(၁၉၈၈) အရေးအခင်းအပြီး
ထွက်ပေါ်လာသော အထက်ပါ
အက္ခရာသုံးလုံး၏ ကျူးလွန်ခဲ့သော
ပြစ်မှုများမှာ အောက်ပါအတိုင်းဖြစ်သည် ။
၁။ (၁၉၄၇ ၊ ၁၉၇၄ ၊ ၂၀၀၈) ခုနှစ်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများအား ဖျက်စီးရန် ကြံရွယ်ခြင်း(ဖျက်စီးခဲ့ခြင်း) ။
၂။ (၁၉၈၈) မှ(၂၀၂၁) ခုနှစ်အတွင်း
အရေးအခင်းပေါင်းများစွာဖန်တီးခြင်း၊
သွေးထိုးခြင်း၊လှုံ့ဆော်ခြင်း။
၃။ တပ်မတော်၏လွတ်လပ်ရေးဖခင်၊
အမျိုးသားရေးခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်အား ကျဆင်းစေရန် နည်းမျိုးစုံ အသုံးချ၍ အာဏာရယူရန် ကြိုးပမ်းခဲ့ခြင်း။
၄။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်
မည်သူပင်ဖြစ်စေ စစ်အာဏာရှင် သူခိုးများဟု
စွပ်စွဲပုတ်ခတ်ကာ မျိုးဆက်သစ်လူငယ်များအား အမုန်းတရားရိုက်သွင်းခြင်း၊ တပ်မတော်နှင့်ပြည်သူအား နည်းမျိုးစုံသွေးခွဲခြင်း ။
၅။ နိုင်ငံခြားသားနှင့် နိုင်ငံတကာ
အဖွဲ့အစည်းများအား အလွန်အကျွံအားကိုးခြင်း၊ အမှီပြုခြင်း ( ပထွေးအဖေခေါ်ခြင်း ) ။
၆။ (၈၈) ကျောင်းသားဟောင်းများအား
အခြေပြု၍ မျိုးဆက်သစ်ကျောင်းသားသမဂ္ဂများများစွာ မွေးထုတ်ခဲ့ခြင်း ( အဓိကရုဏ် အဖွဲ့အစည်းများလက်သပ်မွေးမြူခြင်း ) ။
၇။ အမျိုးဘာသာ၊သာသနာ
ကွယ်ပျောက်စေရန် ကြံရွယ်လုပ်ဆောင်ခြင်း
( " မ.ဘ.သ "အားဖျက်သိမ်းကာ
ဘာသာခြားများအား အခွင့်ထူးခံ အားပေးအားမြောက်ပြုခြင်း) ။
၈။ (OICနှင့်CIA) တို့၏ အလိုကျ
တိုင်းပြည်ပျက်စီးစေရန် ကြံဆောင်ခြင်း။
၉။ ရွေးကောက်ပွဲ မဲမသမာမှုများဖြစ်သည့်
မြို့နယ်အလိုက်သိသာထင်ရှားစွာ မဲခိုးယူ၍အတင်းအဓမ္မ အာဏာရယူရန် ကြိုးပမ်းခြင်း။
၁၀။ နိုင်ငံတော် ဘဏ္ဍာငွေများနှင့်
လုပ်ငန်းရှင်များထံမှ အဂတိအလွန်အကျွံလိုက်စားခြင်း ( နိုင်ငံတော်ဗဟိုဘဏ်မှ ငွေစာချုပ်များရောင်းစားထားခြင်း ) ။
၁၁။ ၂၀၂၁ဖေဖော်ဝါရီ(၁) ရက်မှစ၍
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသစ်မှ ခေတ္တအာဏာထိန်းလိုက်ပြီးနောက် အရေးအခင်းနှင့် သပိတ်ပေါင်းများစွာ ဆူပူအကြမ်းဖက်လှုပ်ရှားကြခြင်း။
၁၂။ အစိုးရယန္တရားများပျက်စီးစေရန် ရည်ရွယ်၍ နိုင်ငံတော်နာမည်ကြီး ရုပ်ရှင် မင်းသား/မင်းသမီများ၊အဆိုတော်များအား ငွေကြေး(ငွေမဲ) မြောက်များစွာ ပေးသွင်း၍ အစိုးရဝန်ထမ်းကောင်းများ
အား(CDM) တွင်ပါဝင်လာရေး ကြိုတင်လှုံ့ဆော်
ထားခဲ့ခြင်း ( အာဏာဝင်ထိန်းသိမ်းခံရမှာကြိုသိနေပြီလေ သူတို့လုပ်ပုံတွေက ပိရိသေသပ်မှု့မှမရှိ ပဲ
ဘယ်သူ့မှ ဂရုမစိုက်သလို ပြောင်ပြောင်းတင်းတင်းကြီး လုပ်ခဲ့ကြတာကိုး ) ။
၁၃။ (CDM) ရှုံးနှိမ့်စဉ်
(CRPH) အားထောက်အကူပြုစေရန်
မတရားအစိုးရဖွဲ့လာခြင်း၊ ၎င်းအဖွဲ့မှ ကွန်မြူနစ်ဆန်ဆန် အပြစ်မဲ့ပြည်သူများ၊ဝန်ထမ်းများကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ အစိုရအဆောက်အဦးများအား ဗုံးခွဲခြင်း မိုင်းထောင်ခြင်း၊ မီးရှို့ခြင်း၊စသည့် အချက်များ လက်ရှိ ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
အဆိုပါ အက္ခရာသုံးလုံး၏နှစ်(၃၀) ကျော်
ကြိုးပမ်းအားထုတ်မှု့မှာ လက်ရှိအခြေအနေ
အတိုင်းဖြစ်ပါကြောင်း ၊ထို့အတွက်ကြောင့်
၎င်း ( N L D ) အက္ခရာသုံးလုံးမှာ
မကြာမီပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
😎😎😎 #Crdတွတ်ပီ 7.8.2021