Sunday, October 17, 2021

နီပိတ်တွေသိဖို့ပါ။ ( ကိုယ်ချင်းစာတတ်ဖို့ပါ )


ကျနော်တို့ မစဉ်းမိခဲ့တဲ့ အရာ

NLD လက်ထက် လွှတ်တော်ကြီး
ဆေးသုတ်တာ သိန်း၄ထောင် ဆိုတော့

တကယ်ဆောက်ခဲ့ရတဲ့ စစ်အစိုးရ
ဘယ်လောက်များ ကုန်ကျခဲ့မလဲ?

NLDလက်ထက် ၁မိုင်ရှည်တဲ့ 
လမ်းခင်းတာ ကျပ်သိန်း ၁သောင်း၉ထောင်
ဆိုတော့

မိုင် ၅၀၀ အထက်ရှည်တဲ့ နေပြည်တော်
အမြန်လမ်းမကြီး ခင်းခဲ့တဲ့ စစ်အစိုးရကြီး
ဘယ်လောက်တောင် ကုန်ကျခဲ့မလဲ?

NLD အစိုးရလက်ထက် တံတားနှစ်စင်း
ဆောက်တာ ၂ခုလုံး ပြန်ပြင်ခဲ့ရတယ်

ဦးသန်းရွှေ ဆောက်ခဲ့တဲ့ တံတားပေါင်း
၃၈၀၀ ကျော် ခုထိ ခိုင်ခန့်ဆဲ
ဘယ်လိုများ ဆောက်ခဲ့လဲ

NLD လက်ထက် မြင်းကပါ ရွာလမ်းလေး
ပြင်တာကို ဒေါက်တာ ဇော်မြင့်မောင်လို့ 
ပေးပြီး

မုံရွာ ပုသိမ် ကလေး ချင်းပြည်နယ်ထိ
ဖောက်ပေးခဲ့တဲ့ ဦးသန်းရွှေက
ဘာလို့ သူ့နာမည် မပေးခဲ့တာလဲ?

NLD လက်ထက် စာသင်ကျောင်း
၄ခု ဆောက်တာကို သိန်း၁သောင်း
၆ထောင် ကုန်တယ် ဆိုတော့

တစ်နိုင်ငံလုံးကို တက္ကသိုလ်ပေါင်း
မြောက်များစွာ ဆောက်ပေးခဲ့တဲ့
ဦးသန်းရွှေ ဘယ်လောက်ကုန်ကျလဲ

ဆေးပေးခန်းလေးး တစ်ခန်းလောက်
ဖွင့်ပေးတာကို မီဒီယာပေါ် တင်ခိုင်းပြီး

ဦးသန်းရွှေလက်ထက်က
တိုက်နယ် ပြည်သူ့ဆေးရုံတွေက
လေထဲ ဆောက်ခဲ့ပေးတာလား?

စစ်အာဏာရှင် လုပ်ခဲ့လို့
တိုင်းပြည် မငြိမ်းချမ်းခဲ့တာ တဲ့
သေခြာစဥ်းစားကြည့်အုံးအဲခေတ်က
ပါးဖောင်းအောင်စားနားပြားအောင်အိပ်
ပွဲစားတွေချမ်းသာလက်လုပ်လက်စားတွေလဲအဆင်ပြေ 
လုပ်ငန်းရှင်ကြီးတွေများ ပြုံးလို့ပျော်လို့
ဦးသန်းရွှေကြီး လက်ထက်က
ဘာလို့ ငြိမ်းချမ်းခဲ့တာလဲ ?

ကဲ ဒါဆိုရင် ခုလို
ဖြစ်လာတာ ဘယ်သူ့ ပယောဂလဲ ?
လက်တွေ့ကျကျသေချာစဉ်းစားလေ့လာပါ.

ဆဲတတ်ရုံနဲ့ နိုင်ငံတိုးတက်မယ်ဆိုရင်
သူများပြောသမျှယုံနေတတ်ရုံနဲ့
လူရာဝင်နေတယ်ထင်နေရင်

ငါ့ယောက္ခမရဲ့ အထွေးဆုံးသားသမီးတွေရေ
မင်းတို့ကြောင့် ငါ့ယောက္ခမသိက္ခာကျတယ်ကွာ

ရဲဘော်လိုသုံး