ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် မြန်မာသံရုံး၊ မော်စကိုမြို့မှ သံမှူးကြီး ဦးဇော်လင်းဦး လိုက်ပါလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Morgulov Igor Vladimirovich နှင့် ၁၈-၁၀-၂၀၂၁ ရက်နေ့ မော်စကိုစံတော်ချိန် ညနေ ၄ နာရီတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
မြန်မာသံအမတ်ကြီးနှင့် H.E. Mr. Morgulov Igor Vladimirovich တို့ တွေ့ဆုံစဉ် Third Asian Department ဒုတိယညွှန်ကြားရေးမှုးချုပ် ပါတက်ရောက်ပြီး ဖြစ်ပေါ်နေသော နိုင်ငံရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်ပယ်စုံဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံရုံး၊ မော်စကိုမြို့
၁၉-၁၀-၂၀၂၁
credit-မော်စကိုထောင်ပိုင်ကြီး