Monday, October 18, 2021

မငိုနဲ့


၅နှစ်အတွင်း နယ်စပ်စည်းရိုး မိုင်၁၀၀ကျော်ကို
မင်းတို့ဘက်ဂျက်မရှိလို့ မကာနိုင်ဘူးပြောတော့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း တရားမဝင်ဘုန်းကြီးကျောင်းတွေ
ထောင်နဲ့ချီပြီး ဖျက်ခဲ့တုန်းက
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း သံဃာတွေသင်းခွဲ ဘုန်းကြီးတွေဖမ်းဆီး
မြန်မာပြည်ကြီး သာသနာကွယ်အောင် မင်းတို့လုပ်ခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း ဧည့်စာရင်း ဥပဒေကိုဖျက်
အနောက်တံခါး ဂိတ်ပေါက်ကြီးကို မင်းတို့တတွေ ဖျက်ခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း ဘင်္ဂါလီကိုနေရာပေး
တို့တိုင်းရင်းသား တို့လူမျိုးကို ဖိနှိပ်ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း မဘသကိုဖျက်
မျိုးချစ်ရဟန်းတော်များသမဂ္ဂကို မင်းတို့ဖျက်ခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း ပဋ္ဌာန်းပွဲတွေဖျက်
တရားပွဲတွေ မင်းတို့အမိန့်နဲ့ ဖျက်ခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း မြေယာတွေသိမ်း
ကုလားတွေ ငြိမ်းဖို့ မင်းတတွေ လုပ်ခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း ပြည်သူကို အခွန်နဲ့ဖိ
ရသမျှဘဏ္ဍာ ဘင်္ဂါလီအကျိုး သယ်ပိုးခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း တိုင်းပြည်အကြွေးထူ
ပြည်သူအားလုံး အငတ်ဘေးတွေ ဆိုက်ခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း သေခဲ့တဲ့ နယ်ခြားစောင့်တပ်တွေ
သေခဲ့တဲ့ တိုင်းရင်းသားတွေကို မင်းအားလုံး ဂရုမစိုက်တာကို
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း မွတ်ဆလင်တွေ ဂျိုကြွ
တိုင်းရင်းသားတွေ အနှိမ်ခံရပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း ဘင်္ဂါလီကို ကမန်အယောင်ဆောင်
တို့ပြည်တွင်းထဲအထိ မင်းတို့တတွေ သွင်းခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း မင်းတို့မွေးတဲ့ လော်ဘီခွေးတွေ
ထေရ်ကြီးဝါကြီး ရဟန်းတွေကို ဆဲရေးတိုင်းထွာ လုပ်ခဲ့ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း ပြည်သူကျွေးထဲထမင်းကို မင်းတို့စား
ပြည်သူ့လက်ကို မင်းတို့အားလုံး ပြန်ကိုက်ပေမဲ့ 
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း တို့ရင်ထဲက အမျိုးသားရေးဝါဒကို
မင်းတို့အာဏာ မင်းတို့အမိန့်နဲ့ အမျိုးမျိုးသာ သတ်ခဲ့ပေမဲ့။
ငါတို့အားလုံး မငိုခဲ့ဘူး။

၅နှစ်အတွင်း တပ်မတော်ကို ပုတ်ခတ်
ပြည်သူကို အဆိပ်ခပ်ပေမဲ့
ငါတို့အားလုံး မငိုခဲ့ဘူး။

ငါတို့မငိုဘူး့့့ 
ငါတို့အားလုံး မငိုခဲ့ဘူး့့့
ဒါပေမဲ့ အံကိုကြိတ် ပြတ်လုပြတ်ဆဲ နှုတ်ခမ်းကိုကိုက်လို့
တို့ရင်ထဲက တောက်ခေါက်သံ
တို့ရဲ့လျှာတွေ အသားမာတတ်တဲ့အထိ
မင်းတို့အုပ်ချုပ်တဲ့ ၅နှစ်အတွင်းမှာ
တို့ရဲ့အသည်း နာကျင်ခဲ့တယ်။

ပြည်သူတွေရဲ့ ကျိန်စာ
တိုင်းပြည်ရဲ့ ကျိန်စာ
ရဟန်းတော်တွေကို စော်ကားတဲ့ အကုသိုလ်အရိပ်ဟာ
မင်းတို့နောက်ကို ထပ်ချပ်မခွာဘူး။

သိပ်ကြောက်နေလား ?
ညဘက်တွေရော အိပ်ပျော်ရဲ့လား ?
တဂျိမ်းဂျိမ်းနဲ့ သံချပ်ကားတွေအသံကြောင့် သွေးပျက်နေလား ?
တို့အလှည့်တုန်းက မငိုခဲ့ဘူး။

မင်းတို့အလှည့် ငိုမနေနဲ့
ခံနိုင်ရည်ရှိအောင် ကြိုးစားထားပေါ့
ဝဋ်ဆိုတာ နောင်ဘဝမကူးဘူး NLD။

Credit