Wednesday, October 6, 2021

ဂုဏ်ပြုကြိုဆိုရမဲ့ နေ့တစ်နေ့


■တကယ်တော့ 
ကမ်းခြေစောင့်တပ်ဖွဲ့(Coastguard )ဆိုတာ
ရေငုတ်သင်္ဘော မင်းရဲသိင်္ခသူလိုပါပဲ….
ခုချက်ခြင်းပိုက်ဆံရှိလို့ 
ချက်ခြင်းဝယ်ခဲ့တာမျိုးတော့မဟုတ်ခဲ့ပါဘူး။

■ဒီတပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်စေဖို့အတွက်
၂၀၁၉ မတ်လ ၁၃ ရက်နေ့မှာကျင်းပတဲ့
ပြည်သူ့လွှတ်တော်မှာကတည်းက
“ကမ်းခြေစောင့်တပ်ဖွဲ့ကို
ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်မှာ
ထားရှိဖွဲ့စည်းဖို့”ဆိုတဲ့ အဆိုကို 
ဗိုလ်ချုပ်မြင့်နွယ်ကိုယ်တိုင် လွှတ်တော်မှာ 
ဖြေကြားရှင်းလင်းခဲ့တာဖြစ်ပါတယ်။

■ပင်လယ်ပြင် စတုရန်းမိုင် ၁၄၄၉၁ကျယ်ပြီး
ကမ်းရိုးတန်းမိုင် ၁၂၀၀ ရှည်တဲ့နိုင်ငံအတွက်
နေ့စဉ်ဖြစ်ပေါ်နေတဲ့ မူးယစ်မှောင်ခိုမှုတွေ၊
လူကုန်ကူးမှုတွေနဲ့တရားမဝင်ငါးဖမ်းမှုတွေကို
တားဆီးနိုင်ဖို့ရာအတွက်
ကမ်းခြေစောင့်တပ်ဖွဲ့ဆိုတာ
မဖြစ်မနေကို လိုအပ်နေတာလည်းဖြစ်ပါတယ်။

■ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့အဓိကတာဝန်ဟာ
ဥပဒေနဲ့မညီတဲ့ လူဝင်/ထွက်ကိစ္စတွေ၊
မှောင်ခိုကိစ္စတွေကို တားဆီးဖို့ဖြစ်သလို
ဘေးဒုက္ခကြုံနေတဲ့ သင်္ဘောတွေကိုလည်း
ကူညီကယ်ဆယ်ပေးတဲ့တာဝန်တွေကိုပါ
ယှဉ်တွဲ ထမ်းဆောင်ရမှာဖြစ်လို့
ကြီးမားတဲ့ စိန်ခေါ်မှုတွေကိုလည်း
ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အထူးသဖြင့် လှေစီးဒုက္ခသည်အရေးဟာ
မြန်မာ့ကမ်းခြေစောင့်တပ်ဖွဲ့အတွက်
မဖြစ်မနေ ရင်ဆိုင်ရမဲ့ 
ပြသနာတစ်ခုဖြစ်လာပါလိမ့်မယ်။

■ကမ္ဘာပေါ်မှာ 
ကမ်းခြေစောင့်တပ်ဖွဲ့
ဖွဲ့စည်းထားတဲ့နိုင်ငံ(၄၇)နိုင်ငံရှိပြီးတော့
အိန္ဒိယနိုင်ငံဆိုရင်
စတုတ္ထလက်နက်ကိုင်တပ်ဖွဲ့အဖြစ်နဲ့တောင်
ဖွဲ့စည်းသတ်မှတ်ထားတာဖြစ်လို့ 
Coastguard ရဲ့အရေးပါမှုကို
မှန်းဆကြည့်နိုင်ပါတယ်။

■ဘာပဲဖြစ်ဖြစ် 
တပ်မတော်(ရေ)အတွက်တော့
ကမ်းခြေစောင့်တပ်ဖွဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်းဟာ
ဂုဏ်ယူရမဲ့ နေ့တစ်နေ့အဖြစ်
သမိုင်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။

#ဖိုးစီ


Related Posts:

  • ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (6) သစ္စာဖောက် ဆက်ပြီးဖော်ကောင်လုပ်တာကတော့ မြန်မာ့တပ်မတော်မှာနျူကလီးယား တပ်ရင်း တပ်ဖွဲ့တွေလောလောဆယ်  အင်အား ၁၀၀၀ ကျော်ဖွဲ့စည်းပြီး ဖြစ်ကြောင်းပြောပါတယ် ။      သူဟာ 2001 ကနေ 2005 အထိ နျူကလီးယားအင်ဂျင်နီယာ အဆင့်မြင့်သင်တန်းအား ရုရ… Read More
  • ပြုံယမ်းမှနေပြည်တော်၏အနာဂတ်ဆီသို့(၅)         မြေအောက်လှိုဏ်ခေါင်းတွေ အားလုံးကို ဗုံးဒဏ်ခံအောင် တည်ဆောက်ထားတယ် ။ လျှပ်စစ် ရေ လေဝင်လေထွက်  အားလုံးကောင်းမွန်အောင် ပြည့်စုံစွာတည်ဆောက်ထားခဲ့တယ် ။ အဲလို ပရောဂျက်မျိုး ၆၀၀ ကျော်တည်ဆောက်ခဲ့ပါတယ် ။     ကုန်ကျစရိတ်ကတော့ P… Read More
  • ပြုံယမ်း မှ နေပြည်တော် အနာဂါတ်ဆီသို့ (4)       ဦးရွှေမန်းတို့ အဖွဲ့ဟာ ပြုံယမ်းမှာ 2008 ကုန်ပိုင်းကာလ၌ ချုပ်ဆိုခဲ့တဲ့ စစ်ရေးစာချုပ်တွေမှာ ဘယ်အချက်တွေ ပါဝင်နေပါသလဲ ? စိတ်ဝင်စားစရာ ကောင်းတဲ့ ပိုင်းက စလာပါပြီ ။     သာမန် လှိုဏ်ခေါင်းတူးခြင်း ၊ နျူထိပ်ဖူးတပ် ဒုံးများထုတ… Read More
  • ပြုံယမ်းမှသည် နေပြည်တော်၏အနာဂတ်ဆီသို့(၃)        မြန်မာဟာ 1990 ကျော်ကာလများမှာပြုံယမ်းနဲ့ သံအဆက်အသွယ် ဖြတ်ထားလို့တရားဝင် ဆက်သွယ်ဖို့ မလွယ်ပါဘူး ။ ပြဿနာက 10-10-1983  မှာ ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်အားမြောက်ကိုရီးယား မှ လာရောက် ဗုံးဖောက်ခွဲ၍ ဖြစ်ပါတယ် ။      အဲဒီမတိ… Read More
  • ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (၂)      1998 မေလ မှာ " ပင်လယ်ပြင် စိုးမိုးရေး " ဆိုတဲ့ စီမံချက် ပြုလုပ်ပြီး မြန်မာ့ပင်လယ်အတွင်းရှိ ကျွန်းများ အပေါ်မှာ တရားမဝင် လာရောက်နေထိုင်သူများအား ဖယ်ရှားဖို့ ဆောင်ရွက်ပါတယ် ။      မြန်မာ့ရေပိုင်နက် ကော့သောင်းခရိုင် ခရစ်စတ… Read More