ယနေ့တာ၀န်ရှိ သူ
တပ်မတော် အရာရှိကြီးတစ်ဦး၏ တွေ့ဆုံစဥ်က ပြောကြား
ချက်အရ---/"အဘ အနေနဲ့ လူမှု့ စာမျက်နှာမှာ ဘာမှမဟုတ်
ကြတဲ့ သူတွေနဲ့ ပြိုင်ပြီး လူငယ်လေးတစ်ဦးလို ဟာသPost,
တွေ မတင်ပါနဲ့ လားခင်ဗျာ၊ဘာ့ကြောင့်လဲ?ဆိုတော့ အဘက
ရန်ကုန်လွှတ်တော်မှာ ခြေစွာခဲ့တော့ ယခု နိုင်ငံတော်အကြီး
အကဲ အချို့က အဘရဲ့ Page,ကို စောင့်ကြည့် နေကြလို့ ပါ"
တယ့် ခင်ဗျာ၊ သိခွင့်ရလိုက် လို့အလွန်ပင်ကျေးဇူးလည်း တင်
မိပါသည် ခင်ဗျား၊ ကျွန်တော့် အနေဖြင့်တော့ မိတ်ဆွေများ
က ဘယ်သူ မှ ကြည့်သည် ဖြစ်စေ မကြည့်သည်ဖြစ်စေ အ
ရေးမကြီးပါ၊ကိုယ်ရေးချင်တာ ရေးနေရရင် ပျော်နေတဲ့သူပါ
အထက်ပါ စကား ကြားထားမိလို့ လဲ ယခု Post,လေး အား
ယနေ့ထုတ်သတင်းစာ(၁၈-၈--၂၀၂၁)ကို ဖတ်ကြည့်ပြီးနောက်
ရေးသားလိုက်တာ ဖြစ်ပါသည် ခင်ဗျား၊
မနေ့ညကပင် နစကဥက္ကဌ၏ နေပြည်တော်မြို့တော်ဖွံဖြိုးတိုး
တက်ရေး အစည်းအဝေးအကြောင်းအား ည(၈)နာရီသတင်း
မှာ ကြားခဲ့ပြီးသား ပါ၊သို့သော် ယနေ့သတင်းစာ ဖတ်မှ သာ
ပိုပြီး ပြည့်စုံစွာ လေ့လာခွင့် ရခဲ့တာပါ၊
နေပြည်တော်မြို့တော်ကြီးအား ဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့ က
မဖြစ်မနေ လုပ်ကို လုပ်ရ မှာပါ၊ သို့သော် ------/
ကျွန်တော့်အမြင်တော့ လူဦးရေအရ နေပြည်တော်ထက်(၇)
ဆ ပိုမိုကာ လူဦးရေများပြားသော ရန်ကုန်မြို့ကြီးအားလည်း
အိမ်စောင့် အစိုးရကြီးအနေဖြင့် ဦးစားပေးကာ လုပ်ပေးသင့်
ပါတယ်၊အမှန်တကယ်ဆိုရင် ရန်ကုန်မြို့ကြီးဖွံ့ဖြိုးဖို့အတွက်
က ပိုလို့ပင် ဦးစားပေးကာစည်းဝေး လုပ်ဆောင်သင့် ပါတယ်၊
ယခုလက်တွေ့ ဖြစ်နေတာက ရန်ကုန်သည် နေပြည်တော်မြို့
တော်လောက် တည်ငြိမ်ကာလုံခြုံမှု မရှိ၊ဖြစ်နေတာက တော့
သေချာပါတယ်၊နေ့စဥ်လိုလို ရန်ကုန်နဲ့ နယ်မြို့တွေမှာ အပြစ်
မဲ့ ပြည်သူတွေ အသတ်ခံနေရပါတယ်၊ဗုံးသံ/သေနတ်သံ က
နေ့စဥ်လိုလို မပြတ် ကြားနေရပါတယ်၊စိတ်ပျက်စရာ ပါ၊
အများပြည်သူ သွားလာရေးအတွက်များကလည်း နေပြည်
တော်ထက်ပင် ပိုမိုကာ အဆောတလျင် လိုအပ်နေပါ တယ်၊
အမတ်ဘ၀တုန်းက ရန်ကုန်အတွက် ဒေသန္တရအုပ်ချုပ်ရေး
အကြောင်းခေါင်းစဥ်ဖြင့် ပညာရှင်များက ဆွေးနွေးကြရာမှာ
နေပြည်တော်နှင့် အခြားသောမြို့ကြီးများထက် လုပ်ငန်းစဥ်
များက ပိုမိုလျင်မြန်စွာ အမြန် ပြုပြင်ပြောင်းလဲရန် လိုအပ် နေပြီ ဖြစ်ကြောင်းကို သိရှိလိုက်ရပါသည်၊
ထို့ကြောင့် မကြာမှီ လူဦးရေ(၁၀)သန်းရှိလာနိုင်သည့် မီဂါစီး
တီး ရန်ကုန်မြို့တော်ကြီးအတွက် အဘက်ဘက်က တိုးတက်
လာစေဖို့ အိမ်ကြီးအား အိမ်ဦးခန်းကိုသာ အလှအရင် မဆင်
သေးဘဲ ကျက်သရေခန်းဖြစ်သည့် ဧည့်ခန်းကြီးအားလဲ အိမ်
စောင့်ကြီးမှ ဦးစားပေးကာ ဆောင်ရွက်ပေးပါ အုံး ခင်ဗျား။
(လေးစားစွာဖြင့်-----/ကျော်ဇေယျ၊ကိုယ်စားလှယ် ဟောင်း)