အိမ်ရှင်ကမှ အိမ်ကြီးရဲ့မူလဇစ်မြစ်ကိုသိတာပါ။ဟောင်းလာယိုင်လာရင် ဘယ်နေရာကိုပြုပြင်ရမလဲဆိုတာအိမ်ရှင်ထက်ဘယ်သူကမှမသိနိုင်ပါ။အိမ်ငှားကတော့ဖုတ်ဖတ်ခါထွက်သွားမှာပဲ။
မြန်မာနိုင်ငံကို တပ်မတော်ကဦးဆောင်နေပေမယ့် သံရေးတမန်ရေးမှာ အဆင့်မြင့်ပါတယ်။ရန်လိုခြင်းမရှိဘူး။နစက ဥက္ကဋ္ဌကို အာစီယံထိပ်သီးအစည်းအဝေးမတက်ခိုင်းဘူးဆိုတော့ နစကထောက်ခံသူပြည်သူတွေရဟန်းရှင်လူတွေ သောကဖြစ်ရစိုးရိမ်စိတ်မကောင်းဖြစ်ကြ မေးကြမြန်းကြပေါ့။ဒါနဲ့မရေးတော့ဘူးနေနေတာကို ရေးမိသွားပြန်တယ်။
ဒီကိစ္စကို တုန့်ပြန်တဲ့နစကသံတမန်ဆက်ဆံရေးသိပ်ကောင်းပါတယ်။ဘာတဲ့ ဆက်လက်ပြီး အဖွဲ့ဝင်အဖြစ်ပဲရှိနေပေးပါ့မယ်တဲ့။ညင်သာပညာသားပါလိုက်တာ။ဘယ်သူကလူဆိုးလဲ။အာစီယံရဲ့ယခုလုပ်ဆောင်မှုက အာစီယံရဲ့မူပျက်စီးသွားပြီ။ဒေသတွင်းစည်းလုံးညီညွှတ်မှုကို အနောက်အုပ်စုအလိုကျ ကပြလိုက်ပြီ။အာစီယံခေါင်းဆောင်တွေတသွင်သွင်ပြောသလိုဒေသတွင်းတည်ငြိမ်ရေးဒါတွေကကောင်းတဲ့အလားအလာတော့သိပ်ရှိလာစရာမရှိဘူး။
တစ်ဖက်မှာကျတော့မြန်မာတွေ ဘာလုပ်ကြမှာလဲ။နစကလက်ထက်မှာ နိုင်ငံတကာဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နေတယ်လို့ယူဆပါတယ်။အာစီယံကိစ္စယူအန်ဂျီအေကိစ္စကို သာမန်လုပ်ရိုးလုပ်စဉ်ပဲသွားနေတာတွေ့ရတယ်။
တစ်ဖက်မှာနစကသည်ရုရှားနှင့် အင်မတန်နီးကပ်တဲ့အနေအထားကိုရောက်ရှိသွားပြီး ဒေသတွင်းမှာ မြန်မာသည် ဒုတိယမြောက် ရုရှားအခြေစိုက်စခန်းတွေကိုခြေချခွင့်ပြုလာမယ့်သတင်းတွေ ကြားသိရပါတယ်။
စီးပွားရေးတွေတိုးမြှင့်လုပ်ဆောင်နေသလို စစ်လက်နက်ပစ္စည်းများကိုလည်း မြန်မာလိုအပ်သမျှရယူနိုင်တဲ့အနေအထားပါ။ဒါကြောင့် ယူအန်လူ့အခွင့်အရေးကောင်စီရဲ့စစ်လက်နက်ပစ္စည်းတင်ပို့မှုကန့်သတ်ရေးတွေက ဘာမှ အရာရောက်မှာမဟုတ်ဘူး။ဂရုစိုက်စရာကိုမလိုတဲ့အနေအထားပါ။နိုင်ငံတော်သစ္စာဖောက်သံအမတ်ကတော့ အော်ပြနေတာသက်သက်ပဲ။လိုအပ်ရင်စက်ရုံပါတည်လို့ရပါတယ်။
နည်းပညာကတော့ မြန်မာ့တပ်မတော်အရာရှိတွေ နှစ်ပေါင်း ၂၀ လောက် ရုရှားမှာပညာတော်သင်တွေသွားနေတဲ့ အဓိပ္ပါယ်ကို ဖွင့်ကြည့်ပေါ့။အာဖကန်ကနေ အရှက်တကွဲအကျိုးနည်းခဲ့ရတဲ့ယူအက်က
အာစီယံဒေသကို သိသာစွာပဲခြေဦးလှည့်ခဲ့တယ်။
အာရပ်နွေဦးကတော့ တာလီဘန်တွေကိုအရှုံးပေးထွက်ခွာလက်ထဲထည့်ပြီးအဆုံးသတ်သွားပါပြီ။
နစကကိုတိုက်တွန်းချင်တာကပြည်ပက အစိုးရ၊လွှတ်တော်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်း တွေကနေ မိမိပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်တာတွေကို ကာကွယ်တားဆီးဖို့ ပထမအဆင့်အနေဖြင့် စင်္ကာပူမှာပြဌာန်းလိုက်တဲ့ FICA လို့ခေါ်တဲ့ Foreign Interference Countermeasures Actပြည်ပစွက်ဖက်မှုတုန့်ပြန်ရေးဥပဒေလိုမျိုး မြန်မာမှာပြဌာန်းသင့်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းနှစ်ပေါင်း၇၀ကျော်ဦးနုလက်ထက်ကတည်းကအရိုးစွဲနေတဲ့နိုင်ငံတကာဆက်ဆံရေးကိုသတ္တိရှိရှိပြုပြင်ပြောင်းလဲနေတဲ့မြန်မာ့တပ်မတော်အောင်မြင်မည်ဟုအခိုင်အမာယုံကြည်ပါတယ်။အိမ်ရှင်ကမှအိမ်ကြီးဇစ်မြစ်ကိုသိတာပါ။ဟောင်းလာယိုင်လာရင် ဘယ်နေရာကိုပြုပြင်ရမလဲဆိုတာအိမ်ရှင်ထက်ဘယ်သူကမှမသိနိုင်ပါ။
နိုင်ငံရေးသုံးသပ်ချက်ကို ပညာရပ်အမြင်ဖြင့်ရေးသားခြင်းဖြစ်တယ်ဆိုတာ fb ကို အသိပေးလိုပါတယ်။
နန်းမြမြမီမီဇော်
နိုင်ငံတကာဆက်ဆံရေးပညာ
ဂုဏ်ထူးတန်းဘွဲ့
၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၆ ရက်။