သံရုံးတိုင်းသည် သံရေးတမန်ရေး ဖြင့် နိုင်ငံ၏ပထမဦးဆုံးသော ရှေ့တန်း ခံတပ်ဟု တင်စားကြပါသော်လည်း နောက်ကွယ်တွင်ထောက်လှမ်းရေးကိစ္စ ရပ်များကို အဓိကထားဆောင်ရွက်နေ ကြခြင်းအပေါ် လူတိုင်းနီးပါးမျှသိပြီး ဖြစ်၏။ ငွေကြေးသုံးစွဲနိုင်သော သံရုံး များတွင်ဝန်ထမ်းပို၍ များပြားစွာခန့် ထားကြလေ့ရှိကြပြီး ထောက်လှမ်းရေး အလုပ်ကိုပို၍ လုပ်ကိုင်နိုင်ကြသည်။
ဟိုး သက်ဦးဆံပိုင်ခေတ်ကတည်းက မစ်ရှင်များ၊ကုန်သည်များတွင် ထောက် လှမ်းရေးတို့ရောထွေးပါလာတတ်ပြီး မင်းနေပြည်တော်အတွင်းပေါက်ရောက် အောင်ပင် ဝင်ရောက်နိုင်ခဲ့ကြသည်။ ခေတ်သစ်တွင်မှာမူ ြွှုဥ များ၊ ပညာ ရှင်များဟူ၍အမည် အမျိုးမျိုးဖြင့် ဝင် ရောက်လာခဲ့ကြပြီး ဒေသတွင်း တိုင်း ရင်းသားများထဲ စိမ့်ဝင်ကာ ကွန်ရက်ဖွဲ့ စည်းခဲ့ကြ၏။ပို၍အစွမ်းထက်၊ လုပ်ပိုင် ခွင့်ကြီးကြသောEHM – Economic Hit Man (စီးပွားပျက်သူလျှို)များမှာ မျက်နှာဖုံးကောင်း၊သရုပ်ဆောင်ကောင်း ကြ၍ ထောက်လှမ်းရေးအချင်းချင်းပင် သိရန် ခက်ခဲကြပါ၏။
.
#နှစ်ရှည်လများမွေးမြူကြသည်
လူမှုရေးသိက္ခာ၊ နိုင်ငံရေးသိက္ခာ ဘေးဖယ်ထားပြီးကိုယ်ကျိုးစီးပွားအပေါ် သာအခြေခံကြသော အလိုရမ္မက်ကြီး သည့်ပါဝါနိုင်ငံများမှာ အလားအလာ ကောင်းသူများ၊ ဆန့်ကျင်ဘက်အဖွဲ့ အစည်းများကိုမွေးမြူကြသည်။ အစိုးရ အဖွဲ့တွင်းသို့လည်း အဘက်ဘက်မှ စိမ့် ဝင်ကြပြီးမွေးမြူထောက်လှမ်းကြသည်။ စိမ့်ဝင်လာသော ထောက်လှမ်းရေးများ ကို စောင့်ကြည့်ရန် တန်ပြန်ထောက် လှမ်းရေးအဖွဲ့များရှိကြပါသော်လည်း မည်သို့အရေခြုံကောင်းသည်ပေါ်မူတည် ၍ အားလုံးကိုတော့ မဖော်ထုတ်နိုင် ကြချေ။
ထောက်လှမ်းရေးဟုဆိုလျှင်''အလီ ကိုဟင်''ကို မြန်မာတို့ပြေးမြင်ကြမည် ဟုထင်သည်။ အီဂျစ်နိုင်ငံသား ဂျူး လူမျိုး မိဘနှစ်ပါးမှ ၁၉၂၄ ခုနှစ်တွင် မွေးဖွားခဲ့သော အလီကိုဟင်သည် အစ္စ ရေးလ်အတွက်သမိုင်းတွင်ရလဒ်ကောင်း တစ်ခုကို ဆောင်ကြဉ်းပေးနိုင်သည့် ထိပ်တန်းသူလျှိုတစ်ဦး ဖြစ်ခဲ့သည်။ ၁၉၇၄တွင် အလက်ဇနြ္ဒားတက္ကသိုလ်၌ အီလက်ထရွန်နစ်အင်ဂျင်နီယာဘာသာ သင်ယူတတ်မြောက်ခဲ့ပြီး အစ္စရေးလ် နိုင်ငံဟုပေါ်ပေါက်လာသောအချိန်တွင် အစ္စရေးလ်သို့ပြောင်းရွှေ့သွားခဲ့သည်။
၁၉၅၁တွင် အီဂျစ်၌ ဗိုလ်ချုပ်ကြီး အန်နဝါဆာဒတ် စစ်အာဏာသိမ်းချိန်၌ ဂျူးလူမျိုး အမြောက်အမြားကိုဖမ်းဆီးခဲ့ ရာ အလီကိုဟင်လည်း ပါဝင်ခဲ့သည်။ ထို့နောက် အစ္စရေးလ်တပ်မတော် စစ် ထောက်လှမ်းရေးဌာန မဟာဗျူဟာ လေ့လာသုံးသပ်ရေးတွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး နာမည်ကျော်အစ္စရေးလ် ထောက်လှမ်းရေး မော့ဆက်သို့ဝင် ရောက်ခဲ့သည်။
အလီကိုဟင်ကိုအာဂျင်တီးနားဖွား ဆီးရီးယားလူမျိုးစီးပွားရေးသမားတစ်ဦး အဖြစ်အသွင်ပြောင်းပုံဖော်ခဲ့သည်။ ၁၉၆၂ တွင် ဆီးရီးယားသို့ ပြည်တော်ပြန်လာ သောလုပ်ငန်းရှင်သူဌေး ကာမေးလ် အာမင်အဖြစ် ဘဝပြောင်းသရုပ်ဆောင် လိုက်သည်။ဆီးရီးယားလူကုံထံအသိုင်း အဝိုင်းသို့ ထိုးဖောက်သွားခဲ့ပြီး ထိုမှ တစ်ဆင့် ဆီးရီးယားအစိုးရအတွင်း ထပ်မံထိုးဖောက်သွားနိုင်ခဲ့သည်။ အလီ ကိုဟင် သို့မဟုတ် ကာမေးလ်အာမင် သည်အစိုးရနှင့် စစ်ဘက်အကြီးအကဲ များ၏ ယုံကြည်အားထားရသူတစ်ဦး အဖြစ် ရောက်ရှိလာခဲ့ပြန်သည်။
အစ္စရေးလ်ကိုခြိမ်းခြောက်စိုးမိုးထား သော ဂိုလန်ကုန်းမြင့်ပေါ်မှ စစ်စခန်း များ၏နေရာနှင့်လက်နက်ကြီးများချထား ရာကိုလေ့လာခွင့်ရသည်အထိအလီကို ဟင်အပေါ်ဆီးရီးယားဘက်ကယုံကြည် ခဲ့ကြသည်။ အလီကိုဟင်နှင့်ရင်းနှီးသော အယ်လ်ဟာဖစ် ဆီးရီးယားဝန်ကြီးချုပ် ဖြစ်လာချိန်တွင် အလီကိုဟင်အား ကာ ကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် လျာ ထားသည်အထိ ယုံကြည်မှုရခဲ့၏။ သို့ သော်လည်းအလီကိုဟင်ကိုစောင့်ကြည့် နေသော ဆီးရီးယားထောက်လှမ်းရေး အကြီးအကဲဗိုလ်မှူးကြီး အာမက်ဆူဒါနီ ၏ကန့်ကွက်မှုဖြင့်ကာကွယ်ရေးဝန်ကြီး တော့ ဖြစ်မလာခဲ့ချေ။
အလီကိုဟင်၏သတင်းပေးမှုကြောင့် အစ္စရေးလ်တို့ အလွယ်တကူ စစ်နိုင် လိုက်၏။ အလီကိုဟင်လည်းပို၍စောင့် ကြည့်ခံရတော့သည်။ အလွန်အား ကောင်းသောအသံလှိုင်းအာရုံခံကိရိယာ များကိုဆိုဗီယက်ယူနီယံမှပေးပို့ထောက် လှမ်းခဲ့ရသည်။ နောက်ဆုံးအလီကိုဟင် မငြင်းနိုင်တော့။ ၁၉၆၅ တွင် အလီကို ဟင်ကြိုးပေးခံလိုက်ရသည်။ အလီကို ဟင် လွတ်မြောက်ရေးအတွက် မော့ ဆက်မှနည်းလမ်း အမျိုးမျိုးဖြင့် ကြိုး စားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ ချေ။ သူ့ဇနီးကိုယ်တိုင် အလီကိုဟင် သည် မော့ဆက်ဖြစ်နေကြောင်း ကြိုး ပေးခံရတော့မှသိရသည်အထိ လျှို့ဝှက် သွားပါ၏။
#ဆဒမ်ကိုသူလျှိုတို့ဝိုင်းထားသည်
အီရတ်၏အာဏာရှင်ကြီးဆဒမ်ဟူစိန် ကိုစီအိုင်အေသူလျှိုတို့ဝိုင်းထားသည်ကို မည်သူမျှမရိပ်မိကြ၊ အထူးသက်တော် စောင့်များခြံရံ၍ တစ်နေ့တစ်နေရာ ပြောင်းအိပ်နေသော ဆဒမ်ကို အတော် သိမ်မွေ့စွာ ဖြုတ်ချခဲ့ရသည်။ ယူဖရေး တီး၊ တိုင်းဂရစ်မြစ်များကို အမေရိကန် တပ်များ ကျော်ဖြတ်လာပါက အရိုး တောင်လိုပုံသွားစေရမည်ဟု နေ့စဉ်နှင့် အမျြှေ<ွကးကြော်နေသော ပြန်ကြားရေး ဝန်ကြီးတဲရစ်အဇစ်သည် အမေရိကန် တပ်များမြစ်ကြီးကို ဖြတ်ကျော်ချိန်တွင် ပျောက်ချင်းမလှပျောက်ကွယ်သွား၏။
အီရတ်စစ်ဦးစီးချုပ်ကလည်း တိုက် လေယာဉ်များမပျံသန်းရန် အမိန့်ပေး လိုက်ပြီး ရုတ်တရက်ပျောက်ကွယ်သွား ခဲ့ပြန်သည်။ အီရတ်သည် စစ်ပွဲကြီး မဖြစ်လိုက်ရဘဲ အမေရိကန်တပ်များကို အရှုံးပေးလိုက်ရသဖြင့်ဆဒမ်လည်းထွက် ပြေးရတော့သည်။ ဆဒမ်၏အနီးကပ် ဝန်ကြီးတချို့၊ စစ်ဘက်အကြီးအကဲ တချို့မှာ ဃှုဗ မှ သိမ်းသွင်းခံထားကြရ သူများဖြစ်နေပြီးနောက်ဆုံးတွင်အားလုံး ကိုယ်ယောင်ဖျောက်သွားခဲ့ကြသည်။
#ပနားမားက နိုရေးဂါး
ပနားမားခေါင်းဆောင်နိုရေးဂါးသည် မူလကစီအိုင်အေသတင်းပေးမျှသာဖြစ် သည်။ တဖြည်းဖြည်းအစိုးရနှင့်နီးစပ် လာပြီး အစိုးရအဖွဲ့ထဲရောက်လာသည်။ နောက်ဆုံးတွင် ပနားမား၏ အထွတ် အထိပ်ခေါင်းဆောင်တစ်ဦးအထိရောက် ရှိသွားခဲ့၏။ ပနားမားခေါင်းဆောင် အဖြစ်ရောက်သွားသောအခါ ဃှုဗကြိုး ဆွဲသလောက် မကနိုင်တော့သဖြင့် နောက်ဆုံးအမေရိကန်စစ်ဘက် ရဟတ် ယာဉ်များက စစ်ဆင်ရေးတစ်ခုဖြင့် ဝင် ရောက်ဖမ်းဆီးသွားခြင်းကို ခံလိုက်ရ သည်။
#မြန်မာ့နိုင်ငံရေးနှင့် သူလျှိုတို့အားပြိုင်ပွဲ
သမ္မတကြီးဦးသိန်းစိန်၏ အကြံပေး တာဝန်ထမ်းဆောင်ချိန်တွင် လက်ကိုင် ဖုန်းကိုရဲရဲမသုံးရဲချေ။ အများသိဖုန်း နံပါတ်ကို သာမန်ပြောဆိုမှုများတွင်သာ အသုံးပြုရ၏။နေပြည်တော်တစ်ခုသော နေရာတွင် လွန်စွာအားကောင်းသော အသံဖမ်းစက်ကြီးရှိနေသည်ကို လူ တော်တော်များများသိကြသည်။ ထိုစဉ် က အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ပိုင်ဆိုင်သည့် စက်ကြီးဖြစ်သည်။
အားလုံးကိုမဆိုလိုသော်လည်းပြည်ပ အထောက်အပံ့ INGO အများစုမှာ တောရွာ ဇနပုဒ်အထိကွန်ရက်ဖြန့်စည်း ရုံးထားပြီးဖြစ်သည်။၂ဝ၁၅ရွေးကောက် ပွဲအဖြေသည် ပြည်သူတို့၏ ဆန္ဒအမှန် တစ်ဝက်မျှပါသလို INGO များ၏ စည်းရုံးထားမှုကြောင့်လည်း တစ်ဝက် မကပါဝင်နေသည်ကို သုတေသနပြု သောအခါ ထင်ထင်ရှားရှားတွေ့လာရ သည်။ ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ် ထွက်ပြီး ဆိုးရော့စ်၏စကားအရ ပုံဖော် သလို အောင်မြင်သွား၍ သူ့ရည်ရွယ် ချက်ပြည့်ပါပြီဟူသည့်စကားကလည်း သက်သေခံထားခဲ့ပါပြီ။ တွင်(၂၈-၅-ဝ၈) ကရေးထားသောဆောင်းပါးတစ်စောင် အရ ကိုယ့်နိုင်ငံကို အတော်စိုးရိမ်လိုက် မိသည်။ ဟူ၍၊ ရှေ့ကမြန်မာနာမည် ဖြစ် သည်။
ဖြစ်ရမည်ဟု မဆိုလိုသော်လည်း မဖြစ်နိုင်ဘူးဟုလည်း မည်သူကမျှ အာမမခံ၊ ဖြစ်ပျက်စဉ်များအရ လည်း ကောင်း၊အပံ့အပိုးများအရလည်းကောင်း တွေးထင်ယူဆနိုင်ပြီးစိုးရိမ်စရာကောင်း သောအခြေအနေဖြစ်နေသည်ကတော့ အမှန်ပင်။ သက်ဆိုင်ရာတာဝန်ရှိသူများ ကတော့ ပို၍သိကြပါလိမ့်မည်။ မသိ စရာမရှိ၊ ထောက်လှမ်းရေး သတင်း ဖလှယ်နိုင်သည့်ခေတ်ဖြစ်နေသည်ကိုး။
စာရေးသူက လုပ်ငန်းရှင်လည်း တစ်ဖြစ်လဲ၊Think Tank အချို့တွင် လည်းပါဝင်ထားသူဖြစ်လေသောအခါ သာမန်ထက်တော့ ကွန်ရက်ပိုကျယ်ပြန့် ပြီး အချို့အရာများကိုသိခွင့်ရနေ၏။ အတော်နှံ့စပ်သော နိုင်ငံခြားသားတစ် ဦးက. . .
''မင်းတို့နိုင်ငံမှာ နိုင်ငံတကာက ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေ ပြီ သတိထား''
ဘယ်နိုင်ငံက ဘယ်နှဦးစသည်ဖြင့် ပင် ခန့်မှန်းအရေအတွက် ပြောပြခဲ့ လိုက်ပါသေးသည်။ ထို့ကြောင့်လည်း စာရေးသူဆောင်းပါးတချို့တွင် ''လမ်း ထွက်ရင် သူလျှိုတွေကို ခလုတ်တောင် တိုက်မိတဲ့အထိ များနေပြီ''ဟု သတိ ပေး ရေးလေ့ရှိခဲ့ရပါ၏။
ယခင်ထောက်လှမ်းရေးဟောင်းတစ် ဦးဟုယူဆရသော သူတစ်ဦးရေးသား မှုကို ဖတ်လိုက်ရပါ၏။ မိမိနှင့်သိကျွမ်း ဖူးသောလုပ်ငန်းရှင်တစ်ဦးမှာ ဃှုဗ ဖြစ် မှန်းသူရေးမှ သိရတော့သည်။ ဖော်ရွေ ၍ကတိလွယ်လွယ်ပေးတတ်ပြီး မကြာ ခဏအတက်အကျများသော လုပ်ငန်း ရှင်ဖြစ်သည်။ စာရေးသူထက် ၁၅ နှစ် ခန့်ကြီးမည်ဟု ထင်သည်။ ယခုတော့ ဆင်းရဲစွာဆုံးပါးသွားရှာခဲ့ပါပြီ။ထောက် ပြလိုသည်က ထောက်လှမ်းရေး၊သူလျှို တို့သည် နဖူးတွင်''သူလျှို''ပါစာတန်း ပေါ်နေကြသူများ မဟုတ်ပါ။ သတိ ထားလျှင်ပင် တော်ရုံမကျနိုင်ကြပါ။
#တပ်မတော်ထောက်လှမ်းရေး အား ကောင်းသင့်
၂ဝ၁၆ အမေရိကန်သမ္မတရွေး ကောက်ပွဲတွင် ရုရှားမှFSB တစ်နည်း နည်းဖြင့်ပါဝင်ပတ်သက်မည်ဖြစ်သလို စစ်အေးလွန် ဆိုဗီယက်ယူနီယံကြီး ကျ ဆုံးခဲ့သည်မှာလည်း ထိုစဉ်ကKGB ထက် CIA က လက်ရည် သာခဲ့သော ကြောင့်ဟုဆိုလျှင် မမှားနိုင်ချေ။
တရုတ်စီးပွားတက်လာပြီး အမေရိ ကန်၏နေရာကိုယူရန် ခြိမ်းခြောက်ထား သော အခြေအနေဖြစ်သည်။ တရုတ် ထိန်းချုပ်ရေး၊ တရုတ်ထွက်ပေါက်ပိတ် ရေးတွင်မြန်မာသည်အရေးပါသောနယ် မြေတစ်ခုဖြစ်လာသည်။ ယခင်အစိုးရ အတွင်းပြည်ပမှ ထောက်လှမ်းရေးများ စိမ့်ဝင်နေနိုင်သလို ယခုအစိုးရအဖွဲ့ အတွင်းမှာလည်း ပြည်ပသြဇာခံ မပါ ဝင်ပါဟု ဘယ်နတ်သိကြားမှအာမခံ ကြလိမ့်မည်မဟုတ်။
ယုတ်စွအဆုံးတောင့်တင်းခိုင်မာပါ သည်ဟုဆိုသော တပ်မတော်ထဲမှာပင် အချို့ကိုစည်းရုံးရေးဆင်းထား၊ စည်းရုံး ခံထားပြီး ဖြစ်နိုင်သည်။
နိုင်ငံနှင့်လူမျိုးကိုကာကွယ်စောင့် ရှောက်ရန် တပ်မတော်မှာ တာဝန်ရှိပါ သည်။ လျှို့ဝှက်မှုများကို ဖော်ထုတ်နိုင် ရန် တပ်မတော်ထောက်လှမ်းရေးတွင် တာဝန်ရှိပါသည်။ထို့ကြောင့် တပ်မတော် ထောက်လှမ်းရေး အင်အားကောင်းရန်၊ စွမ်းရည်ထက်မြက်ရန် သာမန်အချိန်မျိုး ထက် ပိုမိုလိုအပ်နေပြီး စွမ်းရည်ဖြည့် စွမ်းနိုင်မှသာ မြန်မာ့အနာဂတ် စိတ် အေးရမည်ဟု ထောက်ပြလိုပါ၏။
နေဇင်လတ်(13.4.21)
💚 Nayzinlatt We Love Admin Team မှ ပြန်လည်တင်ပြပါသည်💚