Monday, October 18, 2021

🐞 #အားလုံးရှုံးစေမဲ့ကစားကွက်


အာဆီယံနဲ့မြန်မာ့အရေးက
ခက်ခဲတဲ့အခြေအနေမျိုး
Hot potato ဖြစ်လာတယ်
ဘရူနိုင်းက ဥက္ကဌအဖြစ်တာဝန်အချိန်
အဆင့်နှိမ့်ဆက်ဆံတာမျိုးလုပ်မှာ
စိုးရိမ်တယ် လို့အင်တာဗျူးမှာ
ကြိုသတိပေးခဲ့တဲ့အတိုင်းပဲ
လုပ်သွားတယ်၊

Down  play ကအရေးမပါဘူးလို့
သဘောထားတာ၊ Down grade က
အဆင့်နှိမ့်ဆက်ဆံတာ၊
လက်ရှိအစိုးရက အိမ်စောင့်အစိုးရ
အစိုးရအကြီးအကဲဆိုတာ
အစ်ုးရအကြီးအကဲပဲ၊ ကိုယ့်အစိုးရ
အကြီးအကဲကို မဖိတ်ဘူးဆိုတော့
အားလုံးပေါက်ကွဲကြတယ်၊
ASEAN Summit ဆိုတာ
ထိတ်သီးအစည်းအဝေးပါ။

ပထမအချက်က...
ထိုင်းမှာအာဏာသိမ်းတယ်
Summit မှာဖိတ်တယ်၊
မြန်မာမှာ အာဏာသိမ်းတာမဟုတ်ဘူး
ဒါပေမဲ့ မဖိတ်ဘူး၊
ASEAN ဘာလဲ လို့ပြန်မေးရမလိုဖြစ်ပြီ၊

............

ဒုတိကအချက်က....
ASEAN အခြေခံမူက
တနိုင်ငံနဲ့တနိုင်ငံ၊ အချုပ်အခြာကို
အပြန်အလှန်လေးစားရမယ်၊
အခြားနိုင်ငံပြည်တွင်းရေးကို
ဝင်ရောက်မစွက်ဖက်ရဘူးဆိုတာရှိတယ်၊
အခုဖြစ်စဉ်က ပြောင်ပြောင်ကြီး
ချိုးဖေါက်သွားတော့...
ဘာလဲ... လိုက်နာဖို့မလိုတော့တဲ့သဘောလား
... လို့မေးစရာဖြစ်လာတယ်၊

............

တတိယအချက်....
အာဆီယံမှာ (အထူးသဖြင့်မြန်မာ့အရေး)
သဘောထားမတူ (၃) အုပ်စုရှိတယ်
မြန်မာကို ထောက်ခံ၊ ကြားနေ၊ ကန့်ကွက်ဆိုပြီး
ASEAN ထုတ်ပြန်ချက်တိုင်းဟာ
အားလုံးသဘောတူရမယ်ဆိုတာလဲ
အခြေခံမူတခုပဲ၊ အစိုးရခေါင်းဆောင်ကို
ပေးမတက်ဘူးဆိုတာ... Consensus လား
မဖြစ်နိုင်ပြန်ဘူး၊
ဒါဆိုရင်... ဘာလို့အဲ့ဒီထုတ်ပြန်ချက်
ဖေါက်ထွက်လာရတာလဲ ?

..............

စတုတ်ထ  ....
1997 မြန်မာ အာဆီယံဝင်ချိန်ကိုလေ့လာရင်
ဒီနေ့ခေါင်းဆောင်တွေနဲ့ အကွာကြီးကွာတာကို
တွေ့ကြရလိမ့်မယ်၊
မဟာသီယာ၊ လီကွမ်ယူတို့က "မာ" တယ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မက်ဒရင်းအောဘရိုက်က မြန်မာကို
အာဆီယံအင်အားမရစေပဲ " သင်းကွဲ" အနေနဲ့
"ဖွတ်" ချင်တယ်၊ မဟာသီယာက မြန်မာကို
" အာဆီယံထဲထည့်ပြီး" ဖြောင်းဖြချင်တယ်၊

ကိုယ့်မူဝါယနဲ့ကိုယ် ယုံကြည်ရာကို
အကောင်အထည်ဖေါ်ကြတဲ့နေရာမှာ
အာဆီယံက ကိုယ့်ကိစ္စကိုဖြစ်အောင်
လုပ်သွားတယ်၊ မြန်မာကလဲ ကိုယ့်ပန်းတိုင်ကို
နောက်ဆုံးရအောင်ဖေါ်သွားတယ်၊

ဒီနေ့အာဆီယံက
ဩဇာခံဖြစ်မှန်းမသိဖြစ်သွားပြီလား ?

.............

ပဉ္စမအချက်....
မြန်မာ့အရေးကို အမေရိကန်တိုက်ရိုက်
ဖိအားပေးမှုမဖြစ်အောင် အာဆီယံဖက်
ပုခုံးပြောင်းလိုက်တာကတရုတ်ကြီး၊
အခု...
ဒီလိုအဖြစ်တွေပေါ်လာတော့
အနောက်အုပ်စုကို တရုတ်က
မထိမ်းနိုင်တော့တာလား ?
ဒါမှ မဟုတ်ကိုယ်တိုင် ဝင်ကစားနေတာလား ?

............

ဆဌမအချက်...
နယ်စပ်ကုန်သွယ်ရေး အားလုံးပိတ်ထားတာနဲ့
တိုက်ဆိုင်နေတယ်နော်၊ သတိထားဖို့။
တရုတ်ကိုယ်တိုင် ဝင်ကစားတာဆိုရင်
ဘာကြောင့်လဲ ?

.............

အချိန်တန်ရင်ပြီးသွားမှာပါ
ဒါပေမဲ့ သမိုင်းဖြစ်ရပ်တွေကတော့
ထင်ကျန်ရစ်လိမ့်မယ်၊
ပြဿနာတိုင်းမှာ Root cause နဲ့ 
Triggering cause ဆိုပြီးရှိတယ်၊
TC ကတော့မြင်သာတယ်၊ RC ကမမြင်သာဘူး
ဆဒ္ဒါန်အစွယ်တောင်းသလိုမျိုး၊

အားကြီးသူတွေရဲ့ Hidden agenda ၊
Invisible cause တွေကိုမမြင်ပဲ
Visible cause တွေကိုလိုက်နေလို့ကတော့
အနာနဲ့ဆေးတခြား ဖြစ်နေလိမ့်မယ်၊

.............

စီးပွားရေး ချိနဲ့နေသမျှ
အစိုးရတရပ်မှာ အန္တရာယ်ရှိနေတယ်လို့
ပုံသေမှတ်ယူနိုင်တယ်၊ အထူးသဖြင့်
ထိတ်ပိုင်းခေါင်းဆောင်တွေမှာ၊

ဒါကြောင့်
ပြီးခဲ့တဲ့ (၅) နှစ်က မြန်မာ့စီးပွားရေးကို
ကြိုတင်ဖျက်ဆီးပစ်ခဲ့တာ၊
( ခပ်ခြာခြာ အစိုးရအဖွဲ့ဝင်တွေမသိဘူး
   á€”ိုင်ငလခဟဏးသဏးဥကဟလပ္းတွ္က လုပ်သွား )

နောက်အစိုးရတက်တော့
CDM ဆက်လုပ်တယ်၊ စီးပွားရေးကို
ဆက်ဖျက်တဲ့သဘောပဲ၊
နိုင်ငံတခုမှာ စီးပွားရေးကအဓိက
စီးပွားရေးသိပ်ကြပ်တည်းလာရင်
အစိုးရတိုင်း ပေါက်ကွဲမှုနဲ့ရင်ဆိုင်ရလေ့ရှိတယ်
ဒါလဲ ပုံသေလို့မှတ်လို့ရတယ်၊

အဲ့ဒီစီးပွားရေးကို နိုင်ငံရေးလက်နက်နဲ့
ဖျက်လို့ရတယ်၊ ကိုယ့်ဖါကိုယ် မူဝါဒအမှားနဲ့လဲ
ပျက်စီးစေတယ်၊ ဒီအချက်ကလဲ အရေးပါတဲ့
အချက်ပဲ၊
မြန်မာ့ Trade က $ 36 billion
နယ်စပ်က $12 billion. စဉ်းသားကြည့်။

.................

စီးပွားရေးနဲ့ နိုင်ငံရေး အဆက်အစပ်ကို
အထူးပြုတာ Political Economy.
မြန်မာ့အနေအထားကို ရှင်းစရာမလိုတော့ဘူး
သဘာဝကပေးထားတာ
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အနေအထား
ဒီတော့ Geopolitical economy ဆိုတဲ့
ပထဝီနိုင်ငံရေးဘောဂဗေဒ ဖြစ်လာတယ်၊

ဒါမျိုးက
Strategic vision ကောင်းခဲ့ရင်
မူဝါဒမှန်ရင်... တွန်းအားကောင်းနဲ့
တက်နိုင်သလို၊ ဆန့်ကျင်ဖက်ဖြစ်ရင်
ဆိုးကျိုးတွေပြန်ပေးတတ်တယ်
ဓါးသွားပေါ်လျှောက်နေရတဲ့ အခြေအနေမျိုး။

...........

ဒိလောက်ဆို
အလုပ်ဖြစ်တန်ကောင်းပါရဲ့
အာဆီယံကတော့ 
ပန်းဆိုးတန်းအဆင့် 
(ဟိုတုန်းကအသုံး၊ အခုအသုံးတော့ မသိတော့)
ရောက်ခြင်းမလှရောက်သွားရှာခဲ့ပြီ။

( တနေ့က ညထဲကရေးချင်ခဲ့ပေမဲ့
   fb လုပ်သမျှခံနေရလို့ )
  

#BaMaung.


Related Posts: