Tuesday, October 5, 2021

#​ဘော်ပြင်းရွာသတင်း


​ယောနယ်က ​ဘော်ပြင်းရွာမှာ ဖြစ်ခဲ့တဲ့ သတင်းက ခုမှ ​ယောနယ် Friend တစ်​ယောက်က ​ပြောပြလို့ သိရတဲ့ အတွက် ခုမှ တင်ဖြစ်ပါတယ်။ ဖြစ်တာက​တော့ ၁ ပတ်​လောက် ကြာပါပီတတ် ၊ စက်တင်ဘာ ၂၈ / ၂၉ ​လောက်က ​ဘော်ပြင်းရွာကို PDF  ၂၀၀ ခန့် ​လောက် ရွာကို ဝိုင်းထားပီး သူတို့လိုချင်တဲ့ သူလျို ၊ ဒလန် ( ၇ /၈) ​လောက်ကို ရှာ​ဖွေ ဖမ်းဆီးသွားပါတယ်၊ ဌာနရှိရာ ထယ်​လှော်​ချောင်းဖျား ကို ​ခေါ်သွားပီး စစ်​မေးသတ်ဖြတ်လိုက်ကြတယ်။ ပီး​တော့ ထယ်​လှော်​ချောင်းထဲကို အ​လောင်း​တွေကို ​​မျှောလိုက်ကြတယ်၊ ​မြောလာတဲ့ အ​လောင်း​တွေကို ထယ်​လှော်ရွာသား​တွေ ​ဘော်ပြင်းရွာသား​တွေက ​တွေ့ကြသတဲ့ ။ အဲဒိအဖြစ်အပျက်ဟာ အလိုအ​လျောက် ဖြစ်လာတာ မဟုတ်ပါဘူးတဲ့ ၊ အဲဒိ​​ဘော်ပြင်းရွာရဲ့ ​မြောက်ဘက် မြစ်ခြားတဲ့   ကန်ရွာ မှာ ရဲစခန်း ရှိပါတယ်။ အဲဒိ ရဲစခန်းက စခန်းမှူးဟာ စင်တင်ဘာ (၂၈/၂၉) မှာ  CDM ဝင်သွားပါသတဲ့ ။ ဒီလို CDM လုပ်သွားရာမှာ ဒီအတိုင်း မသွားဘဲ ​ဘော်ပြင်းရွာက သူလျို ဒလန် ကန်ရွာက သူလျို ဒလန် နာမည်​တွေကို PDF  ​​ခေါင်း​ဆောင်​တွေထံ ​ပေးခဲ့တယ်။ ဒါ​ကြောင့်မို့  ​ဘော်ပြင်းရွာက (၇/၈) ​ယောက်  ကန်ရွာက (၄/၅ ) ​ယောက် ​လောက် အဖမ်းခံရတယ်။ ​ဘော်ပြင်းရွာက (၇/၈) ​ယောက် က အသတ်ခံရပီး ကန်ရွာက သူလျို ဒလန် ​တွေက​တော့ အသတ်ခံရတယ် မကြားဘူး။ ဒီကိစ္စမှာ နစက ကို​ရော ပြည်သူကို​ရော ​ပြောချင်တာက ရဲအများစုဟာ နစက ဘက်မှာ မရှိဘဲ ပြည်သူ့အတွက် မဟုတ်ဘဲ NUG ​လေလှိုင်း အစိုးရအတွက် သူလျို ဒလန် ဖြစ်​နေတယ် ဆိုတာ သိ​စေချင်တာပါ ။ဒီအဖြစ်အပျက်ကို ကြည့်ရင် နစက ရဲ့ ပြည်ထဲ​ရေး ဌာနဟာ မှန်မှန်ကန်ကန် အလုပ်မလုပ်ဘူးဆိုတာ ယူဆနိုင်ပါတယ်။ ဒါ​ကြောင့်မို့ ပြည်သူ​တွေ အ​နေနဲ့ အသက်အိုးအိမ် လုံခြုံမှုမရှိဘဲ ​နေကြရတယ်ဆိုတာကို အချင်းချင်း သတိ​ပေး ​စောင့်​ရှောက်ကာကွယ်ကြဖို့ သင့်ပါတယ်။ 

စစ်သည်