ဦးကိုကိုလှိုင် ရဲ့ ပို့စ်ကို ဖတ်မိတော့ မြန်မာနိုင်ငံရေး
မှာ မရိုးသားမှု တွေ ကို ထပ်တွေ့လာရတယ်။
ဒီအကြောင်း ကို နစက ပိုက်ဘောမိနေသလား
ပို့စ် တစ်ခု အရိပ်အမြွတ် ရေးဖူးပါတယ်။
မြန်မာ့နိုင်ငံရေး က မရိုးရှင်းဘူး။လျှို့ဝှက်ချက်
များတယ် ဆိုတဲ့ အတိုင်းပါပဲ။အခုတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ မြင်လာ
ရတယ်။
တပ်မတော် ဟာ NLD အစိုးရ အနေဖြင့်
မဲမသာမာ မှု ပြဿနာ တွေ ကို ဖြေရှင်းပေး
လိမ့်မယ်လို့ နောက်ဆုံးအကြိမ်ထိ မျှော်လင့်ရင်း
နဲ့ မတတ်သာတဲ့ အဆုံး အာဏာထိန်းလိုက်
ရပါတယ်။
အာဏာထိန်းဖို့ ရည်ရွယ်ထားတာ အစီအစဉ် မရှိတော့ ဘာမှ ကြိုတင်ပြင်ဆင်မထားခဲ့ဘူး။ဒီအကြောင်း ကို ကျွန်တော် ဃဂနဏ သိပါတယ်။
ဒီအချိန် မှာထုတ်ရေးချိန် မတန်သေးလို့ မရေးတာပါ။
နစကရဲ့ Road Map ပြီးဆုံးသွား လို့ နောင်အစိုးရ
တတ်လာတဲ့အခါ သမိုင်းမှတ်တမ်းအနေဖြင့်
ရေးမှာပါ။ဒါကြောင့် လည်း တိုင်းပြည်ဟာ
တော်တော်လေး ပရမ်းပတာ ဖြစ်ခဲ့တာတွေ့ရ
မယ်။
ဒါပေမယ့် တစ်ဖက် က NLD ရဲ့ ယူဆချက်က
တော့ တပ်မတော် အာဏာထိန်းလိမ့်မယ် လို့
ကြိုတင်မျှော်တွေးပြီး အကြီးအကျယ်ပြင်ဆင်
ထားခဲ့တာတွေ့ရတယ်။ဘာတွေ စီစဉ်ထားသလဲ
ဆိုရင်တော့
- လူထုအုံကြွမှုတွေလုပ်မယ်။
- ဝန်ထမ်းတွေ ကို CDM လုပ်ခိုင်းပြီး မတည်မငြိမ်
ဖြစ်အောင် CIA / OIC တို့နဲ့ ပေါင်းပြီး ဒေါ်လာ
သန်း ၅၀၀ လောက်သုံးသွားခဲ့တယ်။
- EAO တွေကို CIA က ဒေါ်လာ သန်း ၂၀၀ လောက်ပေးပြီး တိုင်းပြည်မတည်မငြိမ်အောင် လုပ်ခိုင်းခဲ့တယ်။
- အကြမ်းဖက်ခိုင်းခဲ့တယ်။
- နိုင်ငံတကာ ကို ဖိအားပေးပြီး ပြုတ်ကျအောင်လုပ်ခိုင်းခဲ့တယ်။
- လိုအပ်ရင် R2P နဲ့ UN တပ်တွေပါ သူတို့ကို ကူညီပေးလိမ့်မယ် လို့ မျှော်လင့်ထားတယ်။
ဒါတွေ ဟာ ကပ်ပြီး မှ စီစဉ်ခဲ့တာတွေပါ။
အချိန်ပေးပြီး စီစဉ်ခဲ့တာတွေ က
- သတင်းမီဒီယာ အထူးသဖြင့် FB ကို ငွေပုံအော
သုံးကာ သတင်းအသာစီးရယူထားခဲ့ပြီး တစ်နိုင်ငံလုံး ဆူပူအကြမ်းဖက်အောင် သွေးထိုးလှုပ်ဆော်
ဆောင်ရွက်ခဲ့တယ်။
- ဘဏ်တွေမှာ NPL ကြွေးရှူံးငွေပြဿနာ မဖြစ်
ဖြစ်အောင် ဖန်တီးတွန်းပို့ထားခဲ့တယ်။( YBS /Water Bus အထက်အမြင့် အဆောက်အဦး စီမံကိန်း တွေ မှာ ဗဟိုဘဏ် လုပ်ထုံးလုပ်နည်း
နဲ့ အညီ ငွေမချေးဘဲ အစိုးရ အာဏာကို အသုံး
ချပြီး ဘဏ်လုပ်ငန်းပြိုလဲသွားအောင် ကြိုတင်
စီစဉ်ခဲ့ကြတယ်)
- မြန်မာနိုင်ငံပိုင် ငွေဒေါ်လာ ၁.၅ ဘီလီယံ ကို
အမေရိကန် မှာ တိတ်တဆိတ်သွားထားပြီး ပြန်ထုတ်မရအောင် လုပ်ခဲ့တယ်။
ဒါကြောင့် အာဏာထိန်း ဖို့ အစီအစဉ်မရှိတဲ့
တပ်မတော် ကို ငါတို့ မဲမသမာမှု ကြောင့် အာဏာ
ထိန်းခဲ့မယ်ဆိုရင် မင်းတို့ အခွံပဲ ရစေရမယ် လို့
NLD အမာခံ တွေ ခဏ ခဏ ထုတ်ပြောခဲ့ကြ
တာပေါ့။အခုတော့ တိုင်းပြည်တော်တော်လေး
အထိနာသွားပေမယ့် နစက အစိုးရ အစွမ်း
ကုန်ကြိုးပမ်း အားထုတ်နေတာ တွေ့ရတယ်။
ဒီနေရာ မှာ စဉ်းစားမိတာ က NLD ဟာ ဘာ
လို့ တပ်မတော် ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်
တဲ့ ဗျူဟာ ကို ပဲ ရွေးချယ်ခဲ့ရသလဲ ဆိုတာပါပဲ။
ပထမအချက်က
အနောက်အုပ်စု နဲ့ OIC တို့ရဲ့ ညွှန်ကြားခိုင်း
စေချက်ကြောင့် မရွေးရင် မရလို့ ရွေးခဲ့တာ
ဖြစ်ပါလိမ့်မယ်။
ဒုတိယ အချက် က
ဒေါ်စု နဲ့ NLD အားပေးတွေ ရဲ့ အတွေးခေါ်
အယူအဆ က တပ်မတော် ကို ထိုးနှက် တိုက်ခိုက်တာဟာ နိုင်ငံရေး လို့ ထင်နေကြတဲ့ အယူအဆ
အမှားကြီး ကို ကိုင်ပြီး နံရံ ကို ခေါင်းနဲ့ ဆောက်
ခဲ့ကြတယ်။
ဒီ အချက်တွေ အရ ဆိုရင် NLD မှာ နိုင်ငံရေး
ယဉ်ကျေးမှု မရှိတာ။ရိုးသားမှု မရှိတာ ကို
တွေ့ရမယ်။
နိုင်ငံရေး သိပ္ပံပညာရှင် ဟယ်တင်တန်
( ဟားဗတ်တက္ကသိုလ်) က တပ်မတော် ရဲ့ ထောက်ခံမှု
ကို မရတဲ့ အစိုးရ တစ်ရပ် ဟာ ရေရှည်မရပ်
တည်နိုင်ဖူးလို့ ဆိုပါတယ်။
ဒီတော့ စားပွဲဝိုင်း ယဉ်ကျေးမှု မရှိတဲ့ အပြင် ရိုးသား
မှု မရှိတဲ့ NLD ဟာ နောက်ဆုံး သူ့တရား သူ
စီရင်သွားတာပါပဲ။
ဒါပေမယ့် သူကြိုတင်စီစဉ်ထားတဲ့ ထောင်ချောက်ထဲ လူငယ်တွေ ရော တိုင်းပြည်
ကြီး ပါ ထိုးဝင်သွားကြလို့ အခုခါ တိုင်းပြည်ကြီး
လောင်ကျွမ်းနေတာကို ကြည့်ပြီး ဝမ်းနည်းမိတာ
တော့ အမှန်ပါ။
Credit-George Micheal
စောကြယ်ဖြူပြန်လည်မျှဝေသည်....😎