အရှေ့အလယ်ပိုင်းဒေသ
ဗဟိုအာရှနဲ့
အိန္ဒိယတို့ အကြား
တရုပ်ပြည်မအနားက
"ပိုးလမ်းမ"ပေါ်မှာ
အာဖဂန်နစ္စတန် ဆိုတာရှိတယ်။
အရွယ်အစားက
မြန်မာနဲ့မခြားလှဘူး
ရုရှားက တစ်ခါ
ယန်းကီးမှာ တစ်လှည့်နဲ့
ဝင်ခဲ့ ပိုင်စိုး
သေနတ်တွေ မိုးထားကြ
အမျိုးအစားကတော့
သိပ် မကောင်းလှဘူးပေါ့။
ယန်းကီးတွေရဲ့
ပေးကမ်းထောက်ပံ့မှုနဲ့
မှီခိုတဲ့ တပ်မတော်
သုံးသိန်းကျော်ပေမယ့်
ပထွေး အပေါ်အားထား
ယုံကြည်မှု လွန်သွားတော့
တစ်နေ့ တခြား
အပေါစား စစ်သားတွေက
ပျော့ကျ သွားကြတယ်။
အခြေအနေ မဟန်လို့
အမေရိကန် ပြန်အပြေးမှာ
အာဖဂန် သွေးပြရင်း
အရည်အချင်းက မရှိ
အလွန်အမင်း အားကိုးမိကြလို့
"ဇ"ကလဲ မရှိလှနဲ့
နောက်ကျတဲ့ ခြေထောက်
အသက်ရဲ့ သစ္စာဖေါက်ပေါ့
ခုတော့...တစ်ယောက်မကျန်ပြေးပြီ။
အစိုးရကောင်းတစ်ခု
ခိုင်မာစွာရပ်တည်မှုက
ပြည်သူ့တပ်မတော်သား
စစ်သည်တော်ကောင်းများက
"အရေးသုံးပါး" စိတ်ဓါတ်နဲ့
မားမား မတ်မတ်
နောက်ကရပ်ထားမှ
တပ်နေလဲ ပျော်ကြ
စစ်တိုက်လဲတော်ပါမှ
မြန်မာ့..."အချုပ်အခြာ"
မြဲမြံစွာ ခိုင်မာဖို့
သေချာတာ...တစ်ခုက
ဒါ..အဓိက မို့လားဗျာ....။ ။
#ကျော်ထွဋ်ခေါင် ""