#ဤကမ္ဘာတွင်အမှားကင်းသူဟူ၍မရှိ။
#သို့အတွက်ကြောင့်တစ်သက်လုံးမှားနေရမည်ဟုလည်း
မဆိုလို။
#မှားတယ်ဆိုတာမဆန်းသော်လည်း မှားပြီးရင်းမှားနေ
ရန်မသင့်ပေ။ အမှားနည်းသူဖြစ်အောင်!--နောင်မမှား
အောင် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင် ကြရမည်။
#ထို့အတွက်လူတိုင်းသည်မိမိကိုယ်မိမိ ပြန်လည်စမ်းစစ်
တတ်ခြင်းအလေ့အထကို မွေးမြူရန်လိုအပ်သည်။
#ငါလုပ်သမျှအမြဲမှန်သည်ဟု တရားသေမှတ်ယူခြင်းက
ကိုယ့်အညွှန့်ကိုယ်ချိုးခြင်းဖြစ်သည်။
#နိုင်ငံရေးသမားများအတွက်မူ ထိုတရားသေအစွဲက
၎င်းတစ်ဦးတည်း ဒုက္ခရောက်ခြင်းတွင် ရပ်မနေဘဲ
တစ်တိုင်းပြည်လုံး ငါးပါးမှောက်နိူင်ကြောင်း ယနေ့မြင်
ကွင်းများက အခိုင်အမာ သက်သေခံနေပြီ။
#စိတ်စေတနာအားဖြင့် ကောင်းစေလိုသည် မှန်သော်
လည်း မိမိလုပ်ဆောင်ချက်သည် မူရင်းစေတနာနှင့်ဆန့်
ကျင်ဘက် အကျိုးဖြစ်ပေါ်နေပါက ချက်ချင်းရပ်တန့်
ရန်လိုပေသည်။
#မကြာသေးမီကာလများက အောင်မြင်နေသော
နိုင်ငံရေးသမားတို့၏ တိုင်းပြည်တည်ငြိမ်အေးချမ်း ဖွံ့
ဖြိုးတိုးတက်ရေး စေတနာဖြင့်ဆောင်ရွက်မှုများသည်
လက်တွေ့အကျိုးဖြစ်ထွန်းမှု မည်သို့ရှိသည်ကို သတိ
ပြုကြရန်ဖြစ်ပါသည်။
#ဒီမိုကရေစီလူ့အခွင့်အရေး အော်၍ အကြမ်းဖက်သတ်
ဖြတ်ဖျက်ဆီးမှုလုပ်ရပ်များလုပ်ဆောင်ခြင်းသည် ကြီး
မားသော လွဲချော်မှုဖြစ်သည်။ထိုသည်များကို------
#အထူးသဖြင့်မီးလောင်ရာလေပင့် လုပ်နေကြသော
တွေးမြင်သုံးသပ်နိုင်စွမ်းရှိသည့် ခေတ်ပညာတတ်လူ
တန်းစားများက ပြန်လည်စမ်းစစ်သုံးသပ်ကြရန်လိုပါ
သည်။
#ကြွက်မနိုင်ကျီမီးရှို့သော အလုပ်သည် လူဖျင်းလူညံ့
တို့၏ အလုပ်ဖြစ်သည်။ နိုင်ငံရေးတွင်မူ သူယုတ်သူ
ကောက်များသာလုပ်ကြလေသည်။
#ကြံရာပါမဖြစ်အောင် အသိဝင်စေချင်ပါ၏။
အလင်းပြတိုက်
🇲🇲(13-10-2021)(23:04)hr🇲🇲
💛💚🧡💙💜💛💚🧡💙💜💛💚🧡💙💜
(၉)--ဆက်ရန်