ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာမှ ကျောင်းအုပ်ဆရာမအပါအဝင် မိသားစု ၃ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
MHT News (Oct- 19)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာတွင် အောက်တိုဘာ ၁၈ ရက်၊ ည ၈ နာရီခွဲခန့်တွင် ကျွန်းတောစုကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမ ဒေါ်သက်သက်၊ ၎င်း၏ခင်ပွန်းဖြစ်သူ ကိုမောင်ဦးနှင့် ၄ နှစ်အရွယ် သမီးတစ်ဦး၊ စုစုပေါင်း မိသားစု ၃ ဦးကို NUG သြဇာခံ NLD အစွန်းရောက်အုပ်စုက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကျွန်းတောစုကျေးရွာတွင် အကြမ်းဖက်သင်တန်းများပေးနေကြောင်းသတင်းအရ စက်တင်ဘာလအတွင်းက သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ လာရောက်စစ်ဆေးကာ လူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
#MHTnews