Tuesday, October 12, 2021

ဟယ်ရီတန် - အရေးအခင်း (အပြည့်အစုံ)

★★★★★★★★★★★★★★★★
.
ဟယ်ရီတန်အရေးအခင်း ဆိုသည်မှာ သတ္တမတန်း ကျောင်းသား ဟယ်ရီတန်၏သေဆုံးမှုမှစ၍ တစ်နိုင်ငံလုံး ပြန့်နှံ့သွားခဲ့သော အရေးအခင်းဖြစ်သည်။
.
.
ဖြစ်ပွားပုံ
★★★★★★★★★
၁၉၅၆ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်းမှ ခုနစ်တန်းကျောင်းသား ဟယ်ရီတန်သေဆုံးခဲ့မှုကြီး ဖြစ်ပွားလာသည်။ ထိုနှစ်က သတ္တမတန်းအစိုးရစစ် စာမေးပွဲ မေးခွန်းပေါက်ကြားသဖြင့် စာမေးပွဲများကို ပယ်ဖျက်လိုက်ရာမှစ၍ ကျောင်းသားများဆူပူကြ တော့သည်။ 

ဗမာ့ခေတ်သတင်းစာတိုက်နှင့် ပညာမင်းကြီး ရုံးရှေ့ တွင် အဓိကရုဏ်းများဖြစ်ပွားသည်။ ဗမာ့ခေတ် သတင်းစာတိုက်တွင် ရဲများက သေနတ်ဖြင့်ပစ်ခတ် ၍ လူစုခွဲခဲ့ကြရာ ကျောင်းသားသုံးယောက် ထိမှန် ဒဏ်ရာ ရခဲ့ကြသည်။ 

ဒဏ်ရာရသူများအနက်တွင် အမှတ်(၅၁) ကိုယ့်မင်း ကိုယ့်ချင်းလမ်းနေ မစ္စတာတန်သိန်ကြောင်၏သား စိန်ပေါကျောင်းသား ဟယ်ရီတန် (၁၆-နှစ်) သည် ဒဏ်ရာပြင်းထန်ပြီး သေဆုံးသွားရသည်။
.
.
တောင်းဆိုချက်
★★★★★★★★★
တကသနှင့် ဗကသအဖွဲ့ချုပ်တို့ကလည်း တောင်းဆိုချက်များကို တောင်းဆိုကြရာဝန်ကြီးချုပ် ဦးနုအိမ်တွင် ကျောင်းသားခေါင်းဆောင် ကိုခင်မောင်အုန်း၊ ကိုဇော်ဝင်း၊ ကိုခင်အောင်၊ ကိုမောင်မောင်ခင်တို့တက်ရောက်ပြီး ဆွေးနွေးခဲ့ ကြသည်။

ကျောင်းသားများ၏ အရေးပေါ်တောင်းဆိုချက်များ မှာ အောက်ပါအတိုင်းဖြစ်သည်-

သတ္တမတန်းစာမေးပွဲကို ဆက်လက်စစ်ဆေးရန်၊
သေနတ်ဖြင့် ပစ်ခတ်မှုကို ရှုတ်ချရန်၊
မေးခွန်းပေါက်ကြားမှုကို စုံစမ်းအရေးယူရန်၊
လက်ရှိဖြစ်ပေါ်နေသည့် သတ္တမတန်း ကျောင်းသား များ ဆူပူထိခိုက်မှုအရေးကို ဗကသ၊ တကသတို့ ပူးပေါင်း၍ ဆောင်ရွက်သွားရန်။
၁၉၅၆ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ကျောင်းသား ခေါင်းဆောင်များက ဝန်ကြီးချုပ်ဦးနု၏နေအိမ်၌ ဝန်ကြီးချုပ်ဦးနုနှင့်ဆွေးနွေးကြပြီး အောက်ပါ အတိုင်း တောင်းဆိုကြပြန်သည်-

တာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး၊ 
ပစ်မိန့်ပေးသော တရားသူကြီးနှင့် ပစ်ခတ်သူရဲများ အား အရေးယူ အပြစ်ပေးရန်၊
မေးခွန်းပေါက်ကြားမှုမှာ ပညာပိုင်းဆိုင်ရာဌာန အရာရှိများ၏ တာဝန်ချို့ယွင်းမှုသာဖြစ်၍ တာဝန်ရှိ သူ အရာရှိများအား ဖော်ထုတ်အပြစ်ပေးရန်၊
စုံစမ်းရေးကော်မရှင်တွင် ကျောင်းသား ကိုယ်စားလှယ်များအား ပါဝင်ခွင့်ပြုရန်၊
ကော်မရှင်၏အမည်ကို ကျောင်းသားများအား သေနတ်နှင့်ပစ်ခတ်မှု စုံစမ်းရေးကော်မရှင် ဟု ပြောင်းလဲရန်၊
.
.
အစိုးရ၏ လုပ်ဆောင်ချက်
★★★★★★★★★★★★
အစိုးရက တာဝန်ရှိသူအဆင့်ဆင့်ကို ဖော်ထုတ် အရေးယူမည်ဖြစ်သော်လည်း အခြားတောင်းဆို ချက်များကိုမူ မလိုက်လျောနိုင် ဟုဆိုသည်။ 

ဤသို့ဖြင့် ဟယ်ရီတန်အရေးအခင်းမှာတစ်ပြည်လုံး သို့ ကျယ်ပြန့်ခဲ့ရသည်။ အစိုးရက ၁၉၅၆ ခုနှစ် အကုန်ပိုင်းတွင် အထက်တန်းကျောင်း အားလုံးရှိ သမဂ္ဂများကို ဖျက်သိမ်းပစ်လိုက်ပြီး ဖွဲ့စည်းခွင့်များ ကိုလည်း ပိတ်ပင်ခဲ့သည်။ 

ထိုအချိန်ကစပြီး ကျောင်းသားအဖွဲ့အစည်းဟူ၍ တက္ကသိုလ်ကောလိပ်အဆင့်များတွင်သာ ကျန်ရှိ လေတော့သည်။

ကျောင်းသားများသည် ဖဆပလအစိုးရအား ဦးတည် ၍ တိုက်ပွဲဝင်လာကြရာ ဖဆပလကို နံပါတ်(၁)ရန်သူ အဖြစ် သတ်မှတ်ထားသော ဗမာပြည် ကွန်မြူနစ်ပါတီ၊ အလံနီပါတီရဲဘော်ဖြူ စသည်တို့နှင့် မဟာမိတ်သဖွယ် ဖြစ်လာခဲ့သည်။ 

သောင်းကျန်းသူများအဖို့လည်း ကျောင်းသားလောကထဲသို့ ခြေချစည်းရုံးရန် ပိုမို လွယ်ကူလာစေသည်။ ဖဆပလအစိုးရအဖွဲ့ထဲတွင် လည်း ကျောင်းသားများကို လိုက်လျောလိုသူများ နှင့် ကျောင်းသားများအပေါ် သဘောထားတင်းမာ သူများ ကွဲလာကြသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)သည် အထက်တန်းကျောင်းများ တွင် သမဂ္ဂများဖွဲ့စည်းခွင့်ရရေးနှင့် အမျိုးသား ပညာရေး နှီးနှောဖလှယ်ပွဲတစ်ရပ်ကျင်းပရေးတို့ကို တောင်းဆိုခဲ့သည်။ 

ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား ၅ဝ ပါဝင်သော တကသကျောင်းသားအင်အားစုများ၊ လူမျိုးစု ကျောင်းသားများ၊ ယဉ်ကျေးမှုကိုယ်စားလှယ်များ ပါဝင်သည်။ကျောင်းသားကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ကို တရုတ်နိုင်ငံသို့ စေလွှတ်ပြီး တရုတ်-ဗမာ ကျောင်းသား လူငယ်များ ချစ်ကြည်ရေးကိုလည်း ဆောင်ရွက်ခဲ့သည်။ 

အောက်တိုဘာအရေးတော်ပုံနှင့်ဟယ်ရီတန်အရေး အခင်းသည်ကျောင်းသားတို့၏ အရေး သက်သက် သာဖြစ်သော်လည်းနောက်ပိုင်းတွင်ကျောင်းသားများ သည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသား ညီညွတ်ရေး စသော နိုင်ငံရေး ကြွေးကြော် သံများကို ကြွေးကြော်လာကြသည်။ 

ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းသားများနှင့် ပြဿနာ ကိုရှောင်ရှားသည့်အနေဖြင့် တက္ကသိုလ်ကျောင်း ဝင်းအတွင်းသို့ ဝင်ရောက်လေ့မရှိပေ။ 

ဗမာပြည်ကွန်မြူနစ်ပါတီမှ မြို့ပေါ်တက်၍ မြေအောက် လုပ်ငန်း (ယူဂျီလုပ်ငန်း)ဟုခေါ်သော သူလျှိုလုပ်ငန်းကို လုပ်နေသူများအတွက် အလုံခြုံဆုံး ပုန်းအောင်းနိုင်သည့်နေရာမှာ တက္ကသိုလ် ကျောင်းဆောင်များပင်ဖြစ်သည်။ 

ဗကပယူဂျီတို့သည် ရဲကလိုက်လံဖမ်းဆီးသည့်အခါ တိုင်း ကျောင်းဆောင်များတွင်ပုန်းအောင်းလေ့ရှိကြ သည်။ကျောင်းသားလောကထဲတွင်လည်း ကွန်မြူနစ်မြေပေါ် ကလာပ်စည်းဝင် ကျောင်းသား များ ကို စည်းရုံးလာနိုင်ခဲ့ ကြသည်။

#CopyFrom_Wiki 
#ThawZinAung