#တပ်မတော်ခေါင်းဆောင်တွေဟာ
#အရပ်ဖက်ခေါင်းဆောင်တွေထက်တော်ကြ
ပါတယ်။ ဒီလိုပဲပြောရမှာပဲ။
#ဗိုလ်ချုပ်ကြီးနေဝင်း!--
●တိုင်းပြည်ရဲ့ပြည်တွင်းသောင်းကျန်းမှုကာလ
အခြေအနေဆိုးတွေကို သူဦးဆောင်ကျော်လွှား
နိုင်ခဲ့တာပဲ။(ခုချိန်မှာသေချာပြန်စဉ်းစားရင်
သူမထိန်းနိုင် ဦးမဆောင်နိုင်ရင် မြန်မာပြည်
ပျက်တာကြာလှပေါ့။
●သို့ပေမယ့် ကြာလာတော့ နိုင်ငံ့ခေါင်းဆောင်နေရာ
ကိုယစ်မူးသွားဟန်ရှိပါတယ်။
#ဗိုလ်ချုပ်မှူးကြီးသန်းရွှေ!--
●သူကိုယ်သူလူကြမ်းကြီး အဖြစ်ခံပြီး
တိုင်းပြည်ကို ဘယ်ခေတ်ဘယ်ကာလနဲ့မှ မတူ
အောင်ထူထောင်တည်ဆောက်ပေးခဲ့တယ်။
ပြည်သူ့ဆန္ဒ၊ပြည်သူလိုချင်တဲ့ ဒီမိုကရေစီ
ကို ပြည်သူလက်ထဲထည့်ပေးခဲ့တယ်။
●သူ့လက်ထက်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု
ရှိတယ်။မဆလ ခေတ်ထက် များစွာဖွံ့ဖြိုးတိုး
တက်ခဲ့တာပဲ။
●အာဏာရူးမဟုတ်ခဲ့ဘူး။အချိန်အခါသင့်တာနဲ့
သင့်တော်သူထံအာဏာ လွှဲပေးခဲ့တယ်။
#သမ္မတကြီးဦးသိန်းစိန်!--
●ဆိုဖွယ်ရာမရှိဘူး။ဦးသန်းရွှေထက် သူကကံ
ကောင်းတယ်။ လူကြမ်းကြီးအဖြစ် ကမ္ဗည်းတပ်
မခံရဘူး။
●သူအာဏာမမက်ဘူး။အာဏာရူးမဟုတ်ဘူး။
#ကာချုပ်ကြီးဦးမင်းအောင်လှိုင်
●ယနေ့မှာတော့ သူ့လက်ထဲ တိုင်းပြည်တာဝန်က
ရောက်လာပြန်ပြီ!
●သူလည်း ခေသူတော့မဟုတ်ဘူး။
ဘယ်အချိန်မှာ ဘာလုပ်ရမလဲ?---သူသိတယ်။
မလုပ်ချင်ပေမယ့် တိုင်းပြည်အကျိုးအတွက်
ပုခုံးပေါ်ကျလာတဲ့တာဝန်ကို တာဝန်ခံ
လုပ်တယ်။
●ချင့်ချင့်ချိန်ချိန် သုခမိန် ဆိုတာ သူ့တွက်ထားခဲ့သလို
ပါပဲ။
#ယနေ့တိုင်းပြည်မှာပန်းတိုင်တစ်ခုကို လမ်း(၂)ကြောင်း
နဲ့သွားလို့ရတယ်။ ရွေးချယ်တာက ခေါင်းဆောင်ရဲ့
စိတ်သဘာဝနဲ့ဆိုင်တယ်!
●(1)ချင့်ချင့်ချိန်ချိန် သုခမိန်---စိတ်ရှည်ရှည်နဲ့အချိန်
ဆွဲကစား!--အားလုံးလည်းနောင်ကျဉ်စေ---
▪ဒီနည်းဟာ----ဇတ်ပေါင်းရင် ခေါင်းဆောင်က
ဘုရားလောင်းဖြစ်။
တိုင်းပြည်နဲ့ပြည်သူကတော့ ဒုက္ခသက်
ပိုရှည်နိုင်တာပေါ့။
●(2)နောက်တစ်နည်းက ရွေးကောက်ပွဲမြန်မြန်လုပ်။
ရွေးကောက်ခံ အစိုးရသစ်မြန်မြန်တက် တာပဲ။
▪ဒီနည်းမှာ ခေါင်းဆောင်ကတော့ လူကြမ်း
ကြီးနည်းနည်းဖြစ်မှာပဲ။ တိုင်းပြည်နဲ့
ပြည်သူကတော့ ဒုက္ခသက်တိုမယ်။
#ရွေးတာကတော့ခေါင်းဆောင်သဘောပဲ။
#လက်ရှိကာချုပ်ကြီးဟာ သမ္မတ
(တိုင်းပြည်ခေါင်းဆောင်)အနေနဲ့ (2030)ထိရှိနေမယ်
လို့ 2020ရွေးကောက်ပွဲမတိုင်မီကတည်းက ပြော
ထားပြီးသား။ ဒီ့ထက်ရှင်းတာဘာမှမရှိဘူး။
#ကျွန်တော့်အမြင်သုံးသပ်ရသမျှတော့
●ကာချုပ်ကြီးဟာ လူကြမ်းကြီးအဖြစ် သူ့ကိုယ်သူ
ပုံဖော်ခံလိုခြင်းမရှိဘူး။
ဗောဓိဆုပန်အလောင်းတော်ဟန် ကိုပဲ နှစ်
သက်ပုံဖော်မယ့်သဘောရှိကြောင်းပါ။
#ကံစီမံရာအတိုင်းပေါ့။
#ဦးသက်နိုင်ဦး