မြန်မာနိုင်ငံ ဆန္ဒပြမှုဖြစ်စဉ် အစောပိုင်းက ပစ်ခံခံရမှုတွေဟာ ရိုးရှင်းမှု မရှိဘူးဆိုတာ ထောက်ပြခဲ့တယ်။ အများစုကသွေးပူနေတော့ လက်မခံကြ။
နေပြည်တော်က ဝန်ထမ်းတွေ ရုံးတက်မယ့်ကားကို ပိတ်ဆို့လို့ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်၊ မန္တလေးက ကြယ်စင် ပစ်ခတ်ခံရမှုဖြစ်စဉ်။ သုံးသွားတဲ့ ကျည်ဆန်က 9mm တွေ အဲ့ဒီလောက် အကွာအဝေး ရောက်ဖို့ ခဲယဉ်းတာကို ရှင်းပြပေမယ့် လက်မခံနိုင်ကြဘူး။ အခုလက်နက်ဖမ်းမိတိုင်း ဖောဖောသီသီ တွေ့နေရတာ 9mm ကျည်ဆံတွေနဲ့ သေနတ်တွေချည်းပဲ ဘောပင် သေနတ်တောင် ပါသေးတယ်။
အခုလည်းထိုင်းမှာ တစ်ပုံစံတည်း ဆန္ဒပြတဲ့ ၂၀ ကျော်အရွယ် အမျိုးသမီးခေါင်းကို သေနတ်နဲ့ အပစ်ခံရတယ်။ ဆက်ပြီး စောင့်ကြည့်ရတာပေါ့ သေခြာတာတော့ ထိုင်းတွေဟာ ဗမာတွေလို သွေးဆူမလွယ်ဘူး စဉ်းစားဆင်ခြင်ဥာဏ် ပိုမြင့်တယ်။
ဆိုးဆိုးဝါးဝါး ဖြစ်မယ်မထင် ရှေ့က CDM လှုပ်ရှားမှုမှာ လူအများစု မပါဝင်တာကို ကြည့်တာနဲ့တင် နိုင်ငံကို အပျက်စီးမခံနိုင်တာ ပေါ်လွင်တယ်။ ထိုင်းစစ်တပ် ဝင်လာရင်တော့ ပွဲစဉ်ကပိုကြမ်းမယ့် သဘောရှိမယ်။
#credit
https://www.facebook.com/bangkoksighseeing/posts/4215752385185766