Sunday, October 17, 2021

မီတာခ ၃၅ ကျပ်ပဲ ပေးခဲ့ရတဲ့ ဘစိန်ကြီးကို ကျုပ် လွမ်းမိတယ်


ကွန်ကရစ်လမ်းတွေ လုပ်ပေးသွားတဲ့
ဘစိန်ကြီးကို ကျုပ် လွမ်းမိတယ်

ဆည်ကျိုးမှာ စိုးရိမ်နေတဲ့ရွာ
ကိုယ်တိုင် တာရိုးပေါ် ညအိပ်ပီးစောင့်တဲ့
ဘစိန်ကြီးကို ကျုပ် လွမ်းမိတယ်

ရေသန့်စက်ထဲက ရေကို
သူကိုယ်တိုင် အရင်ဆုံး သောက်ပြခဲ့တဲ့
ဘစိန်ကြီးကို ကျုပ် လွမ်းမိတယ်

ဘာသာတရားလဲ ကိုင်းရှိုင်းတဲ့
ဘစိန် ကြီးကို ကျုပ် လွမ်းမိတယ်

ပြည့်သူ့စကားးနားထောင်ပီး
မြစ်ဆုံ စီမံကိန်းကြီးကို ရပ်ပေးနိုင်တဲ့
ဘစိန်ကြီးကို ကျုပ် လွမ်းမိတယ်

ပြည်သူတွေ ဆင်းရဲနေခ်ျန်မှာ
အခွန် မကောက်ဘူးလို့ဒဲ့ ပြောခဲ့တဲ့
ဘစိန်ကြီးကို ကျုပ် လွမ်းမိတယ်

ဒီမိုကရေစီနဲ့ အယောင်ပြ လုပ်စားမယ့်
သူတွေအောက် မှိုင်းမိသွားတဲ့ 
လူထု ဆန္ဒအတိုင်းး

ဒီမိုကရေစီဆိုတဲ့လမ်း ဖွင့်ပေးခဲ့တဲ့
ဘစိန်ကြီးကို ကျုပ် လွမ်းမိတယ်

နောက်ဆုံးးကုန်ကုန် ပြောရင်

မနက်တိုင်းးရေဒီယိုကနေ

" မိဘပြည်သူများ အားလုံး
   
   မင်္ဂလာပါ ခင်ဗျာ " ဆိုတဲ့ 

အသံချိုချို လေးနဲ့ ပြောတဲ့

ဘစိန်ကြီးကို ကျုပ် သိပ်လွမ်းမိတယ်

.

  တောင်ပံနီလူလေး(မြန်မာပြည်)