Tuesday, October 19, 2021

ကဲ မြန်မာကွ ဇောင်းကြွချင်နေတဲ့ အာဆီယံအတွက် လက်ဆောင်လေး စပေးလိုက်ပါပြီ


အာဆီယံရေ  
ကိုယ့်ပဋိညာဉ် ကိုယ်ဖျက်တာကို
ရှက်တတ်ရင်ပေါ့နော်…
•••••••••••••••••••••••••••••••••••••••••
"လက်ရှိမြန်မာအစိုးရသည် 
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ 
နိုင်ငံတော်၏ အာဏာကို 
ရယူကျင့်သုံးနေသည့် အစိုးရဖြစ်ကြောင်း၊ 

မြန်မာအစိုးရ၏ 
အုပ်ချုပ်နေမှုအပေါ် ဥပဒေကြောင်းအရ 
မေးခွန်းထုတ်ရန် အကြောင်းမရှိကြောင်း"
နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

သတင်းထုတ်ပြန်ချက်

(၁၆-၁၀-၂၀၂၁ ရက်၊ နေပြည်တော်) 

အာဆီယံ 
နိုင်ငံခြားရေးဝန်ကြီးများ၏ 
အထူးအစည်းအဝေးကို ၁၅-၁၀-၂၀၂၁ 
ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ

နိုင်ငံခြားရေးဝန်ကြီးဌာန 
ပြည်ထောင်စု ဝန်ကြီး ဉီးဝဏ္ဏမောင်လွင် 
တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးတွင် 
အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ 
အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ 
သွားရောက်ရန် ၎င်း၏ ခရီးစဉ်ကို 
မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု 
အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 

အဆိုပါပြောကြားချက်နှင့် 
စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက
မြန်မာနိုင်ငံ အနေဖြင့် အထူးကိုယ်စားလှယ်၏ 
မြန်မာနိုင်ငံသို့ လာရောက်မည့် 
ပထမဆုံး ခရီးစဉ် ဖြစ်မြောက်ရေးအတွက် 
မြန်မာဘက်မှ အထူးကိုယ်စားလှယ်နှင့် 
နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ 

ပြည်တွင်း တည်ငြိမ်အေးချမ်းမှု၊
တရားဥပဒေစိုးမိုးမှုတို့ကို ထည့်သွင်းစဉ်းစားပြီး
ခရီးစဉ်အောင်မြင်စေရေးနှင့် 
အပြုသဘောရလဒ်များ ရရှိစေရေး အတွက်
အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ 

အထူးကိုယ်စားလှယ်အနေဖြင့် 
မြန်မာနိုင်ငံသို့ လာရောက်မည့် ၎င်း၏ 
ပထမဆုံးခရီးစဉ်တွင် မြန်မာနှင့် 
နှစ်ဖက် ယုံကြည်မှုရရှိရေးကို 
အလေးပေးဆောင်ရွက်သင့်ကြောင်းနှင့် 

မြန်မာနိုင်ငံအနေဖြင့် 
အထူးကိုယ်စားလှယ်နှင့် ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း 
ပြောကြားခဲ့ပါ သည်။

အစည်းအဝေးတွင် 
မကြာမီ ကျင်းပမည့် အာဆီယံ
ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ
ကိုယ်စားပြုတက်ရောက်မည့်ကိစ္စနှင့် 
တက်ရောက်ပါက 

မည်သည့် အဆင့် 
တက်ရောက်ရန်ကိစ္စကို
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က 
ဆွေးနွေးပြောကြားခဲ့ပါသည်။

အာဆီယံအစည်းအဝေးများ 
တက်ရောက်ရေးနှင့် ကိုယ်စားပြုမှုကိစ္စ 
ပြောကြား ချက်များ နှင့်ပတ်သက်၍ 
ပြည်ထောင်စုဝန်ကြီးက 

ယင်းကိစ္စကို ဆွေးနွေးရန် 
အာဆီယံ ၏ ပဋိညာဉ်စာတမ်းနှင့်
အခြေခံမူများတွင် ပြဌာန်းထားခြင်း 
မရှိသဖြင့် ဆွေးနွေးရန် မလိုအပ်ကြောင်း၊ 

လက်ရှိမြန်မာအစိုးရသည်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
နိုင်ငံတော်၏ အာဏာကို 
ရယူကျင့်သုံးနေသည့် အစိုးရဖြစ်ကြောင်း၊ 

မြန်မာအစိုးရ၏ 
အုပ်ချုပ်နေမှုအပေါ် 
ဥပဒေကြောင်းအရ မေးခွန်းထုတ်ရန် 
အကြောင်းမရှိကြောင်း၊ 

ယခုကိစ္စနှင့် 
အထူးကိုယ်စားလှယ်၏ ခရီးစဉ်ကို 
ချိတ်ဆက်ဆောင်ရွက်ခြင်းသည် 

မြန်မာနိုင်ငံအပေါ် 
ဖိအားပေးခြင်း ဖြစ်သဖြင့် 
ဘေးထွက်ဆိုးကျိုးများကိုသာ 
ဖြစ်စေမည် ဖြစ်ကြောင်းနှင့် 

တူညီဆန္ဒမရှိဘဲ 
ဆောင်ရွက်ခဲ့မှုအပေါ် 
မြန်မာမှ သဘောမတူကြောင်း နှင့် 
ယင်းကန့်ကွက်ချက်ကို 
မှတ်တမ်းတင်ပေးရန် ပြောကြားခဲ့ပါသည်။

အဆိုပါ အာဆီယံ 
နိုင်ငံခြားရေးဝန်ကြီးများ၏ 
အထူးအစည်းအဝေးတွင် 
အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က 
ဆွေးနွေးပြောကြားခဲ့သည့် 

အာဆီယံအစည်းအဝေး များ 
တက်ရောက်ရေးကိစ္စအပါအဝင် 
ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် 
တူညီဆန္ဒမရှိ ဘဲ ဆောင်ရွက်ခဲ့မှုများသည် 
အာဆီယံ၏ ပဋိညာဉ်စာတမ်း နှင့် 
အခြေခံမူများတွင် ပြဌာန်းထားမှု မရှိခြင်း၊ 

အာဆီယံ၏ 
ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း 
တွေ့ရှိရ သည့်အတွက် 

မြန်မာနိုင်ငံအနေဖြင့်
လွန်စွာ စိတ်ပျက်မိပြီး၊ 
ပြင်းထန်စွာ ကန့်ကွက်ပါသည်။

ဒေသတွင်း 
မဟာဗျူဟာအရ အားပြိုင်မှုများ 
ပိုမိုဖြစ်ပေါ်နေချိန်တွင် အာဆီယံ ၏ 
အစဉ်အလာကောင်းများဖြစ်သည့် 
မတူကွဲပြားမှုများကို အခြေခံပြီး 

အာဆီယံ၏ 
စည်းလုံးညီညွှတ်မှုကို တည်ဆောက်ခဲ့မှုနှင့်
မတူညီမှုများကို ဆွေးနွေးတိုင်ပင်ပြီး 
တူညီဆန္ဒဖြင့် ဆောင်ရွက်မှုများကို 
ပစ်ပယ်ခဲ့ခြင်းသည် 

အာဆီယံ၏ 
စည်းလုံးညီညွှတ် မှု၊ ဗဟိုပြုမှုကို
ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ 
ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း 
သတိပေးဖော်ပြအပ်ပါသည်။

မှတ်ချက်။  ။ 
နိုင်ငံခြားရေးဝန်ကြီးဌာန၏ 
ထုတ်ပြန်ချက် မူရင်းအတိုင်း 
ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

ကဲ ဒီတော့ကာ
၂၆. ၂၇. ၂၈ မတိုင်မီ ကြားမှာ
ဘာတွေများ ဆက် ဖြစ်လာဦးမလဲ..?
………………………………………………………
20211016:Thuya
#PeopleMedia #MOFA


Related Posts:

  • နစက အစိုးရကြီးကတော့ ချိုမိုင်မိုင်မကတော့ဘူး     ရောင်းသူဝယ်သူအသံတူ တွယ်နေပြီ ရွှေလက်နဲ့ ခေါ်တာကိုမလာလို့ Bullets နဲ့ခေါ်နေပြီ။ မြေအောက်ကကောင်တွေကို အောက်ကိုပို့ပေးမယ် မြေပေါ်ကကောင်တွေကို ထောင်ထဲပို့မယ်။ တစ်နည်းအားဖြင့်လက်နက်ကိုင်ပြီး အဖျက်အမှောက်တွေလုပ်… Read More
  • ခင်ဗျားမငိုပါနဲ့ခင်ဗျား ငိုကြွေးနေတာလားခင်ဗျားသားတွေ သတ်ခဲ့ကြတုန်းကသူတို့ရဲ့ မိခင်တွေလည်း ခင်ဗျားလိုပဲ ငိုကြွေးခဲ့ကြဖူးတယ်လေခင်ဗျား ပူဆွေးနေသလားးးးးးးးခင်ဗျားသားတွေ သတ်ခဲ့ကြတုန်းကသူတို့ရဲ့ ညီအကိုမောင်နှမ သားချင်းတွေ ခင်ဗျားလိုပဲပူဆွေးခဲ့တယ်ခ… Read More
  • ဒီစာဟာ သွားလေသူ ကျွန်မအဖေ့ရဲ့နောက်ဆုံးကျန်ခဲ့တဲ့ ဂုဏ်သိက္ခာအတွက် ရေးရခြင်းဖြစ်ပါတယ်...ကျွန်မအဖေဟာ ၄.၇.၂၀၂၁ခုနှစ်မှာ အမည်မသိလူနှစ်ဦးရဲ့ အနီးကပ်သတ်ဖြတ်ခြင်းကြောင့် ဆုံးပါးခဲ့ရပါတယ်။ သူတို့သတ်လိုက်တာက အဖေတင်မဟုတ်ပဲ ကျန်ရစ်သူမိသားစုရဲ့ ဘဝပါ ရှင်လျက်နဲ့ သေသွားတာပါ။သမီးကြီးတစ်ယောက်အနေနဲ့ ကိုယ့်အဖေအတွက် အမှန်တရားကို … Read More
  • #မတိဝူးစီးမြာပဲ ဖာဆယ်လိုအမေရိကားရောက်သွားအောင်မတားမြစ်နိုင်တဲ့သူတွေကို စိတ်တိုမိတယ်ဖာဆယ်လို အမေရိကားရောက်သွားတာဝမ်းသာမိတယ်တစ်ချိန်က ဟက်ကာသမားတစ်ယောက် နောက်ကွယ်နေပြီအနုပညာသမားတွေရဲ့အကောင့်တွေကို ဟက်ပေးနေသူ တစ်ယောက်သူ့နောက်ကွယ်မှာရှိတယ် အ… Read More
  • ကဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်စပ်မှုတွေ  ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများဖွင့်လှစ်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက် နေသည့် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါနအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိနေပြည်တော်၊ ဇူလိုင် - ၂ ဆူပူအကြမ်းဖက်လုပ်ဆောင… Read More