Sunday, October 17, 2021

နောက်သို့ 🍁


အာဆီယံနိုင်ငံတွေက ဝန်ကြီးတွေအနေနဲ့ မြန်မာ့ခေါင်းဆောင်ကို အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်ခွင့်မပေးဖို့ တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်မရသေးသရွေ့
တက်ရောက်ခွင့် မပြုဘူးဆိုတဲ့သဘော
ပြောခဲ့တာပါ။

အကြမ်းဖက်တွေကို တက်ရောက်ခွင့် ပြုမလား၊
မပြုဘူးလားထိတော့ ပြောမသွားပေမဲ့ အာဆီယံကတော့ မြန်မာကို အနေအထားတစ်ခုဆီထိ
တွန်းပို့လိုက်ပြီဖြစ်တယ်လို့ လက်ခံရတော့မှာ
ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု
တွေ အားလုံးကို ဘာတစ်ခုမှ ထည့်သွင်းစဉ်းစားမှု
မရှိဘူး ဆိုတဲ့ သဘောပါပဲ။

ဒီလို အနေအထားထိ ရောက်ပြီးမှတော့
ကျွန်တော်တို့ ပျော့ပျောင်းနေလို့ မရတော့တာ သေချာပါတယ်။

ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ
အားလုံး ဖြတ်ချလိုက်မလား၊ ဘယ်လမ်းကစပြီး တုန့်ပြန်မလဲဆိုတာတော့ စိတ်ဝင်စားစရာ
ကောင်းပါတယ်။

အာဆီယံအနေနဲ့လည်း ဖြစ်လာမယ့် အကျိုးဆက်တွေကို ထည့်မတွက်ထားဘူးလို့ ကျွန်တော်
မထင်ပါဘူး။

ဒီပုံစံအတိုင်းဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့
ရှေ့အလားအလာဟာ ယခင်လိုပဲ တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့နိုင်ငံသော်လည်းကောင်း၊ Zero Setting ချပြီး နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေး တည်ဆောက်ရတဲ့ နိုင်ငံသော်လည်းကောင်း
ဖြစ်သွားနိုင်ပါတယ်။

ကျွန်တော့်အမြင်ကတော့ အာဆီယံအနေနဲ့
သူတို့ရဲ့ အလွန်မဟုတ်ဘဲ သူတို့အနေနဲ့ မြန်မာကို တွန်းအားပေးဖို့ ကြိုးစားခဲ့ကြောင်း၊ မြန်မာကသာ နောက်ဆုံးအချိန်ထိ ခေါင်းမာနေလို့ ဒီနည်းလမ်းကို ရွေးရတာဖြစ်ကြောင်း မြန်မာကို ထိုးကျွေးပြီး သိက္ခာဆယ်သွားတယ်လို့ပဲ သုံးသပ်ရပါတယ်။

ဒီတော့ ကျွန်တော်တို့အနေနဲ့ စဉ်းစားစရာတွေ
ရှိလာပါတယ်။

- အာဆီယံနဲ့ ဆက်ဆံရေးတွေ လျှော့ချပြီး တကယ်ပဲ Zero Setting ချ တံခါးပိတ်လိုပါသလား။

ကျွန်တော်တို့က အဲဒီလို အနေအထားနဲ့
အသားကျနေတဲ့လူတွေပါ။ ပြဿနာမရှိဘူး။

- အာဆီယံကို ဆက်ဆံရေး ဖြတ်တောက်တာဖြစ်ဖြစ်၊ လျှော့ချတာဖြစ်ဖြစ် လုပ်လိုက်ရင်
အဲဒါက လာမယ့် နိုဝင်ဘာလ၊ ကုလသမဂ္ဂအထွေထွေညီလာခံထိ သက်ရောက်လာမှာပါ။

- အိမ်စောင့်အစိုးရကို ဆက်ဆံရေးလျှော့ချပြီး အကြမ်းဖက်တွေကို ပွဲထုတ်ဖို့ဆိုတာ အခြား
အုပ်စုတွေ လိုလားတဲ့အရာပါ။

- အာဆီယံကတော့ သူတို့ရဲ့ ပြတ်သားတဲ့ သဘောထားကိုပြပြီး လာမယ့် အခင်းအကျင်း
တွေအတွက် လမ်းခင်းလိုက်ပါပြီ။

ကျွန်တော်တို့ ဘယ်လိုဆက်လုပ်ချင်ပါသလဲ။

ကျွန်တော်ကတော့ အာဆီယံကမှ ဒီလိုလုပ်လိုက်ပြီး ပဋိညာဉ်ချိုးဖောက်လို့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို စော်ကားရင် ကျွန်တော်တို့ကလည်း သူတို့နဲ့ သဘောတူညီထားတဲ့ ဘယ်
မူဘောင်ကိုမှ ငဲ့နေစရာမလိုတော့ဘူးလို့
မြင်ပါတယ်။

ဒီတော့ Zero Setting ထိ မှန်းထားပြီး
NLD ပါတီကို ဖျက်သိမ်းပစ်လိုက်ပါ။

ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာအရ
ဥပဒေ အာဏာတည်ဖို့အတွက် အရာအားလုံးဟာ ဥပဒေနဲ့ အညီသာ ဖြစ်သင့်ပါတယ်။

သူတို့က ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို ဖယ်ထုတ်ရင် ကျွန်တော်တို့ကလည်း သူတို့တွေ
သိပ် တွန်းတင်ပေးနေတဲ့ အကြမ်းဖက်တွေ ပေါက်ဖွားရာ NLD ပါတီကို ဖျက်သိမ်းပြခြင်းနဲ့ တုံ့ပြန်သင့်တယ်။

မကျေနပ်လို့ ပေါက်ကွဲလာတာတွေ ရှိရင်လည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်လိုက်ရုံပေါ့။

ကျွန်တော်တို့ ပိုကောင်းတဲ့ ရှေ့ရေးအတွက်
သည်းခံခဲ့ပြီးပါပြီ။

သူတို့ကမှ နောက်ပြန်ဆွဲစေချင်ရင်လည်း
အရင်ဆုံး NLD ကို ဖျက်သိမ်းတာကနေ စ
လိုက်ကြတာပေါ့။

အာဆီယံဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို တက်ရောက်ခွင့် မပေးဘူးပေါ့။

ဒါဆိုရင်လည်း ကျွန်တော်တို့နိုင်ငံရဲ့ အမြင့်ဆုံး အာဏာကို NLD တွေ လုံးဝ ရောက်စရာအကြောင်း မရှိစေရပါဘူး။ ဒါပါပဲ။

သန့်နေစိုး (15. Oct. 2021)

https://www.reuters.com/world/asia-pacific/malaysia-does-not-want-myanmar-junta-leader-summit-if-no-progress-minister-2021-10-15/

https://www.channelnewsasia.com/asia/myanmar-junta-leader-general-excluded-asean-meeting-2246481