Thursday, October 7, 2021

#အလွန်မိုက်မဲလွန်းလှတယ်


ပြုပြင်ပြောင်းလဲရေးလုပ်လာရင်
ဘယ်သူအစိုးရဖြစ်ဖြစ်
ရှောင်နိုင်၊ ဆောင်နိုင်အောင်လို့
" စီးပွားဖျက်သူလျှို "စာအုပ်ကို (၂၀၀၈) ထဲက
ရေးခဲ့ပါတယ်၊ (၂) အုပ်ဖြစ်ပြီး(၂၀၁၀) မှာဒုတိယအုပ်ရေးပါတယ်၊

ဒေါ်စုရဲ့ အနီးကပ်စီးပွားရေးအကြံပေးဖြစ်တဲ့Sean Turnell ရှောင်တာနယ်လ် ရဲ့လုပ်ရပ်ကို
လေ့လာရင်.... တကယ့်စီးပွားဖျက် သူလျှို Economic Hitman ဖြစ်နေတယ်ဆိုတာ
တွေ့ရလိမ့်မယ်၊

ဒေါ်စုအနေနဲ့ မသိလို့ခေါ်သုံးခဲ့တာလား သိလျက်နဲ့ တမင်ခေါ်သုံးတာလားကိုတော့ သူမကိုယ်တိုင်ပဲ သိပါလိမ့်မယ်၊

( နိုင်ငံရှေ့ရေးအတွက်တော့ သင်္ခန်းစာဖေါ်ထုတ်မှုရယ်သမိုင်းအမှန်ပေါ်ဖို့ရယ်အတွက်
" သိလျက်-မသိလျက်"
ကိုတော့ ဖေါ်ထုတ်သင့်တယ် )

..................

စီးပွားဖျက်သူလျှို စာအုပ်ထဲမှာ
ဗီယက်နမ်ကို ဖျက်ဆီးပြီးတာ့ အင်ဒိုနီးရှားကို ဖျက်ဆီးဖို့ ကြိုးစားကြတယ်၊

စီးပွားရေးပညာရှင်တွေအနေနဲ့ ဝင်လာပြီး နိုင်ငံရဲ့ စီးပွားရေးကို ကမောက်ကမဖြစ်အောင်၊
အကြွေးထူအောင်လုပ်ပြီး ထိမ်းချုပ်တဲ့စနစ် အသုံးပြုကြတယ်၊

စီးပွားဖျက်သူလှိုတဦးရဲ့ (လုပ်ကြံတဲ့) ထောက်ခံမှုဟာ
ဘယ်လောက်အထိ "တာ" သလဲဆိုရင်...

ကမ္ဘာ့ဘဏ်၊ IMF တို့ကတာဝန်ရှိသူတွေတောင် လွန်ဆန်လို့မရဘူး၊ လွန်ဆန်လို့မရအောင်လဲ
အမေရိကန်က ချိတ်ဆက်ထိမ်းချုပ်ထားတယ်၊ ဘယ်လောက်များ ကြောက်စရာကောင်းသလဲ ?

..................
ဒေါ်စုဟာ
UN မှာ သာမန်စာရေးလောက်ပဲလုပ်ဘူးခဲ့သူဆိုတော့
တကယ့်စီးပွားရေး၊ နိုင်ငံရေးတွေအကြောင်း သိနိုင်ဖို့ အခွင့်အရေးမရခဲ့ဘူးဖူး။

လွန်ခဲ့တဲ့ သူမအစိုးရ (၅) နှစ်တာကာမှာစီးပွားရေးနဲ့ နိုင်ငံရေးအကြောင်းကို "နည်းနည်း"
သိရင်တောင်မှ.... လာမဲ့ (၅) နှစ်သက်တမ်းအတွက် မဲခိုးစရာမလိုပဲ.... မှန်မှန်ကန်ကန် အသာလေး အစိုးရထပ်ဖြစ်နိုင်တယ်၊

ဘာကိုမှမယ်မယ်ရရ၊ ထဲထဲဝင်ဝင်မသိလေတော့ အစိုးရဖြစ်ဖို့ မဲခိုးရတာတွေဖြစ်လာတယ်၊

(၅) နှစ်တာကာလအတွင်း... သူမပြောတာတွေကို
ကြည့်ရင်.... " မိန့်ခွန်း" အဆင့်တခုမှမတွေ့ရသလို
စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒ၊ ပရိယာယ် ကိုလည်း နည်းနည်းမှမတွေ့ရဘူး။

စီမံအုပ်ချုပ်ရေးဆိုင်ရာမှာလည်း
သာမန် Planning အဆင့်တောင်မတွေ့ရပဲ လက်တန်း
သဘောတွေချည့်တွေ့နေရတယ်၊
Management level မဆိုထားနဲ့ Administration levelမှာတောင်.... အခြေခံအဆင့် သိထားပုံမပေါ်ဘူး၊

အရာရာမှာ အားနည်းပေမဲ့ Popularity ကဖေးမ နေတာရယ်၊ သူ့မကြောင့် ရာထူးနဲ့
လုပ်ပိုင်ခွင့်ရနေတာတွေကြောင့် အောက်ကလဲ ကြိတ်မှိတ် ရောချနေတာကြောင့်၊ နောက်ဆုံး
ပျက်စီးရာလမ်းကြောင်းကိုရောက်တော့တာပါပဲ၊

...................

သင်္ခန်းစာတွေ အများကြီးပါ

အဆိုးဆုံးက....
" Will “ ဆိုတဲ့ ဆန္ဒစေတနာပါ၊

ရှောင်တာနယ်အပါအဝင် နိုင်ငံခြားသားအကြံပေး (၁၀၀) ကျော်ကို ဘာကြောင့် သုံးခဲ့တာလဲ ?

( #ဒီအပိုင်းက အရေးကြီးတယ်၊ သာမန်ငွေကြေးခြစားမှုက နိုင်ငံတိုင်းမှာရှိတတ်လို့၊ ခွင့်လွှတ်လို့
ရပေမဲ့၊ နိုင်ငံပျက်စီးစေဖို့နဲ့ အတွင်းသတင်းတွေ ပေါက်ထွက်စေဖို့အတွက် ရည်ရွယ်တာဆိုရင်တော့ သမိုင်းတခု အနေနဲ့ မဖြစ်မနေဖေါ်ထုတ်သင့်တယ် )

ကျွန်တော့်လေ့လာမှုအရပြောရရင် ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ Economic Hitman တွေ
အများဆုံးလက်ခံထားတဲ့နိုင်ငံလို့သုံးသပ်တယ်၊

ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ မသိလို့ခေါ်သုံးမိရင်တောင်မှ #နိုင်ငံချစ်စိတ်နဲ့
သတိထားကြည့်သင့်တယ်၊
မပေါ်စရာမရှိပါဘူး၊

အခြားအကြောင်းတွေနဲ့ ဆက်စပ်ကြည့်ရင်
Will မှာကိုက ရည်ရွယ်ချက်ရှိတယ်ဆိုတာပေါ်တယ်၊

ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းနဲ့ အခြားတရားမဝင်
ငွေသုံးစွဲမှုတွေကို ဖေါ်ထုတ်လိုက်ရင် ရည်ရွယ်ချက်အစစ်အမှန်ဟာ မပေါ်လို့ကို မရတော့ပါဘူး၊

အတော်အသင့်သိထားသူတယောက်အနေနဲ့ ရေးရမယ်ဆိုရင်.....

#ဒေါ်စုအတော်မိုက်လုံးကြီးရက်စက်တယ်လို့ပဲ

အတိုဆုံးပြောရပါလိမ့်မယ်၊။

#ဒေါက်တာနေဇင်လတ်


Related Posts:

  • #အလှမ်းကျယ်အလယ်မလပ်စေလိုမြိတ်မြို့ကို ပင်လယ်လမ်း​ကြောင်းမှ အမြန်ယာဥ်စီးပြီးလာ ခဲ့လျှင် ဆိပ်ငယ်ဘောတံတား၌ '' တနင်္သာရီတိုင်း သည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သည် '' ဟူသော စာတန်းအား စာလုံးအကြီး ကြီးဖြင့် ရေးထားသည်ကိုတွေ့ရမည် ဖြစ်သည်။ကျွန်တော်တို့က ဆီး … Read More
  • #မုန်ဟင်းခါး    ဟင်းပွဲ ၃၀၀ ပါမှ ပွဲတော်တည်သော နာရသီဟပတေ့ ( တရုတ်ပြေးမင်း) သည် နန်းကျ၍ထွက်ပြေးခဲ့ရာ ပြည်မြို့သို့အရာက်တွင် စားတော်ပွဲ၌ ဟင်းပွဲ နဲသဖြင့် စိတ်နှလုံး ညှိုးခြုံးတော်မူသည်။    ထိုအခါ မိဘုရားကြီးသည် ဟင်းအမျိုး ၃၀၀ နှင့်ညီမျှသော… Read More
  • ကဲ... ရုရှားဘက်ကတော့ ဗော်ဒကာလာပို့ပြီရေတပ်စစ်ရေယာဥ်စုက ရန်ကုန်အနီးရောက်ပြီ။ ရုရှားရေတပ်အကြီးအကဲက တစ်ပတ်လောက်ကြိုရောက်နေတယ်။ ရေယာဥ်စုပေါ်မှာ တာတိုနဲ့တာလတ်ပစ်ဒုံးတွေပါမလား.... ရေဒါဖိနှိပ်ဖျက်ဆီးတဲ့အီလက်ထရောနစ်စနစ်တွေပါမလား.... မသိသေးဘူး။ သေချာတာကတော့ ဆီးရီယားလိုမဖ… Read More
  • 🍄 " နှိုင်း မမှီ " 🍄 State of the art.အားလုံးထက်သာလွန်သော၊နောက်ဆုံးပေါ်ဖြစ်သောနှိုင်းယှဉ်မရသောစတဲ့အဓိပ္ပါယ်တွေထွက်တယ်၊သူများတွေလိုက်မမှီတဲ့အတွေးမျိုးကိုတွေးနှိုင်ရင်လည်း State of the art idea.... စသဖြင့် သုံးလေ့ရှိတယ်။...........🍄 နှိုင်းမမှီတဲ့ GE 2020      … Read More
  • 🍁 တရုပ်ပေါက်ကွဲထိုင်ဝမ်မြေပေါ်မှာထိုင်ဝမ်စစ်သည်တွေကို လေ့ကျင့်ပေးဖို့အရေအတွက် အနည်းငယ်သောအမေရိကန်စစ်သည်တွေ ရှိနေပါတယ်လို့ထိုင်ဝမ်သမ္မတက ထုတ်ပြောလိုက်တာဟာတရုတ်ကို စမ်းသပ်လိုက်တာပဲလို့မြင်တယ်၊တရုတ်ဖက်ကတော့ ဗေဒင်မေးစရာမလိုအောင်ပေါက်ကွဲပါလိမ့်မ… Read More