Saturday, October 23, 2021

စုက္ကတေးမင်းဆီကနေ အနော်ရထာ က အာဏာသိမ်းပြီးတော့ နန်းတက် တယ်။


ညီကိုချင်းတိုက်ခိုက်ပြီးအာဏာယူ
တာမတရားမှုလို့ယူဆမလား...? 
ရပါတယ်...

ဒါပေမယ့် ဖောက်ပြန်ခဲ့တာက စုက္က
တေးပဲလေ...

အနော်ရထာနန်းတက်တော့
အနော်ရထာကို ခေါင်းကိုက်စေတာ
က အရည်းကြီးဆိုတဲ့ရှင်ယောင်တွေပဲ

အရည်းကြီးတွေမှားနေတာ 
အနော်ရထာသိတယ်...

ဒါပေမယ့် အရည်းကြီးတွေဆိုတာ ပု
ဂံပြည်သူတွေရဲ့ ရင်ထဲနှလုံးသားထဲ
စွဲနေတာ၊ပြည်သူတွေမှာအရည်းကြီး 
ထောက်ခံသူက ပိုများနေတယ်....

ဒီမိုကရေစီစကားနဲ့ပြောရရင်
အရည်းကြီးတွေက Majority
အနော်ရထာနဲ့ရှင်အရဟံက 
Minority ပေါ့...

ဆိုတော့က အနော်ရထာအနေနဲ့ 
အရည်းကြီးတွေကို ချက်ချင်း
နှိပ်ကွပ်လို့မရ ဘူးဆိုတာ သဘော
ပေါက်တယ်...

ဒါ့ကြောင့် ကြိုးရှည်ရှည်နဲ့ လှန်
ထားခဲ့တယ်...

ဒီအခိုက်တန့်မှာတော့ အရည်ကြီး
တွေရဲ့ လှည့်စားမှု ဒဏ်ကို ပုဂံပြည်
သူတွေ ခံနေကြရစမြဲပဲပေါ့...

အရည်းကြီးတွေကို နှိပ်ကွပ်မယ့်
အစား အရည်းကြီးသာသနာ အစား
ထိုးဖို့ ဗုဒ္ဓသာသနာထွန်းကားအောင်
လုပ်တယ်...

ပြည်ပနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံ
ရေးတိုးချဲ့တယ်၊တိုင်းပြည်စီးပွားရေး
တောင့်တင်းအောင်လုပ်တယ်။

ပုဂံစစ်တပ်အင်အားကို ခရိုင် မြို့ ရပ်
ကျေး အချိုးကျနဲ့ အင်အားဖြည့်တယ်။

ထူးဆန်းတယ် အနော်ရထာရဲ့
စစ်တပ်မှာ အောက်ခြေပြည်သူတွေ
ပါထည့်ထားတယ်။

ပြည်သူ့စစ်ကို စနစ်တကျဖွဲ့တယ်ဆို
ပါတော့ အဓိက အဲ့ဒါပဲလိုနေတာ အဲ့
ဒါပဲ။

အဲ့အချိန်မှာ တဖြည်းဖြည်း ဘောင်
ကျဥ်းလာတဲ့ အရည်းကြီးတွေက 
အကြမ်းဖက်လာတယ်၊လိမ်ညာလာ
တယ်၊အဲ့ဒီချိန်ကြမှ အနော်ရထာက 
အရည်းကြီးရှင်ယောင်တွေကို အ
ပြတ်ရှင်းတာ...

ဆိုတော့က
တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူဟာ
တိုင်ပြည်ရဲ့ အနာဂတ်ကိုလှမ်းရကြည့်
တယ်၊နိုင်ငံရေးသမားက လာမည့် 
ရွေးကောက်ပွဲကိုပဲ ကြည့်တယ်။
ခေါင်းဆောင်က တိုင်းပြည်ရဲ့
အနာဂတ်ကို ကြည့်တယ် ဆိုတဲ့ 
ယနေ့ခေတ် စကားလိုပေါ့။

ပစ္စုပ္ပန်မှာတော့ အမုန်းခံရမယ် 
အနစ်နာခံရမယ်...

ဒါကြောင့် သထုံဘုရင်မနူအာက 
ပုဂံပြည့်ရှင်အနော်ရထာကို မုန်းခဲ့
တာပေါ့...

အကောင်ထည်ဖော်နေစဥ်မှာတော့ 
အနော်ရထာဟာ ဗီလိန်ပေါ့.....

လက်ရှိအချိန်မှာတော့ အနော်ရထာ
ဟာဗုဒ္ဓဘာသာမြန်မာတို့ရဲ့ ကျေးဇူး 
အရှင်သခင် ဖြစ်လာခဲ့တာမဟုတ်
လား....

တချို့ခေါင်းဆောင်တွေက ပြည့်သူ့ 
အကြိုက်ဆိုတာထက်လုပ်သင့်တာပဲ
လုပ်ကြတယ်။

သို့သော် ! ဒီအချင်းရာကို အားမရ
တာ မကျေနပ်တာဖြစ်မိတဲ့ ပြည်သူ
လည်းမမှားပါဘူး....။

#Thazin_oo


Related Posts:

  • အပျိုကြီး တွေ ဖြစ်နေပြီ          နေ့လယ်စာ မစားရသေးဖူး ကိုစိုးက အဖော်လာခေါ်လို့ ခင်ဗျား ကျွေးရမှာနော် လို့ ပြောတော့ အဝစားကွာ ။ ဒါနဲ့ လက်ဖက်ရည်သွားပြီး မြေအိုးမြည်းရှည် တပွဲ မှာပြီး အားပါးတရ စားနေမိတယ် ။ ပူပူလောင်လောင် ဆိုတော… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (27)          ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို ဒေါ်စုကြည်က လိုက်ပြီး လုပ်ရတာ မဟုတ်ဖူး ၊ ဒေါ်စုကြည် ခိုင်းနေသလို ကိုဖီအာနန်က လုပ်နေရတာ ပါ တဲ့ ။        အလွန်ကြောက်စရာကောင်းတဲ့ စကားလုံးကြ… Read More
  • နဲ့NLDနောက်ကွယ်က နယ်ချဲ့တွေရှင်းရှင်းပြောမယ် ငါတို့NLDနဲ့ဒေါ်စုကြည်ကို မကြိုက်တာမဟုတ် ဒေါ်စုကြည်နဲ့NLDနောက်ကွယ်က နယ်ချဲ့တွေကို မကြိုက်တာ...!!လွှတ်တော်75%အပြည့်ဝရမှ ခြေဥပြင်နိုင်မယ်ခြေဥဘာကြောင့်ပြင်ချင်တာလည်းအဖြေကရှင်းရှင်းလေးပါကွာ မင်းသိပါတယ်… Read More
  • အထင် နဲ့ အမြင်        တခါတုန်းက ရွာတရွာမှာ အလွန်ချစ်ခင်ကြတဲ့ ငယ်သူချင်း အဖိုးကြီး ၃ ယောက်ရှိတယ် ။ တယောက်က အသက် ၅၀ လောက်မှာ မျက်စိကွယ်သွားရှာတယ် ။      ဒီတော့ သူ့ဆီကို ကျန် နှစ်ယောက်က လာ လာ ပြီး စကားစ… Read More
  • အီရတ်နိုင်ငံပြည်သူတွေရဲ့နောင်တတကယ်တော့ ဆာဒမ်ဟူစိန်ကျဆုံးသွားတာ မဟုတ်ပါဘူးရှင်...ကျမတို့အီရတ်တို့ရဲ့အမျိုး ဘာသာ သာသနာကျဆုံးသွားတာပါရှင်.... အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် LA မှာတနင်္ဂနွေ နေ့တိုင်းလစ်လပ်နေတဲ့ ကွက်လပ်တွေမှာ လာရောင်းတဲ့ က… Read More