ရက္စြဲ။ ။ ၁၃၈၃ခုနှစ်၊ ဝါခေါင်လဆန်း(၉)ရက်
၂၀၂၁ခုနှစ်၊ သြဂုတ်လ(၁၆)ရက် တနင်္လာနေ့
စာအမှတ်။ ။ ၁/၂၀၂၁/မ.မ.ရ.သ
၁။ (၁၅-၈-၂၀၂၁)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဦးဌေးအောင်(Orchid)အား မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်ခံခွင့်ရှိသူစာရင်းတွင် ဖော်ပြပါရှိသည်ကို တွေ့ရသည်။ ထိုသို့ တွေ့ရှိရ သည့်အပေါ် များစွာစိတ်မကောင်းဖြစ်မိပါသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် တိုင်းကျိုး ပြည်ပြု မီဒီယာကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရာတွင် အဂတိတရားကင်းကင်းဖြင့် နိုင်ငံတော်၊ နိုင်ငံ သားများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများအတွက် ကောင်းကျိုးကိုရည်မျှော်၍ ရွေးချယ်တင်မြှောက် ကြရမည်ဖြစ်ပါသည်။
၂။ ဦးဌေးအောင်(Orchid)သည် OIC အဖွဲ့နှင့် ဆက်နွယ်မှုရှိခြင်း၊ ဆော်ဒီနိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များနှင့်ပါ ဆက်နွယ်ပတ်သက်မှု ရှိနေသည်ကို သိရ၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်တင် မြှောက်ထားခြင်းမှာ လျော်ကန်သင့်မြတ်ခြင်းမရှိဟု မှတ်ယူပါသည်။
၃။ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက် နှောက်ယှက်မှုကြောင့် ယနေ့အချိန်ထိ ပြည်တွင်းဆူပူအကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲသည်အထိ လက်နက်ကိုင် အကြမ်းဖက်လုပ် ရပ္မ်ား ဖြစ်ပေါ်နေသည်ကို လူကြီးမင်းတို့ သိရှိနားလည်လိမ့်မည်ဟု ယူဆပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (အိမ်စောင့်အစိုးရ)လက်ထက် သတင်းမီဒီယာကောင်စီအနေဖြင့် အစစအရာရာသတိချပ်၍ လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။
၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ဦးဌေးအောင်(Orchid)အား မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်အဖြစ် ရွေးချယ်ထားခြင်းကို အမြန်ဆုံးပယ်ဖျက်၍ ထုတ်ပယ်ပေးနိုင်ပါရန် တောင်းဆိုသည်။
၅။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးဌေးအောင်(Orchid)အား သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်ထားခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားအကျိုးစီးပွားကို အေလး ထားမြတ်နိုးသော ရဟန်းရှင်လူပြည်သူများကိုယ်စား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မွ ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။