဘဲ အနည်းဆုံး အကြမ်းဖက် NUG, CRPH နဲ့ PDF ကို ဆန့်ကျင်တာပဲ စ လုပ်ကြည့်။ 

- ပထမ အကျိုးအမြတ်က ဒါဟာ နီပိန်းတွေအတွက် ဖျက်မရတဲ့သမိုင်းဖြစ်လာမယ်။ လူကြီးမင်းတို့ရဲ့ နစ်နာမှုတွေကိုလည်း မှတ်ကျောက်တင်ပြီးသား ဖြစ်မယ်။ 

- ဒုတိယအကျိုးအမြတ်က ဒီလောက် စုတ်ပဲ့တဲ့ အကြမ်းဖက်သမားတွေကို မြန်မာပြည်သူတစ်ရပ်လုံးက ထောက်ခံနေတာမဟုတ်ကြောင်း ပြပြီးသားဖြစ်မယ်။ 

- တတိယအကျိုးအမြတ်က နီပိန်းတွေထက် သာတဲ့ ရလဒ်ကို ရလေ၊ လူကြီးမင်းတို့ရဲ့ လူငယ်တွေ တက်ကြွလာလေဖြစ်မယ်။ 

- စတုတ္ထအကျိုးအမြတ်က လူကြီးမင်းတို့ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို "ပြည်သူရှိသရွေ့ ပါတီရှိမယ်" ဆိုတဲ့ ဒေါ်စုကြည်ရဲ့စကားကိုပါ တုန့်ပြန်ပြီးသားဖြစ်ပါလိမ့်မယ်။ မမေ့ပါနဲ့။ နီပိန်းတွေဂာ ထောက်ခံသူများတဲ့အားကိုးနဲ့ မိုက်တာပါ။ အဲဒါကို တန်ပြန်ကစားနိုင်ရင် ပြီးပြီ။ 

- နောက်ထပ် အကျိုးအမြတ်ကတော့ အဲဒီရလဒ်ကို အစိုးရကလည်း လိုအပ်ရင် ယူသုံးလို့ရတာပေါ့လေ။ ကျွန်တော် ပြောရဲပါတယ်။ လူကြီးမင်းတို့သာ ကမ်ပိန်းကို ပါးပါးနပ်နပ် သုံးကြည့်ပါ။ စိတ်ဓာတ်ကိုသာရိုက်ချိုးလိုက်။ ရွေးကောက်ပွဲနှစ်ခုစာ (ဆယ်စုနှစ်တစ်ခုထိ) နီပိန်းတွေ လုံးဝ ဦးမထောင်နိုင်စေရဘူး။ လုပ်တတ်ဖို့ပဲလိုပါတယ်။

အခုက USDP က Mind Game မကစားလို့သာ နီပိန်းတွေ အသာရနေတာပါ။ ကျွန်တော် ဖိအားပေးတာမဟုတ်ပါဘူး။ ဒီကောင်တွေက သူတို့တွေရဲ့ အကြောက်တရားကို ကျွန်တော့်ဆီမှာ လာချပြသွားလို့ နားလည်လိုက်တာလောက်ပါ။ နိုင်ငံတကာအရေးနဲ့ ချိတ်ပြီးပြောရရင် Antony Blinken/ Wendy Sherman သာမက အမေရိကန် ကာကွယ်ရေးဝန်ကြီးအထိ အာဆီယံကို လက်မလွှတ်နိုင်ကြဘူး။ ဒီတော့ နုဂျီကိုလည်း အစိုးရမဖြစ်နိုင်ရင်တောင် အတိုက်အခံအဖြစ်တော့ မွေးထားမှာ သေချာပါတယ်။ လူကြီးမင်းတို့ရဲ့ ကစားပွဲကြီးက အခုမှ စမှာပါ။ ရေရှည်ကစားပွဲပါ။ ဗျူဟာတွေ အခုကတည်းက ပြင်ထားပါ။

ဒီတော့ ကျွန်တော် အဓိကပြောလိုတာက - 

မိတ္တူကို လူတိုင်းကြောက်ပါတယ်။ လောလောဆယ် ပရာယုကလည်း မြန်မာမှာဖြစ်သလိုမျိုး သူ့နိုင်ငံမှာ လာဖြစ်မှာကြောက်ပါတယ်။ 

နီပိန်းကလည်း သူတို့ရဲ့မိတ္တူကိုသုံးပြီး ခြင်္သေ့ကြီးက ဟောက်သံပေးလာမှာကို သေမလောက်ကြောက်ပါတယ်။ ပြည်တွင်းဆိုတာ ပြည်ပြေးတွေထက်တော့ သာတာပဲ။ အခု လူကြီးမင်းတို့ကို ပြည်သူတွေက အားမရကြတာကလည်း Active မဖြစ်ဘူး လို့ မြင်လို့ပါ။ ခပ်စိပ်စိပ် Active ဖြစ်ကြည့်ပါ။ အမှန်တကယ် ရွေးကောက်ပွဲနီးလာတဲ့အခါကျ အထူးတလည် စည်းရုံးစရာတောင် မလိုဘူး။ အိမ်စောင့်အစိုးရက ကျင်းပတဲ့ လာမယ့် ရွေးကောက်ပွဲကိုလည်း နီပိန်းပါတီက သပိတ်မှောက်ပါလိမ့်မယ်။ ဒီတော့ ကြိုးစားပါ။ အားထည့်ပါ။ 

တစ်ခုတော့ ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ အစိုးရက သိပ်ညံ့ပါတယ်။ တအား ညံ့ပါတယ်။ အာဏာထိန်းလို့သာ ခြောက်လပြည့်လာတယ်။ ပြည်သူတွေမှာ ဆေးထိုးစုရပ်တောင် မသွားရဲဘူး။ အစိုးရရဲ့ပေါ်လစီကို နိုင်ငံရေး အင်အားစုတွေက ထောက်ခံပံ့ပိုးပေးဖို့လိုတယ်။ အခုထိ သူတို့ခမျာ အသတ်ခံနေရတုန်း။ ဒါကတော့ မဟားတရား ညံ့ဖျင်းပြီး ဗွက်ပေါက်လွန်းတယ်ခေါ်ပါတယ်။ နိုင်ငံရေး အင်အားစုတွေရဲ့ အင်အားကို သုံးရမယ့်အစား အခုထိတောင် တည်ငြိမ်အောင်မလုပ်နိုင်သေးဘူး။ ညံ့ဖျင်းမှုက အတိုင်းအတာလေးတော့ ရှိသင့်တယ်။ ထိန်းပါ။ အမြန်ဆုံး တည်ငြိမ်မှ ကျန်တာ ဆက်လုပ်လို့ရမယ်။ 

Thai Protest ပဲဖြစ်ဖြစ်၊ ခြင်္သေ့ကြီးပဲဖြစ်ဖြစ်ပါ။ နောက်လူက ပိုသာအောင် ကိုင်တွယ်နိုင်ပါတယ်။ 

သန့်နေစိုး (8. Aug. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about Thai Protests (2021) described on international media as Reuters, The Guardian and France 24. Some speculations are related to the internal affairs of Myanmar. No fake news, no hate speech, no harassment or bullying, no discrimination and nothing violates the community standards of Facebook. 

For further information, please visit the following links, 

https://www.reuters.com/world/thai-anti-govt-protesters-clash-with-police-bangkok-2021-08-07/

https://www.theguardian.com/world/2021/aug/07/thailand-bangkok-protestors-clash-with-police-over-covid-management

https://www.france24.com/en/asia-pacific/20210807-thai-anti-govt-protesters-clash-with-riot-police-over-handling-of-covid-19

https://www.voanews.com/east-asia-pacific/anti-government-protests-persist-thailand-despite-record-covid-19-cases













Related Posts:

  • သူ့ကိုလူတွေ သတိထားမိကြတာ အထူးအားဖြင့် မြန်မာတွေ ပိုသတိထားမိခဲ့ကျတယ်။၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံတွင်း မူးယစ်  + ဒုစရိုက်မှုတွေကို သူအာဏာရတဲ့နှစ်မှာ အပြင်းအထန်ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။ စနှိမ်နင်းတော့ ဘာမှသိပ်မဖြစ်ပေမဲ့ နောက်ပိုင်းကျတော့ ဒုစရိုက်ဂိုဏ်းတွေ မူးယစ်ဂိုဏ်းတွေနဲ့ပါ ထိပ်တိုက်တွေ… Read More
  • PDF နဲ့ PDF ထောက်ခံငနီတွေသိရန်တပ်ကိုချောင်းပစ်တာပျော်မနေနဲ့ကဲ.....ပစ်တဲ့မြို့နယ်တစ်ခုလုံးအကုန်မထွက်နဲအိမ်ရှေ့တောင်ထွက်မရပ်နဲ့့စားဖို့ဝယ် တဲ့အချိန် ၁နာရီပေးမယ်တစ်အိမ်တစ်ယောက်ပဲထွက်ရမယ်သောက်ချိုးပြေတဲ့အချိန်ထိ ...ဒီအတိုင်းသွားမယ်တစ်အိမ်တက်ဆင်း ..ခနခနလိုက်စစ… Read More
  • S ရှက်လေးလဲ 👇👇နဲနဲရှိပါအုန်း ဟ😂😂😂လှည်းနေနဲ့ လှေအောင်းမြင်းဇောင်းပါ အပြီးလှန်••••လရွှီးလန်ဖြီးပြန်ပေါ့ ပြည်ပြေး••••ပြည်သူမှန်  တယောက်မထွက်S ရှက်ဒီဒေး••••ဘယ်အဖွဲ့မှ လက်မခံဖျက်ပြန်ပေါ့ ဒီဒေး••••နောက်တချီ အပြီးတိုက်မယ်ရွှီးလိုက် ပြည်ပြေး••••    ရွှေမြန်မာ ရဲ့ သမ… Read More
  • PDF တစ်ဦးရဲ့ရင်တွင်းစကား.. အရှိတရား....တောထဲကိုစရောက်တုန်းPDFကအပတ်စဉ် ၁ ဘဲရှိသေးတယ်။အဲဒီတုန်းကတည်းကNUGကPDFတွေအတွက်လက်နက်တွေဘဲအလုံလောက်ရှိသလိုလို...PDFရဲဘော်တွေလဲM16ဘဲကိုင်ကြရတော့မလိုလို...AKဘဲကိုင်ကြရတော့မလိုလို...တနေရာရာမှာဘဲရှိသလိုလို...မကြာခင်ဘဲရောက်လာတော့မလိုလ… Read More
  • မြန်မာနိုင်ငံမှာ OIC ရဲ့ ဂျီဟတ် စစ်ပွဲက အောင်မြင်တယ် လို့ ပြောရမလိုပဲ ။ဘယ်သူကပဲ သတ်သတ် ၊ သေတာကမြန့်မာ့လူငယ် အားကောင်းမောင်းသန်အရွယ်လေးတွေချည်းပါပဲ ။တပ်မတော်ကပဲ သေသေ ၊ GZ ပဲသေသေလူငယ်လူရွယ်တွေ ပါ ။ မြန်မာလူငယ်မျိုးဆက်ဖြတ်နေသလို မို့ လူငယ်တစ်ယောက်သေတိုင်း မြန်မာပြည်အတွက် အားတစ်ခုလျှော့သွားတာပါ ။ရည်… Read More