Wednesday, October 13, 2021

ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (6)


 သစ္စာဖောက် ဆက်ပြီးဖော်ကောင်လုပ်တာကတော့ မြန်မာ့တပ်မတော်မှာနျူကလီးယား တပ်ရင်း တပ်ဖွဲ့တွေလောလောဆယ်  အင်အား ၁၀၀၀ ကျော်ဖွဲ့စည်းပြီး ဖြစ်ကြောင်းပြောပါတယ် ။

      သူဟာ 2001 ကနေ 2005 အထိ 
နျူကလီးယားအင်ဂျင်နီယာ အဆင့်မြင့်သင်တန်းအား ရုရှားမှာ သင်ယူခဲ့ရကြောင်း နဲ့မြောက်ကိုရီးယား သင်တန်းသားတွေ နဲ့ပါ ခင်မင်ခဲ့ကြောင်း ပြောပါတယ် ။ 
ဗဟိုခွါအားစနစ်သုံးလောင်စာ အကြောင်း
 အထူးပြုသင်ခဲ့ရကြောင်းပြောပါတယ်။

    မြန်မာပြည်ပြန်လာတော့ မြိုင်မြို့နယ်ရှိ နျူတပ်ရင်းမှာ တာဝန်ကျကြောင်း 
(အင်အား ၁၀၀ ခန့်ရှိ)မြေပြင်ပေါ်ရှိ အဆောက်အဦးမှာ သာမန်မြေစိုက်တဲသာ ဖြစ်ကြောင်း ပြောပြပါတယ် ။ 

     { ဇာတ်လမ်းအဖွင့် နှမ်းစားကျင်းရွာမှာ
 ယန္တယားတွေများစွာ နဲ့ ၂ နှစ်ကြာ 
တည်ဆောက်ခဲ့ရတဲ့ စက်ရုံဟာ မြေပေါ်မှာ 
သာမန်မြေစိုက် အဆင့်ပဲ ရှိတယ်ဆိုတော့
 မြေအောက်မှာ ဘယ်လောက်လုပ်ထားမလဲ တွေးကြည့်နိုင်ပါတယ်)

     အဲဒီ မြိုင်စက်ရုံကနေ အဓိကထုတ်လုပ်နေတာက ဒုံးပျံထိပ်ဖူးတွင် တပ်ဆင်မည့် 
Supersonic nozzel ,turbopump ,
turbine jet တို့ ရဲ့ အစိတ်အပိုင်းတွေကို 
ထုတ်လုပ်ပါတယ် ။ 

    သစ္စာဖောက်ဟာ သူနဲ့အတူ ခိုးယူသွားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြတဲ့အခါ နျူပညာရှင် ရောဘတ်ကယယ်လီက 
5-5-2011 မှာထုတ်တဲ့ စာစောင်တခုမှာ 

" နျူကလီးယား လုပ်ငန်းများ နဲ့ စစ်ဆေးခြင်းလုပ်ငန်းများကို နှစ် ၃၀ကျော်လုပ်ခဲ့ရတဲ့အတွေ့အကြုံအရမြန်မာနဲ့ မြောက်ကိုရီးယားတို့ပူးပေါင်းဆောင်ရွက်နေတဲ့
နျူကလီးယားလုပ်ငန်းတွေဟာ အစပျိုးမှန်းဆချက်သာ ရှိနေပြီး နျူကလီးယားထုတ်လုပ်ဖို့ အလှမ်းဝေးသေးတယ် " လို့ ရေးသားခဲ့ပါတယ် ။ 

    သစ္စာဖောက်ဟာနောက်ထပ် ဦးသန်းရွှေရဲ့ကမ္ဘာကို လှည့်စားပြီး ဂျာမဏီ နဲ့ ဆွတ်ဇာလန်တို့ကို မျက်လှည့်ပြကာ သူလိုချင်တာကို ရအောင် ယူခဲ့ပုံအား ပြောပြပါတယ်။ 

     နျူကလီးယားကို ကိုယ်ပိုင်ထုတ်ဖို့ 
ရည်မှန်းထားတဲ့ ဦးသန်းရွှေအတွက်လိုအပ်တဲ့ ပစ္စည်းအားလုံးကို မြောက်ကိုရီးယားကနေ မရနိုင်ပါဘူး ။ အလွန်အရေးကြီးတဲ့ သေးစိတ်တွက်ချက်ရသော Computer Numerically Controlled 
(CNC ) စက်ပစ္စည်း ရဖို့ လိုအပ်ပါတယ် ။ 

      အဲဒါတွေဟာ ဂျာမဏီ နဲ့ ဆွတ်ဇာလန်မှာရှိပါတယ် ။ သို့သော် မြောက်ကိုးရီးယား နဲ့ မြန်မာ နှစ်နိုင်ငံလုံးဟာ sanction  ပိတ်ထားတဲ့ နိုင်ငံများ ဖြစ်တဲ့တွက် ဒီလိုအဆင့်မြင့်တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူဖို့ ခက်ခဲလှပါတယ် ။

       ဒါပေမယ့် အညာသားကြီးကတော့
အသာတကြည်ပဲ လှည့်စားပြီး သူလိုချင်တာကို ရအောင်ယူခဲ့ပါတယ် ။ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ စက်မှု အသက်မွေးအတတ်ပညာဌာန (DTVZ ) အတွက် အသုံးပြုရန်ဆိုပြီး ဂျာမဏီ ရဲ့ DMG ကုမ္ပဏီကနေ CNC စက်များကို ဝယ်ယူပါတယ် ။

       ဂျာမဏီအစိုးရဟာ ယင်းစက်များကို 
အရပ်ဖက် သင်တန်းသားများအတွက်ဆိုပြီးရောင်းချပေးခဲ့ပါတယ် ။
( သစ္စာဖောက်ကတော့ သူသိတာ ၂ လုံးလို့
 ပြောပါတယ် မသိတာလည်း ရှိနိုင်ပါတယ်) ။ CNC စက်အသစ် ၂ လုံးကိုတော့ တလုံးကို မြိုင်စက်ရုံမှာ ထားပြီး နောက်တလုံးကိုတော့ မေမြို့အနီးကစက်ရုံမှာ ထားပါတယ် ။ 

         CNC စက်အသစ်တွေ ရောက်လာပေမယ့်နောက်ပြဿနာတခု ရှိပါသေးတယ် ။ စက်တွေကို တပ်ဆင်လည်ပတ်ဖို့ 
ဂျာမဏီDMG ကုမ္ပဏီက ပညာရှင်တွေ
လိုက်ပါမှ ရမှာဆိုတော့ နောက်ထပ်သဘာဝကျကျလိမ်ရပြန်ပါတယ် ။ 

      လှို့ဝှက်စက်ရုံတွေမှာ အဆင့်မြင့် CNCစက်အသစ်တွေ ကို DMG က ပညာရှင်တွေ တပ်ဆင်ပေးပြီး အသုံးပြုပုံတွေ သင်ကြားရာမှာ နျူတပ်ရင်းမှ ရဲဘော်တွေကို အရပ်ဝတ်တွေနဲ့ အရပ်သားသင်တန်းသား အဖြစ် အသွင်ယူပြီး သင်ကြားစေခဲ့ပါတယ် ။ သဘာဝကျအောင်အမျိုးသမီးစစ်အင်ဂျင်နီယာများကိုပါ သင်တန်းသူများ အဖြစ် ထည့်သွင်း သင်ကြားစေခဲ့ပါတယ် ။ 

      အဲဒီလိုနဲ့ ဆန်ရှင်တွေ ကျော်ဖြတ်ပြီး 
နည်းပညာတွေကို လှလှပပရယူပြလိုက်တာကတော့ ဘရွှေကြီးရဲ့  ပညာရပ်တွေပါပဲ ။ 

       ဦးသန်းရွှေဟာ 2006 နှစ်ဦးမှာ 
လှိုဏ်ဂူတူးဖော်ခြင်းတွေ ပြီးတာနဲ့ 2008 မကုန်မှီထိ မြောက်ကိုရီးယားမှ မြေပြင်ပစ် အမြောက်ကြီးများ ၊ အမြှောက်တင်ယာဉ်များ ၊240 mm အတွဲလိုက်ပစ် MRLS များကို မည်သူမျှမရိပ်မိအောင် သယ်ယူခဲ့ပြန်ပါတယ် ။

    အဲဒီပစ္စည်းတွေ နဲ့ အတူ ဒုံးလက်နက်တွေကို တင်ပို့ပေးခဲ့တဲ့ မြောက်ကိုရီးယားဟာ နည်းပညာကိုတော့ ဆရာစားချန်ပြီး ပေးပါတယ် 
(ဒါတေါ့ ထုံးစံပါပဲ) ။ 

   မြန်မာကို နည်းပညာ နဲ့ ဒုံးတွေ တွဲပေးလိုက်တာက Hwasong 5 , 6 balbst missile အဆင့်တွေပဲ ဖြစ်ပါတယ် ။ပြုံယမ်းမှာတော့ Hwasong 12 ထိ ထုတ်လုပ်ပိုင်ဆိုင်နေပါပြီ ။ 

    နည်းပညာအခြေခံကတော့ ရုရှားရဲ့ စကာ့ဒ် မျိုးအစားပါပဲ ။ တာတိုပစ်အဆင့်ပဲ ရှိပါတယ် ။ စကာ့ဒ်တွေကတော့ အားလုံးသိတဲ့အတိုင်း 1980 ကနေ 1988 ထိ ဖြစ်ခဲ့တဲ့ အီရန် အီရတ် စစ်ပွဲမှာ အများဆုံး သုံးခဲ့တဲ့ အမျိုးအစားတွေပါပဲ ။ နှစ်ဖက်စုစုပေါင်း 516 လုံးအထိ ပစ်ခဲ့တယ်လို့ ဆိုကြပါတယ် ။ 

     ဇစ်မြစ်ကတော့ ဟစ်တလာ ရဲ့ V2 ဖြစ်ပြီး ရုရှားမှာ R11 M စကာ့ဒ်တွေကို 
A,B,C,D ဆိုပြီး အဆင့်မြှင့်သုံးနေပါတယ် ။

     မြန်မာ့တပ်မတော်မှာ ရှိနေတဲ့
 Hwasong 5 , 6 တွေဟာ ပေါက်ကွဲအားပြင်း ထိပ်ဖူးတပ်ဆင် ပစ်ခတ်လျှင်
 ကီလိုမီတာ 500 ( မိုင် 300) နဲ့
 နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်လျှင် ကီလိုမီတာ 300 ( မိုင် 180) အထိ 
ထိရောက်စွာ ပစ်ခတ်နိုင်ပါတယ် ။ 

     { ယခု လက်ရှိအနေအထားအရ
 တရုတ် ထိုင်းတို့နဲ့ ဆက်ဆံရေး အဆင်ပြေနေတဲ့မြန်မာတပ်မတော်ပိုင်Hwasong missile တွေကို  အမ်း  နဲ့ ပဒါန်း ရှိ မြေအောက်လှိုဏ်ဂူတွေထဲမှာ ဘာကြောင့် ဖြန့်ကျက်ချထားသလဲ ဆိုတာ တွေးကြည့်နိုင်ပါတယ် }

     ပြုံယမ်းကို 2008 မှာ သွားခဲ့ကြတဲ့
 ဦးရွှေမန်းရဲ့  ခရီးစဉ်နဲ့ ပါတ်သပ်ပြီး တင်ပြပါ့မယ် ။ ဦးရွှေမန်းတို့ဟာ မြောက်ကိုရီးယားရှိ မြေအောက် စစ်လက်နက်စက်ရုံပေါင်း များစွာကို သွားရောက်ခဲ့ရသလို
 ဖြန့်ကျက်ထားတဲ့ မြေအောက်လှိုဏ်ခေါင်းထဲမှ ဒုံးလက်နက်တွေကို လေ့လာကြရပါတယ် ။ 

    သူတို့ဟာ မြေအောက်လှိုဏ်ဂူလေ့လာဖို့ 
သွားကြတာ မဟုတ်ပါဖူး ။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ စနစ်ကျတဲ့ အဆင့်မြင့် လှိုဏ်ဂူ ၆၀၀ ကျော် တူးပြီးပါပြီ ။ 

  လှိုဏ်ဂူတွေထဲမှာ စက်ရုံတွေတည်ဆောက်ထားပုံ နဲ့ ဒုံးလက်နက်တွေ သိုလှောင်ထိမ်းသိမ်း ဖြန့်ကျက်ထားပုံတွေကို လေ့လာဖို့ ဖြစ်ပါတယ် ။ 

    မြန်မာ့ကာကွယ်ရေးစက်ရုံများ ဆိုင်ရာ
 ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို ထည့်ပေးလိုက်တာ အဲဒီရည်ရွယ်ချက်ပါပဲ ။ 

     ဦးရွှေမန်းတို့ အဖွဲ့ရဲ့အဓိကကျတဲ့ ရည်မှန်းချက်ကတော့မြောက်ကိုရီးယားက ရောက်ရှိလာမယ့် နျူကလီးယားလက်နက်တွေကို လှိုဏ်ဂူတွေထဲမှာ

စနစ်တကျ ဘယ်လိုထားမလဲ ? 

ဘယ်လို ဖြန့်ကျက်ထားရမလဲ ? 

ဘယ်လိုလုံခြုံအောင်ထားရမလဲ?

     ဆိုတဲ့ အချက်တွေကို တိတိကျကျ မှတ်သားလေ့လာဖို့ပဲ ဖြစ်ပါတယ် ။

      ဦးရွှေမန်းတို့ ခရီးစဉ်ပေါက်ကြားပြီး
 အနောက်အုပ်စုတွေ စိုးရိမ်နေကြချိန်မှာပဲ
 ဦးသန်းရွှေဟာ အမေရိကန် အပါအဝင်
 နောက်အုပ်စုတွေ လန့်သွားစေတဲ့ ကိစ္စတခုထ လုပ်လိုက်ပြန်ပါတယ် ။ အဲဒါကတော့ 2007 ဧပြီလ မှာ ,,,,,,,,,,,,,,,,,,,?

          မျိုးဝင်း