ကြိုးစင်တက်ရမှာလား....
တစ်သက်တစ်ကျွန်းသွားမှာလား....
သေချာတာကတော့ ပါတီကြီးတစ်ခုရဲ့
ကျဆုံးချိန်ဟာ မရှုမလှဖြစ်တော့မယ် ဆိုတာပါပဲ။
ပါတီကြီးရဲ့အထိမ်းအမှတ်နဲ့အခြေခံအဆောက်အဦ
တွေတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။
ပါတီရဲ့ထိပ်တန်းခေါင်းဆောင်အချိ့့့နဲ့တကွ
တရားမဝင်ကိစ္စတွေမှာပါ ပါဝင်ဆက်နွှယ်ခဲ့တဲ့
ခေါင်းဆောင်ပိုင်းတွေပါ ထိထိရောက်ရောက်အရေးယူခံကြရပါလိမ့်မယ်။ဥပဒေကပေးတဲ့ပြစ်ဒဏ်ကို အမြင့်ဆုံးပြစ်ဒဏ်တွေအထိ
ချမှတ်ခံရနိုင်ခြေရှိပါတယ် ..
မထင်မှတ်ဘဲနဲ့ ဒီကြားကာလထဲမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့
ဦးကျော်သူတို့ဦးအောင်တို့လိုလူတွေကအစ ပါဝင်ဆက်နွှယ်နေကြောင်းတွေ့ရှိဖော်ထုတ်ဖမ်းဆီးခဲ့ရတာတွေကို မြင်ခဲ့ရခြင်းအားဖြင့် ဒီတစ်ခါနိုင်ငံရေးအရှုပ်တော်ပုံနဲ့တရားခံဖြစ်လာနိုင်တဲ့ ပါတီနဲ့အစိုးရတို့ဟာ
သမိုင်းတွင်စေမယ့် အမဲစက်လောက်ကို မဟုတ်ဘဲ အမဲအကွက်လိုက်ကြီးကို အားလုံးပူးပေါင်းကြံစည်ပြီး ကျူးလွန်ပြုလုပ် ဖောက်ဖျက်ခဲ့ကြမယ်ဆိုတာ မြေကြီးလက်ခတ်တာက လွဲချင်လွဲဦးမယ် သူတို့မှားခဲ့တယ်ဆိုတာကတော့ ဘယ်လိုမှ မလွဲနိုင်တော့ပါဘူး။
အရမ်းရှက်ဖို့ကောင်းတဲ့ မျက်နှာမပြရဲလောက်စရာ ပြုလုပ်ကျူးလွန်မှုတွေကအစ ပေါ်ပေါက်လာနိုင်ပါတယ်။ ပြည်ပဘာသာရေးဆိုင်ရာအခြေခံ၊နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဘယ်လိုပတ်သက် စပ်ယှက်ခဲ့သလဲ ..
ဘာတွေကို တရားမဝင်နည်းလမ်းဖြင့် လက်ခံရယူခဲ့ပြီး
ဘယ်နေရာတွေမှာ ပြန်သုံးခဲ့သလဲ ...နိုင်ငံတော်ဝန်ကြီးဋ္ဌာနအချို့၏ အချို့သော ပြည်သူ့အကျိုးပြုဘတ်ဂျက်ဘဏ္ဍာငွေတွေကို သုံးစွဲခဲ့ရာမှာရော မှန်ကန်မှု ရှိရဲ့လား ..စသဖြင့် ကိစ္စရပ်တွေမှာပါ Clear ဖြစ်ခဲ့သလားဆိုတာ မြင်တွေ့ကြားသိကြရတော့မှာ...
မကြာခင်ရက်ပိုင်းနဲ့နာရီပိုင်းအတွင်းမှာ ပြုလုပ်တော့မယ့် နိုင်ငံတော်စီမံရေးနှင့်အုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့စစ်ဆေးတွေ့ရှိချက်တွေအပေါ်မှာ ထုတ်ပြန်လာတော့မယ့် သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ နိုင်ငံတော်မှာ ကြိုးစင်တက်ရမယ့် တရားခံတွေကို မြင်တွေ့လာရနိုင်ပါတယ်။
ဥပဒေကြိုးနဲ့ရစ်ပတ်လာရင် ရုန်းထွက်ဖြတ်တောက်နိုင်ဖို့ မလွယ်ဘူး။
အများထင်တဲ့မဲစာရင်းတင်မကဘဲ အများမသိတဲ့ ကုလားဖန်အကွက်တွေပါ ပေါ်လာမယ်လို့ ခန့်မှန်းထားကြပါ။
ဖုံးဖိလို့မရအောင် ငွေကြေးအရှုပ်တော်ပုံတွေ ၊ အဂတိကိစ္စတွေနဲ့ကအစ
နိုင်ငံတော် လျို့ဝှက်ချက်Actဥပဒေတွေကိုပါ ကျူးလွန်ဖောက်ဖျက်ခဲ့ကြကြောင်း ပေါ်လွင်လာခဲ့ရင်တော့ သေဒဏ်ထိုက်နိုင်ကြောင်းပါ ဆင်ခြင်ခန့်မှန်းမိသူတွေ ရှိကြမှာပါ။
ဘာပဲပြောပြော ကျွန်တော်တို့ခင်ဗျားတို့လို ပြည်သူတွေအတွက်က
အရှုံးမရှိပါဘူး ...ဗဟုသုတနဲ့နိုင်ငံရေးအမြင်တွေ ...နိုင်ငံရေးသမားတွေရဲ့လှည့်ကွက်တွေ အပြောနဲ့အလုပ် ..အဟောနဲ့အရှုပ်တွေကအစ သိမြင်ခွင့် လေ့လာမှတ်သားခွင့်တွေ ရလိုက်ကြမှာတော့ မလွဲဧကန်ပါပဲ။
တစ်ခုပဲ စိတ်မကောင်းဖြစ်မိတာ ရှိပါတယ်။ အခု တစ်လအတွင်းဖြစ်စဉ်တွေကို မြင်လိုက်ကြားလိုက်ရမှ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ ဖိနပ်ကို ခေါင်းပေါ်ရွက်ပြီး လမ်းပေါ်တက်တဲ့သူတွေလည်း မနည်းပါလားလို့ သိလိုက်ရတယ်။
ကိုယ့်ခေါင်းပေါ်တင်လိုက်တဲ့အရာက သရဖူလား ဖိနပ်လားတောင်
ခွဲခြားမသိတော့ဘဲ ..ဆေးသုတ်ထားတဲ့ ခုံဖိနပ်အစုတ်ကို သရဖူလုပ်ပြီး
အဟုတ်ထင်နေခဲ့ကြတဲ့ သူတွေအတွက်တော့ စိတ်မကောင်းဘူးဗျာ။
နိုင်ငံရေးပရိရာယ်များအပေါ် နားထဲသို့အဆိပ်ခတ်ခြင်ခံလိုက်ရသော ပြည်သူများကိုယ်စား စိတ်မကောင်းဝမ်းနည်းမိပါတယ် ....
ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖျာချမ်းမြေ့ကြပါစေ.....
TTT.
*****kko*****
##Credit. .crd. စစ်သွေး