Wednesday, August 18, 2021

Failure 🍁


အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ဆုတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Biden တစ်ယောက် အလဲအကွဲဝေဖန်ခံနေရပါတယ်။ သူကတော့ အမေရိကန်တွေအနေနဲ့ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်တုန်းက အာဖဂန်ကိုဝင်တိုက်ကတည်းက (၉/၁၁) ဖြစ်စဉ်မှာ အာဖဂန်ကိုအခြေပြုခဲ့တဲ့ Al Qaeda တွေကို ရှင်းလင်းဖို့ ဖြစ်တယ်။ အမေရိကန်ကို ထပ်မံမတိုက်ခိုက်နိုင်စေဖို့ တပ်တွေဝင်ခဲ့တာပဲ၊ နိုင်ငံတည်ဆောက်ရေးအတွက် မဟုတ်ဘူး - လို့ ထ တင်ပါတယ်။ 

လှောင်ခံလိုက်ရတယ်။ သူ လွတ်သွားတာက တကယ်တမ်း အိုစမာဘင်လာဒင် ပုန်းခိုနေခဲ့တာက ပါကစ္စတန်နိုင်ငံမှာပါ။ ဘင်လာဒင်ကို လက်ခံထားခဲ့တာက ပါကစ်တွေ။ အဲဒါကို သူက ပါကစ္စတန်ကို မမည်းဘဲ အာဖဂန်ကိုသွား ကြုံးဝါးပြနေတယ်။ ကျွန်တော် သတိထားမိသလောက် (၉/၁၁) တိုက်ခိုက်မှုကြီး ဖြစ်ပြီးတော့ အမှန်တကယ် သွေးပျက်သွားတာက "ဆော်ဒီအာရေဗျ" ဖြစ်ပါတယ်။ ဘင် လာဒင်က ဆော်ဒီနိုင်ငံသားဖြစ်ခဲ့တာမို့ အမေရိကန်ကြီးရဲ့ အမျက်ဒေါသတွေ သူတို့အပေါ် ပုံကျလာမှာကို အတော်စိုးရိမ်ခဲ့ကြတာပါ။ သို့သော်လည်း ချမ်းသာတဲ့ နိုင်ငံတွေအစား အာဖဂန်နစ္စတန်က ဓားစာခံဖြစ်သွားခဲ့တယ်။ ကြားထဲမှာ ကမ္ဘာကြီးကို တစ်ပတ်ရိုက်ထားတာတွေမှ အများကြီးပါ။ ထားပါတော့။

နှစ် နှစ်ဆယ်ကြာ စစ်စရိတ် ဒေါ်လာ ထရီလီယံချီသုံး၊ အသက်ပေါင်းများစွာ စတေးပြီး တာလီဘန်ကို ဖြုတ်ချဖို့ ဝင်တိုက်ခဲ့တာပါပဲ။ နောက်ဆုံးတော့လည်း တာလီဘန်တွေ ပြန်တက်လာအောင် အူယားဖားယားပြန်ဆုတ်လာတယ်ဆိုတော့ကာ ခပ်ပြင်းပြင်း ဝေဖန်ခံလိုက်ရပါတယ်။ 

"Biden's Afghanistan catastrophe proves that he does not deserve the title of 'commander in chief' လို့ Fox News က ခေါင်းစဉ်တပ်လာပါတယ်။ Biden ဟာ ကာကွယ်ရေးဦးစီးချုပ် ရာထူးမျိုးနဲ့ မထိုက်တန်ပါဘူးတဲ့။ Biden ကောင်းမှုနဲ့ အခုတော့ အမေရိကန်စစ်သားတွေနဲ့ မဟာမိတ်တွေ တကယ်သေကြရတော့မယ် လို့ ဆိုပါတယ်။

CNN ကလည်း ပြောပါတယ်။ အာဖဂန်က ရှုံးပွဲဟာ Biden ဘယ်လိုမှ မငြင်းနိုင်တဲ့အရာပါ တဲ့။ ဘာလို့ အာဖဂန်နစ္စတန် ကိစ္စမှာ အဲဒီလောက် ရစရာမရှိအောင် ဝေဖန်ကြတာလဲ လို့ ကျွန်တော် တွေးမိတယ်။ အာဖဂန်ရဲ့ ပါဝါလေဟာနယ်ကို တရုတ်နဲ့ ရုရှား ဝင်ယူရုံပဲလား ဆိုတော့ အဲဒီထက် ပိုနိုင်ပါတယ်။ အဲဒီဂယက်က အရှေ့အလယ်ပိုင်းကိုပါ လာရိုက်နိုင်ပါတယ်။ 

အနည်းဆုံးတော့ အဲဒီဂယက်က အမေရိကန်ရဲ့ မဟာမိတ် ဆော်ဒီအာရေဗျကို ရိုက်လိမ့်မယ်။ ဘာသာရေးနဲ့ မဆိုင်ရင်တောင်မှ အာရပ်အမျိုးသားရေးစိတ်ဓာတ်ရှိသူတွေက အမေရိကန်နဲ့ပေါင်းနေတဲ့ သူ့မဟာမိတ်တွေကို အမျိုးသားရေး သစ္စာဖောက်တွေလို့ မြင်တတ်ကြတယ်။ လွန်ခဲ့တဲ့နှစ်တွေက ဆော်ဒီမှာ ဂယက်ရိုက်သွားတဲ့ အမှုတွေ၊ တော်ဝင်မင်းသားတွေကြားက အရှုပ်တော်ပုံတွေကလည်း အိမ်ရှေ့မင်းသားနဲ့ ဘာသာရေးအင်အားစုတွေကြားက ပါဝါလွန်ဆွဲပွဲမှာ အခြေခံပါတယ်။ မင်းသားရဲ့ နောက်မှာ အမေရိကန်ရှိတယ်။ ဝါဟာဘီ ဘာသာရေး အင်အားစုတွေနောက်မှာ ပါကစ္စတန်လို နိုင်ငံတွေရှိပါတယ်။ ပါကစ္စတန်က အာဖဂန်မှာ တာလီဘန်တွေကိုသုံးပြီး သူ့ဩဇာကို ချဲ့ထွင်ချင်တယ်။ ပါကစ္စတန်ရဲ့ ရည်ရွယ်ချက်သာ အောင်မြင်ရင် အဲဒီဂယက်က ဆော်ဒီထိ ရိုက်ပါလိမ့်မယ်။

အဲဒီအနေအထားကိုလည်း အိုအိုင်စီအဖွဲ့တွင်းမှာ ဩဇာထူထောင်ချင်နေတဲ့ တူရကီက အမြတ်ထုတ်ဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒီလို သပ်တစ်ချောင်းလို ဖြစ်လာနိုင်မှန်းသိလို့ ဒုက္ခသည်မှန်သမျှ တင်ကျွေးပြီး နိုင်ငံရေးကစားနေတဲ့ ဘင်္ဂလားက ဟာဆီနာတောင် အာဖဂန် ဒုက္ခသည်တွေကို လက်မခံတာ မြင်သာပါတယ်။ 

မည်သို့ပင် ဖုံးကွယ်စေကာမူ အာဖဂန်ကနေ တပ်ပြန်ဆုတ်လိုက်တဲ့ အမေရိကန်ရဲ့လုပ်ရပ်ဟာ သူကိုယ်တိုင်အတွက်ရော သူ့မဟာမိတ်တွေအတွက်ပါ ကျဆုံးခန်း အစပါပဲ။ Biden ကြီးလည်း သက်တမ်းမပြည့်ခင် အစားထိုးခံရပါလိမ့်မယ်။

ဒီတော့ ကျွန်တော် အဓိက ပြောချင်တာက - 

- မြန်မာပြည်က အသိဉာဏ်နိမ့် လူတန်းစားတွေ အားကိုးတကြီး လက်ယပ်ခေါ်နေတဲ့ အမေရိကန်တပ်တွေဝင်လာလို့ ပိုကောင်းသွားတဲ့နိုင်ငံ မရှိပါဘူး။ 
"Our mission was never supposed to be nation building." ပါတဲ့။ သူတို့ သမ္မတကိုယ်တိုင်က ထုတ်ပြောထားတာပါ။ 

- နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ Corporatocracy ကြောင့် ကော်ပိုရိတ်ကြီးတွေရဲ့ အကျိုးစီးပွားအတွက် စစ်ပွဲကြီးတွေဖန်တီးပြီး ကြေးကြီးကြီးနဲ့ လက်နက်တင်ပို့နေတာကလွဲရင် မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ဘာတစ်ခုမှ အာမ မခံနိုင်တာကလည်း အမေရိကန်ပါပဲ။ 

- အမေရိကန်တွေ တပ်ပြန်ဆုတ်သွားလို့ အမေရိကန် တပ်သားတွေ လုံခြုံသွားပြီ၊ ပွဲပြီးပြီ လို့ ပြောရင်တော့ အတော်ကို အတ္တကြီးပြီး ညံ့ဖျင်းတဲ့လုပ်ရပ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အမေရိကန် မီဒီယာကြီးတွေ ကိုယ်တိုင်က သမ္မတကို ရစရာမရှိအောင် ဝိုင်း ဝေဖန်နေကြတာပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ မမေ့မလျော့ တွေးသင့်တာက အမေရိကန်ဟာ အာဖဂန်ကို အမှန်တကယ် ညံ့ဖျင်းလို့ လက်လွှတ်လိုက်တာလား၊ သူ့ရဲ့ ဗျူဟာ နယ်ပယ်ပြောင်းသွားတာလား ဆိုတာပါ။ ကျွန်တော် တွေ့ရသလောက် သူက အရှုံးပေါ်နေတဲ့ အာဖဂန်ထက် အာရှပစိဖိတ်ကို ပြန်လာအာရုံကျနေတယ်။ အိန္ဒိယနဲ့ အာဆီယံဘက်ကို ပို ခြေလှမ်းသွက်လာနေတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေရော၊ ကာကွယ်ရေး ဝန်ကြီးတွေရော ခပ်စိပ်စိပ် ရောက်လာနေတာ တွေ့ရပါတယ်။ ဒီတော့ မပေါ့သင့်ပါဘူး။ 

လူသိရှင်ကြား သိက္ခာကျခဲ့တဲ့ အာဖဂန်နစ္စတန်က ရှုံးပွဲကြီးကို အာဆီယံဘက်မှာ လာ သိက္ခာဆည်မှာကိုလည်း ထည့်တွက်ရလိမ့်မယ်။ 

အခုချိန်မှာတော့ ကျွန်တော်တို့နိုင်ငံက အကြမ်းဖက်တွေဟာ တစုံတရာ အရေးနိမ့်နေပေမဲ့ သိပ်အချိန်ဆွဲလွန်းရင် အနေအထားပြောင်းမသွားဘူး လို့ မပြောနိုင်ဘူး။ အိမ်စောင့်အစိုးရကို ပြုတ်ကျအောင် မလုပ်နိုင်ဘူးဆိုတာ သိသာတယ်။ ဒါပေမဲ့ အိမ်စောင့်အစိုးရရဲ့ အုပ်ချုပ်မှုကို ယုံကြည်မှုကျဆင်းအောင်၊ စိတ်ပျက်အောင်တော့ လုပ်နိုင်တယ်။ နိုင်ငံသားတွေကို ငဲ့ညှာသင့်ပါတယ်။ နေပြည်တော်လောက် လုံခြုံနေရုံနဲ့ နေချင်စဖွယ်တိုင်းပြည် ဖြစ်မသွားပါဘူး။ 

Biden ကြီးကတော့ လုံးဝ Failure ပါ။ မြန်မာနိုင်ငံအတွက်တော့ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ 

သန့်နေစိုး (18. Aug. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about Afghanistan Crisis on the news of the international media. Authentic status of President Joe Biden and articles from CNN and Fox News are denoted. No fake news, no hate speech, and nothing violates the community standards of Facebook. 

For further information, please visit the following links, 

https://www.foxnews.com/media/biden-f-grade-independents-afghanistan-speech-lee-carter

https://www.politico.com/amp/news/2021/08/17/democrat-senate-panels-biden-afghanistan-505665

https://news.yahoo.com/former-cia-analyst-contradicts-msnbc-152600876.html

https://www.cnn.com/2021/08/16/politics/afghanistan-joe-biden-donald-trump-kabul-politics/index.html



Related Posts:

  • ~~~တကယ်တော့ နီပိန်းတေက သနားစရာ ကောင်းပါတယ်~   á€Ąá€˛á€›á€…် စုကြည်က   ~ကိုဗစ်  လူနာ တစ်ယောက်ကို ဆေးကု ပေးတာ ၆  သိန်း ကုန်တယ်  ပြောလည်း   á€šá€Żá€śá€á€Źá€˜á€˛     á€€á€­á€Żá€—á€…á€şá€œá€°á€”á€Źá€á€…á€şá€šá€ąá€Źá€€á€ş အရေးပေါ် ကုပေးရရင်  သိန်း ၅၀  လောက်ကုန်တယ်ပြောလည်း     á€šá€Żá€śá€á€Źá€˜á€˛    US  ကသမ္မတကြီးထရန့် ထိုးတဲ့  ကိုဗစ်ဆေးတေ မ… Read More
  • ဗိုလ်နဲ့ လက်ထပ်လိုက်ရင် အပြစ်ကလွတ်ရောလားတပ်မတော်ထောက်ခံသူ မိသားစု နီပိန်းများက အုံလိုက်ကျင်းလိုက် ဘဝဖျက်ခဲ့ကြပြီး တပ်ကလည်း အကာအကွယ်မပေး၊ ရဲကလည်း အကာအကွယ်မပေး မိသားစု လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိသားတစ်စုအကြောင်း(ဗိုလ်ကတော် ဖူးသက်သက်အောင်က ဒလန်စွပ်စွဲ… Read More
  • #လာပြန်ပြီတခါCovid ဟာ နိုင်ငံတွေရဲ့စီးပွားအတက်အကျကိုကြီးကြီးမားမား အပြောင်းအလဲဖြစ်စေလိမ့်မယ်လို့ရေးခဲ့တာရဲ့နောက်ဆက်တွဲပါ၊Airbus, Boeing, Container lines စတာတွေဘီလီယံနဲ့ ချီပြီးဆုံးရှုုံးခဲ့တာတွေမပါသေးပါ...............................ခရက်ဒ… Read More
  • မဲမသမာမှု ၁၁သန်းကျော် တွေ့ရှိကြောင်း UEC က အပြီးသတ်ထုတ်ပြန်လိုက်ပြီနေပြည်တော်၊ ဇူလိုင် ၈NLDအစိုးရလက်ထက်တွင် ကျင်းပခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲသမမာမှုဖြစ်ပွားခဲ့သော မဲဆန္ဒရှင်အရေအတွက်စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ (ဆယ့်တစ်သန်းကျော်) ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က စိစစ်ထုတ်ပြန်လ… Read More
  • "ဗုဒ္ဓကို ခလုတ်မတိုက်နဲ့"ကိုးကွယ်ရာ ယုံကြည်ရာ ဆည်းကပ်ရာမြတ်စွာဘုရားရယ်လို့ ဆိုလိုက်တာနဲ့ဗုဒ္ဓဘာသာဝင် သူတော်စင်မှန်ရင် á€›á€šá€şá€…á€›á€Źá€Ÿá€Źá€ž အဖြစ်နဲ့တောင်မဆိုပါနှင့်🎗ခင်များတို့ကျွန်တော်တို့နေတဲ့ နိုင်ငံဟာ(Buddha country) ဗုဒ္ဓဘာသာအများစုကိုးကွယ်နေထိုင်တဲ့ နိုင်… Read More