Wednesday, August 18, 2021

စေတီတည်ထားကိုးကွယ်ရာ၌သိမှတ်ဖွယ်


အထူးသတိထားရမှာက 
ဌာပနာထည့်သွင်းရာမှာ
ဘုရားရှင်ရဲ့ဆံတော်မဟုတ်ပဲ
ဆံပင်များ ဖြတ်ထည့်ခြင်း
သစ်သားရုပ်ထုများရုပ်ပွားတော်များ
ထန်ဖူးပေဖူးဇာတာများနှင့်ပျက်စီးလွယ်သောပစ္စည်းများ
လုံး၀ မထည့်သွင်းရပါဘူး
ကျွန်တော်မြင်ရသလောက် ထည့်သွင်းကြတာများ
လို့ ဒုက္ခဖြစ်ကြရတာလဲ များကြပါတယ်

စေတိယပကာသနီကျမ်း၌ဖွင့်ဆိုထားပါသည်။
*သက်တော်ထင်ရှားရှိတော်မူသော  မြတ်စွာ
  ဘုရားတို့၏  ဓါတ်တော်မွေတော်  ပရိက္ခရာ
  ဓမ္မက္ခန္ဓာတို့၏   ကိန်းဝပ်ရာဟု  ရည်မှတ်အာယုံ
   ပြု၍သက်သက်သောမြေပုံတို့ကို စေတီပြု၍
   ကိုးကွယ်  ပူဇော်အပ်၏။
*ပံသုထူပေ  ဥဒ္ဒိဿ   ကတေသု  ဒသဗလဓာတုံ
  သက္ကာရံ   ကတွာ  သဂ္ဂေသု  နရာ  ပမောဒန္ဓိ။
   (နေတ္တအဋ္ဌကတာ)
*ဥဒ္ဒိဿ  ဓာတ်တော်  မွေတော်  စေတီတော်၏
  ကိန်းဝတ်ရာဟုရည်၍  ကတေသု ပြုအပ်ကုန်
  သော။ ပံသုထူပေ  သဲပုံ  မြေပုံ  စေတီတို့၌
 ဒသ- ဗလဓာတုံ  အားတော်ဆယ်တန်  ဥာဏ်တော်
 ဆယ်ပါး  နုင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏
 ဓာတ်တော်မွေတော်  တည်ရာဟူ၍ ။သက္ကာရံ
 ပူဇော်သက္ကာရကို  ကတွာပြု၍  (ဝါ) ပြုရသော
 ကြောင့်  ။သဂ္ဂေသု  နတ်ပြည်တို၌ ။နရာ  လူတို့
 သည် ။ ပမောဒန္တိ  ဝမ်းမြောက်  ဝမ်းသာ 
 မွေ့လျော်  ကြကုန်၏ ။ ။----------

“ စေတီတည်ထား ပူဇော်ရခြင်း အကျိုးများ “

၁။ အပါယ်လေးပါးသို့ မလားရခြင်း။

၂။ မဇ္စျိမတိုက်သားတို့သာ ဖြစ်ရခြင်း။

၃။ ယောကျာ်းမြတ်အဖြစ် ဖြစ်ရခြင်း။ 

၄။ ကိုယ်လက်အင်္ဂါ ချို့တဲ့သူ မဖြစ်ရခြင်း။

၅။ ဒွန်းစဏ္ဍား သူ့ကျွန်ဘဝမျိုး မရောက်ခြင်း။

၆။ ငရဲသို့ မကျရောက်ခြင်း။

၇။ ယုတ်မာသော အမျိုး၌ မဖြစ်ရခြင်း။

၈။ ပန်းလို့အဆင်းလှပတင့်တယ်ခြင်း။

၉။ ဘုန်းကျက်သရေ ကြီးမားခြင်း။

၁၀။ လူအပေါင်း ချစ်ခင်မြတ်နိုးမှု ခံရခြင်း။

၁၁။ မြတ်သော လာဘ်လာဘကို ရခြင်း။

၁၂။ ကျီကြဘဏ္ဍာ နှင့် ပြည့်စုံရခြင်း။

၁၃။ ဆင် ,မြင်း,ကျွဲ,နွား'ရွှေ ငွေ ဥစ္စာ
နှင့် ပြည့်စုံခြင်း။ 

၁၄။ အကြံအစည် ဟူသမျှ အောင်မြင်ခြင်း။

၁၅။ နတ်ဖြစ်သော် နတ်မင်း၊ 
လူဖြစ်သော် လူမင်း ဖြစ်ရခြင်း။

၁၆။ သိကြားမင်းအဖြစ် အကြိမ်တစ်ထောင်
ဖြစ်ရခြင်း။

၁၇။ စကြာဝတေးမင်းအဖြစ် အကြိမ်
တစ်ထောင် ဖြစ်ရခြင်း။

၁၈ ။ ဧကရာဇ် ပဒေသရာဇ် မင်းအဖြစ်ကား
မရေတွက်နိုင်အောင် ဖြစ်ရခြင်း။

၁၉။ ဘုရားဆု ၊ ပစ္စကဗုဒ္ဓါဆု တောင်းက 
ပြည့်စုံခြင်း။

၂၀။ သာဝက ဆုတောင်းလည်း ပြည်းစုံခြင်း။

၂၁။ မြင့်မြတ်သော မင်းမျိုး ၊ ပုဏ္ဏားမျိုး၌သာ
ဖြစ်ရခြင်း။

၂၂။ ဥစ္စာ စည်းစိမ် ပေါများခြင်း၊ အခြံအရံ
ပေါ့များခြင်း။

၂၃။ ပညာကြီးခြင်း၊ တန်ခိုးကြီးခြင်း။

၂၄။ အနာကင်းခြင်း၊ အသက်ရှည်ခြင်း။

၂၅။ ခွန်အားကြီးခြင်း၊ မြဲမြံသောပညာရှိခြင်း။

၂၆။ ရဲရင့်ခြင်း၊ အကြားအမြင်များခြင်း။

၂၇။ ထက်မြတ်သော ပညာရှိခြင်း။

၂၈။ ချစ်ဖွယ်သော အသွင်ရှိခြင်း။

၂၉။ မနှိုင်းယှဉ်အပ်သော စည်းစိမ်ကို 
ခံစားရခြင်း။

၃၀။ နောက်ဆုံဘဝ၌ စျာန် မဂ် ဖိုလ်ရပြီး
နိဗ္ဗာန်သို့ ရောက်ရခြင်းတို့ဖြစ်သည်။

 စေတီတည်ရာတွင်
လောကုတ္တရာနည်းလမ်း မရှိပါပေ။
လောကီနည်းလမ်းအနေဖြင့်ကား
ကူးခမ်းမြို့ ၊ မြောက်မျက်နှာသီတင်းသုံး
ရွှေဥမင်ဆရာတော်ဘုရားကြီး ရေးသည့်
သတ္ထုရူပကဝိလာသိနီကျမ်းတွင် ဖတ်နိုင်၏။
အနည်းအကျဉ်း ဖော်ပြရပါလျှင်

မိမိတည်လိုသောစေတီ၏ 
ဉာဏ်တော်အတောင်ကို
မိုက်ဖွဲ့၍ ၇-ဖြင့်စားရပါမည်။

၁-ကြွင်းလျှင် ဇေယျ
၂-ကြွင်းလျှင် သိဒ္ဓိ
၃-ကြွင်းလျှင် ဒုက္ခ
၄-ကြွင်းလျှင် လာဘ
၅-ကြွင်းလျှင် မရဏ
၆-ကြွင်းလျှင် သုခသမ္ပတ္တိ
၇-(သုည) ကြွင်းလျှင် သုည
(သုဉ်း-ပျက်စီး) နှင့် ကလဟ-ဟု
ဆိုရပါမည်။

အ၀န်းကို ၈-ဖြင့်စား၍
၁-ကြွင်းလျှင် တံခွန်
ကုန်သည်တို့နှင့်သင့်။ 
( ကုန်သည်တို့ ကိုးကွယ်သင့် )
၂-ကြွင်းလျှင် အခိုး
(ရဟန်း ပုဏ္ဏားတို့ ကိုးကွယ်သင့်)
၃-ကြွင်းလျှင် ခြင်္သေ့ 
(ပြည့်ရှင်မ ကိုးကွယ်သင့်)
၄-ကြွင်းလျှင် ခွေး
(တောသား မုဆိုးတို့ ကိုးကွယ်သင့်)
၅-ကြွင်းလျှင် နွား
(သူဆင်းရဲတို့ ကိုးကွယ်သင့်)
၆-ကြွင်းလျှင် မြည်း
(သူဋ္ဌေးသူကြွယ်တို့ ကိုးကွယ်သင့်)
၇-ကြွင်းလျှင် ဆင်
(အမတ်စစ်သူကြီးတို့ ကိုးကွယ်သင့်)
၈-(သုည) ကြွင်းလျှင် ကျီး
(ပြည့်တန်ဆာမတို့ ကိုးကွယ်သင့်)

အခြား ပိန္နဲတိုင်စသည်ကို စားနည်း
ဌပနာထည့်သွင်းနည်းစသည်တို့လည်း
ပါရှိသေးသည်။ အနည်းငယ်သာပြလိုက်၏။
အဟောင်းပြုပြင်လျှင်ကား မူလစေတီထက်
အနည်းငယ် ဉာဏ်တော် မြင့်ပေးရမည်။

ရည်စူးတည်ထားမှုမှတ်ဖွယ်အကျဉ်းမှာ

ဖိနပ်တော် 
မြတ်စွာဘုရား၏ စိတ်အကြံဖြစ်ခဲ့သည့်
(၇)သင်္ချေကို ရည်စူးတည်ထားသည်။

ပန်းတင်ခုံ 
မြတ်စွာဘုရားဖြစ်ရန် ဆုတောင်းခဲ့သည့် ( ၉ )သင်္ချေကို ရည်စူးတည်ထားသည်။

ပထမပစ္စယာ
ပါရမီဖြည့်ကျင့်ခဲ့သည့် 
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကို 
ရည်စူးတည်ထားသည်။

ဒုတိယပစ္စယာ
ဒါနစသည့် ဥပပါရမီ(၁၀)ပါးကို 
ရည်စူးတည်ထားသည်။

တတိယပစ္စယာ
ဒါနစသည့် ပရမတ္ထပါရမီ (၁၀)ပါးကို 
ရည်စူးတည်ထားသည်။

ကြည်ဝန်း(၅)ခု
စွန့်ခြင်းကြီး(၅)ပါးကို ရည်စူးတည်ထားသည်။

ရှစ်မြှောင့် 
မဂ္ဂင်(၈)ပါးကို ရည်စူးတည်ထားသည်။

ပေါင်ရန်
စရိယ(၃)ပါးကို ရည်စူးတည်ထားသည်။

ခေါင်းလောင်း
ဓမ္မစည်ကြီး ရိုက်ဆော်တီးမည်ကို
ရည်စူးတည်ထားသည်။

ခါးစည်း
သီလ၊ သမာဓိ၊ ပညာ 
သိက္ခာ(၃)ပါးကို ရည်စူးတည်ထားသည်။

သပိတ်မှောက်
ကိလေသာကိုပယ်သော 
ပဟာန(၅)ပါးကို ရည်စူးတည်ထားသည်။

ပန်းဆွဲ(၁၆)ခု
ဝိပဿနာဉာဏ်စဉ် 
(၁၆)ပါးကို ရည်စူးတည်ထားသည်။

ဖောင်းရစ်(၇)ခု
ဗောဓိဉာဏ်ရကြောင်းဖြစ်သည့်
ဗောဇ္စျင်(၇)ပါးကို ရည်စူးတည်ထားသည်။

ကြာမှောက်
ဤကမ္ဘာသည် ဘုရားပွင့်သော 
ကမ္ဘာဖြစ်၍ ကြာအထိမ်းမှတ် ပေါ်သည်။ 
ယခု ဘုရားပွင့်တော်မူမည်ဖြစ်၍ 
ဒုက္ကရစရိယာကျင့်နေသည်ကို 
ရည်စူးတည်ထားသည်။

ကြာပွင့်(၁၈)ချပ်ကား 
အာဝေဏိကဂုဏ်တော် (၁၈) ပါး
ရတော်မူလတံ္တ့သည်ကို ရည်စူးတည်ထားသည်။ 

ရွဲလုံး(၁၈)လုံး
အာဝေဏိကဉာဏ်တော်(၁၈)ပါး 
ရရှိတော်မူသည်ကို ရည်စူးတည်ထားသည်။ 

ကြာလှန်
ဘုရားပွင့်တော်မူသည်ကို 
ရည်စူးတည်ထားသည်။ 

ကြာနု
ဘုရားဖြစ်ခါနီးတွင် 
အာသဝက္ခယဉာဏ်စသည့် 
ဉာဏ်တော်များ ရရှိလာသည်ကို 
ရည်စူးတည်ထားသည်။ 

ကြာဖူး(ငှက်ပျောဖူး)
ပွင့်ဆဲဖြစ်သော ကြာဖူးကဲ့သို့
ဉာဏ်တော်များ ရင့်ကျက်ပြီး 
ဘုရားအဖြစ်သို့ 
ရောက်တော့မည့် အခြေအနေကို 
ရည်စူးတည်ထားသည်။ 

ထီးတော်
ဘုရားအဖြစ်သို့ ရာက်တော်မူခြင်းကို 
ရည်စူးတည်ထားသည်။

ဘုရားဟောင်းပြင်ရင်တော့ ပိုပြီးသတိထားရပါတယ်
ကျွန်တော်က အသစ်တည်တာထက် ရှိပြီးသား
ပြိုပျက်နေတဲ့ဘုရားတွေကို ပြန်လည်ပြုပြင်တာကိုပဲ ပိုသဘောကျတာပါ
 (စေတိယပကာသနီကျမ်း)
⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘



Related Posts:

  • မူ က ပြောတဲ့ ရဲဆေး          ကျနော်တို့ ပြင်းထန်စွာဝေဖန်ခဲ့ကြတဲ့ နိုင်ငံရေးပြစ်မှုများအတွက် အလွန်အကျွံဖြေလျှော့ပေးမှုများရဲ့ အကျိုးဆက်တွေက ဆက်တိုက်လာနေပါပြီ ။           အထူးသဖြင့် ဒေါ်စုကြည… Read More
  • ”မြန်မာ နိုင်ငံဟု ခေါ်သည်”✍ မုန်တိုင်းသင့်လည်း နှစ်ဖွဲ့ကွဲ      အမြဲ ရန်ဖြစ်သည်။✍ မီးလောင်ပြန်လည်း နှစ်ဖွဲ့ကွဲ      အမြဲ ရန်ဖြစ်သည်။✍ မိုးကြီးပြန်လည်း နှစ်ဖွဲ့ကွဲ      အမြဲ ရန်ဖြစ်သည်။ ✍ ရေကြီးပြန်လည်း… Read More
  • ခွေးပါးဝနေသော UN ဝန်ထမ်းတွေကို ဆုံးမရလိမ့်မည်.!ကြည့်မြင်တိုင် စည်ပင်ရုံးရှေ့မှာကာထားတဲ့ဘယ်ရီဂိတ်တွေကို crown အမျိုးအစားUNဝန်ထမ်းရဲ့ ကားမှ တိုက်ပြီးထွက်ပြေးသွားခဲ့တယ်။ဒီထွက်ပြေးသွားတဲ့ ကားကိုလခရအဖွဲ့မှ ပစ်ခတ်တားဆီးခဲ့ရာခွေးပါးဝနေသောUN သံတမန်အရာရှိဆိုတဲ့ အကောင်နဲ့စကာပြန်တစ်… Read More
  • "ကြောက်လို့ပါ"လျော့လွန်းလျှင်ပတ်တင်းလွန်းလျှင်ပြတ်။ဖုတ်လည်းတူးပြုတ်လည်းမနူး။တုတ်လည်းအော်ဆုတ်လည်းခေါ်။ဘာလုပ်ရမှန်းမသိယောင်ချာချာ ငါ့လာမကြည့်နဲ့။ပတ်မလားပတ်ပြတ်မလားပြတ်ပတ်ပတ်ပြတ်ပြတ်။ဖုတ်မလားဖုတ်ပြုတ်မလားပြုတ်ဖုတ်ဖုတ်ပြုတ်ပြုတ်။တုတ်မလားတုတ်ဆု… Read More
  • ရွှေမြန်မာတို့ သိဖို့ ရွှေအကြောင်း          ကျနော်တို့ နိုင်ငံဟာ အာဏာသုံးရပ်ကို မြန်မာတွေ ပိုင်ပိုင်နိုင်နိုင် ကိုင်ထားနိုင်တာကလွဲရင် ကျန်တဲ့ စီးပွားရေး နဲ့ ကျန်းမာရေး ကဏ္ဍကတော့ တိုင်းတပါးကျွန်ဖြစ်နေတာ တွေ့ရပါတယ် ။     … Read More