Tuesday, October 5, 2021

ဒီမိုခေတ်မှာ အဆင်ပြေခဲ့သလား?


   ၁၉၄၈ မြန်မာနိုင်ငံလွပ်လပ်ရေး ရပြီးချိန်တွင်
မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီကို ဦးတည်သောနိုင်ငံ​ ရေး စနစ်ဖြစ်သည်။ ၁၉၄၈ မှ ၁၉၅၈ အထိ အရပ်သား အစိုးရဖြစ်သော ဖဆပလ ပါတီမှ စပ်ဝ်ရွှေသိုက် သမတ္တ ဦးနု ဝန်ကြီးချုပ် အဖြစ် အုပ်ချုပ်ခဲ့သည်။
ထို ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အကွဲအပြဲသည် ကြောက်စရာကောင်းလောက်အောင်ပင် တစ်စစီကြိုးပဲ့နေသည်။ လက်ဝဲအဖွဲ့၊ လက်ယာအဖွဲ့၊ ရဲဘော်ဖြူ၊ ရဲဘော်နီ။ ရဲဘော်ရောင်စုံ ကတစ်မျိုး။
ပင်လုံစာချုပ်အရ ခွဲထွက်၍ တစ်ပြည်ထောင်လိုသော ရှမ်းစော်ဘွားများ၊ ကချင်ဒူဝါများ ၊ ကယား
ကရင်နှင် စသောတိုင်းပြည် သက်သက် တည်ထောင်လိုသော ပြည်နယ်များကတစ်ဖုံ။
ကွန်မြူနစ် ( ဗကပ) များနှင့် တရုတ်ဖြူ ကြူးကျော်မှူ ( ၁၉၅၀ ) ရန်ကတစ်သွယ်ဖြင့် မြန်မာနိုင်ငံကြီးမှာ ရှုပ်ယှပ်ခတ်၍ ဒစ်လည်နေသည်။

  ဖဆပလ ကိုထောက်ခံမှု အားနည်းလာခဲ့သော်လဲ ၁၉၅၆ ရွေးကောက်ပွဲတွင် ဦးနုဦးဆောင်သော  ဖဆပလ ကသာ အနိုင်ရခဲ့သည်။

       ထိုအခြေအနေများဖြစ်ပွားနေချိန်တွင် နိုင်ငံ အစိုးရဖြစ်သော ဖဆပလသည်၁၉၅၇  တွင်   ဆွေ....ငြိမ်း နှင့် နု....တင် ဟု နှစ်ခြမ်းစကွဲပြန်လေသည်။  

        နိုင်ငံအကွဲအပြဲများနှင့် မတည်ငြိမ်မှူများကို မခံနိုင်တော့သည့်အဆုံးတွင် ဦးနုသည် ၁၉၅၈ တွင် ဦးနေဝင်းထံသို အာဏာလွှဲပြောင်း၍ ၎င်းကိုယ်တိုင်လဲ ရာထူး မှ နုပ်ထွပ်ခဲ့သည်။ ၁၉၅၈ တွင် နိုင်ငံတော်အာဏာအား တပ်မတော်သို့အပ်နှင်းသောကိစ္စကို ပြည်ဖျက်လောက်ကောင်မီဒီများပင်
ယနေ့ထိမငြင်းနိုင်ခဲ့ပါ။

      ၁၉၅၈ တွင် ဦးနေဝင်း သည် နိုင်ငံတော် အာဏာကိုရယူ၍ အိမ်စောင့်အစိုးရအားဖွဲ့စည်းခဲ့
ပြီး ၂ နှစ်အကြာ ၁၉၆၀ တွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးခဲ့ရာ ဒေါ်ခင်ကြည်အကူအညီဖြင့် ဦးနု၏ပါတီပင်အနိုင်ရလေသည်။ သိုသော်ဦးနုအစိုးရ ၂ နှစ်သက်တန်းရလာသောအခါ နိုင်ငံတွင်းဆူပူမှူများ ပြန်လည်လှုပ်ခတ်လာခဲ့သည်။  
တစ်ကမ္ဘာလုံး ဒီမိုကရေစီ နှင့် ကွန်မြူနစ်  အားပြိုင်နေချိန်တွင် အမေရီကန်တို့၏ ဒီမိုကရေစီ မှိုင်းမိနေသော  လူထုနှင့် ရန်ကုန်တက္ကသိုလ်  ကျောင်းသား သပိတ် များနှင့် မြန်မာနိုင်ငံသည် တစ်ကျော့ပြန်၍ ဒစ်လည်လာသောကြောင့် ၁၉၆၂
တွင် နိုင်ငံတော်အာဏာအား တပ်မတော်မှ ပြန်လည်ထိမ်းခဲ့သည်။ 

    ၎င်းနောက် ဦးနေဝင်းသည် ဆိုရှယ်လစ်လမ်းစဥ်ပါတီအားဖွဲစည်း၍ ၁၉၆၂ မတ်လ ၂ ရက်မှ ၁၉၈၁ နိုဝင်ဘာ ၉ ရက်ထိ သမတ္တ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးနေဝင်း သမတ္တ တာဝန်ထမ်းဆောင်ခဲ့သော ကာလအတွင်း တိုင်းပြည်ဆူဆူပူပူ မရှိခဲ့သော်လည်း ၎င်းးနောက်တာဝန်ထမ်းဆောင်သူ သမတ္တ ဦးစန်းယုလက်ထက် ၁၉၈၈ တွင်မူ ကြီးမားသော အုံကြွမှုကြီး စတင်လာခဲ့ပြန်သည်။ နိုင်ငံအခြေအနေကောင်းစွာ မထိန်းနိုင်တော့သော သမ္မတ ဦးစန်းယုသည် ၁၉၈၈ ဇူလိုင်လ ၂၇ တွင် ဦးစိန်လွင်အား သမတ္တ လွဲပေးခဲ့သည်။
ထိုအချိန် ဆန္ဒပြလူထု၏ ကြွေးကြော် သံမှာ..

   '' ဆန်တစ်ပြည် ၁၅ ကျပ် စိန်လွင်ခေါင်းကိုဖြတ် ''
 ဟုအော်ကာ တစ်နိုင်ငံလုံး ဝုန်းဒိုင်းကျဲနေသည်။

တိုင်ပြည်အခြေနေကို မထိမ်းနိုင်သော ဦးစိန်လွင်သည်လဲ ၁၉၈၈ သြဂုတ် ၁၂ ရက်တွင် ဦးအေးကိုအား သမတ္တ လွဲပေးလိုက်တော့သည်။ ဦးအေးကိုလဲ တစ်ပတ်ခန့် သမတ္တ လုပ်၍ သြဂုတ်လ ၁၉ ရက်တွင် ဒေါက်တာမောင်မောင် အားပြန် လွှဲပြန် လေသည်။ ထိုအချိန်က ကြွေးကြော်သံမှာ

'' နှဖူးပြောင်ပြောင် ဦးမောင်မောင် အရူးထောင်က်ုပို့လိုက်ပါလား '' ဟူ၍ သံချက်အော်ကာ လူသက် ခေါင်းဖြတ် စက်ရုံဖောက် ဖြင့် တစ်နိုင်ငံလုံး ပျော်ပျော်ကြီး လဗျောင်းသက်နေတော့သည်။

   တိုင်းပြည်အခြေအနေသည် တစ်နေထက်တစ်နေ့ ပိုမိုးဆိုးရွားလာသောကြောင့် ၁၉၈၈ စက်တင်ဘာ ၁၈ တွင် ဗိုလ်ချုပ်မှူးကြီး စောမောင်ဦးဆောင်သော တပ်မတော်မှ နိုင်ငံတော်အာဏာအား ဝင်ရောက်ထိမ်းသိမ်း၍ ခပ်ကြမ်းကြမ်း ဖြေရှင်းခဲ့ရသည်။ ၎င်းနောက် ၁၉၉၂ တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်
နိုင်ငံတော်ငြိမ်ဝတ်ပိပြားရေးနှင့်တည့်ဆောက်ရေးအဖွဲ့  အားဖွဲ့စည်း၍ ပြဲရွဲနေသောနိုင်ငံအား နာလံထူစေခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်၍ နိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ကာ အနားယူသွားခဲ့သည်။

    သမိုင်းကြောင်းကိုပြန်ကြည့်လျင် တပ်မ​ေတာ်နှင့်ကင်းကွာသော အစိုးရ အဆက်ဆက်သည် နိုင်ငံအား တည်ငြိမ်မှူမပေးနိုင်သည်မှာ ငြင်းမရပေ။

ခေတ်ပျက်လျင် စက်ရုံဖောက်မည် ၊မကျေနပ်သူများအား ရောကျိတ်မည်၊ အမြတ်ထုပ်မည်၊
လူ ၁၀ ယောက်ခန့်စုမိလျှင် တောခိုချင်လာမည်၊
လူ ၂၀ လောက် စုမိလျှင် ပါတီထောင်မည်၊ ၁၀ ဧကလောက်ပိုင်လျှင် တစ်နိုင်ငံထူထောင်ပြီး ဘုရင်လုပ်ချင်သော ဗီဇသည် မြန်မာနိုင်ငံသားတို့တွင် ကိန်းဝတ်နေသည်မှာ အစဥ်လာကဲ့သို့ဖြစ်နေသည်။

၎င်းဗီဇများသည် ယခုတစ်ကျော့ပြန်၍ ဒီမိုကရေစီဆိုသော အရေခွံခြုံပြီး ပေါ်လာတယ်ဆိုတာ ယနေ့
လူငယ် gz လေးများသိနိုင်ကြပါစေ....

အဲမွန်ဒယာ
၂၄.၉..၂၀၂၁